Friday 17 August 2012

ပုဇွန်တန်ပူရာကြော်


ပုဇွန်ကြော်
မာမာဒီနေ့တော့ပုဇွန်ကို ထောပါတန်ပူရာမှုန့်လေးလူးပြီး ကြော်ထားပါတယ် ခနခနတော့ကြော်စားဖြစ်ပါတယ် ဒီနေ့ကြော်တဲ့ပုဇွန်က ပုဇွန်ကျားလေးတွေမို့ သိပ်ပြီးမညှီပါဘူး ရိုးရိုးရေငံပုဇွန်ထုပ်ဆိုရင် အနံ့ရလို့ မာမာ့ကလေးတွေ သိပ်မစားကြပါဘူး။

ကြော်တဲ့အခါမှာလဲ ပုဇွန်ခေါင်းတွေဖြုတ်ပြီး ရေသေသေချာချာ ပြန်ဆေးပြီးကြော်မှ သူတို့ကြိုက်ကြပါတယ် အခုပုဇွန်ကတော့ စားလို့လဲပိုပြီးချိုပါတယ် တန်ပူရာမှုန့်မရှိလဲ တစ်ခြားအကြော်မှုန့်တွေနဲ့ ကြော်လို့ရတဲ့ အကြော်လေးပါ ကြွတ်ကြွတ်ရွရွ မွမွမွှေးမွှေးလေးမို့ အအေးလေးနဲ့ဘဲသောက်သောက် ထမင်းလေးနဲ့ဘဲစားစား ကော်ဖီလေးနဲ့လဲဘဲအဆင်ပြေတဲ့ အကြော်လေးမို့ ကြော်စားနိုင်ဖို့ ကြော်နည်းလေး မျှဝေချင်ပါတယ်။

လေးယောက်စာအတွက်ပါ
ပါဝင်ရမှာလေးတွေက
  • ပုဇွန်ထုပ် - ၁၅ကောင်
  • တန်ပူရာမှုန့် - ထမင်းစားဇွန်းခပ်မောက်မောက် ၅ဇွန်း
  • ရေ - ထမင်းစားဇွန်း ဆယ်ဇွန်း
ပုဇွန်အရသာနယ်ရန်
  1. ဆား - လက်ဖက်ရည်ဇွန်းဧ။် သုံးပုံတပုံ
  2. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
ပုဇွန်ကျားထုပ်လေးများကိုရေစင်အောင်ဆေးပေးပါ

အမြှီးချန်ထားပြီးအခွံခွာခေါင်းဖြုတ်ပေးကာ ကြောခွဲပြီးအမဲကြောင်းလေး
ထုတ်ပေးပါ

ပုဇွန်အရသာနယ်နှင့်တန်ပူရာမှုန့်ရေဖျော်

မုန့်နှစ်ရေဖျော်ထဲတွင်နှစ်ပြီးတစ်ကောင်ချင်းယူပြီးကြော်ပေးပါ

တစ်ဖက်ကျက်လျှင်တစ်ဖက်ကိုလှန်ပေးပါ
နှစ်ဖက်လုံးရွှေဝါရောင်သန်းပြီးကျက်သွားလျှင်ဆယ်ပြီးဆီစစ်ပေးပါ
နှစ်သက်ရာ အချဉ်နဲ့တွဲစားဖို့ တန်ပူရာမှုန့်ပုဇွန်ကြော်
 ကြွတ်ကြွတ်မွှေးမွှေးလေးရပါပြီ

4 comments:

  1. အစ်မ နေ့တိုင်း ဝီရိယ ကောင်းကောင်းနဲ့ ဟင်းအမျိုးမျိုး ချက်တာကို အားကျ မိပါတယ်..။ ဒါကြောင့် အမြဲလာပြီး အားပေးနေရတာ..။

    ReplyDelete
    Replies
    1. အလုပ်သွားမဲ့သူအတွက်ထမင်းဗူးလေးရှိတယ် Moe Myanmar ရေ
      အချိန်မှီလေးထချက်ရတယ်ပေါ့နော် :)

      Delete
  2. ပုဇွန်ကြော်ကြွတ်ကြွတ်လေးပါဆယ်ပါယူသွားတယ် လောဘကြီးတာလေ သီတာ

    ReplyDelete
    Replies
    1. ယူသွားပါ သီတာရေ

      Delete