ကင်းမွန်သီးရွက်စုံအစိမ်းကြော် |
မြန်မာပြည်မှာတော့ အရမ်းဈေးချိုပြီး စားရတာ တန်လွန်းတဲ့ ကင်းမွန်လေးတွေပါ ဒီမှာတော့ တစ်ကီလိုကို $9.45 လောက်ပေးရပါတယ်။
ဈေးများပြီး မတန်ဘူးလို့ထင်လို့ မစားဖြစ်တာရယ် မာမာတို့အိမ်မှာ နှစ်ယောက်လောက်ဘဲ စားတာမို့လို့ မချက်ဖြစ်တာလဲပါ ပါတယ် မြန်မာပြည်မှာဆိုရင်တော့ သူ့ဈေးနဲ့သူ ချိုပြီးသားမို့ သူငယ်ချင်းများတဲ့ မာမာက သူငယ်ချင်းတွေနဲ့အတူ တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် ချက်စားဖြစ်ပါတယ်။
အဲဒီကင်းမွန်လေးတွေကို အစာလေးသွပ်လိုက် အစပ်လေးချက်လိုက် အကင်လေးလုပ်လိုက် အချိုလေးကြော်လိုက်ပေါ့နော် ဒီနေ့တော့ မာမာက ခရုဆီလေးထဲ့ပြီး အချိုလေးကြော်ထားပါတယ်။
လေးယောက်ညမနက်စာ
ပါဝင်ပစ္စည်းများ
- ကင်းမွန် - သုံးဆယ့်ငါးကျပ်သား
- ကြိုက်နှစ်သက်ရာသီးရွက်စုံ - မိမိနှစ်သက်သလောက် သုံးပါ
- ကြက်သွန်နီ - တစ်ခြမ်း
- ဆီ - ထမ်းစားဇွန်း လေးဇွန်း
- ကြက်ဥ - တစ်လုံး
- ခရုဆီ - ထမင်းစားဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကင်းမွန် |
သီးရွက်စုံ |
ခရုဆီ ကြက်သားမှုန့် ငံပြာရည် ကြက်ဥမွှေ |
ဆီပူပူထဲမှာကင်းမွန်ကိုအရင်နှစ်မိနစ်လာက်ကြော်ပါတယ် ပြီးမှကြက်သွန်နီကိုမိနစ်ဝက်လောက်ထဲ့ကြော်ပေးပါတယ် |
ကြက်သွန်နီအနည်းငယ်နွမ်းလောက်ပါကဘရိုကိုလီနှင့် ပန်းဂေါ်ဖီကိုမိနစ်ဝက်လောက်ကြော်ပေးပါတယ် |
အရင်ကြော်ပြီးသားများကိုဘေးသို့တွန်းပေးပြီးကြက်ဥမွှေကိုအလယ် သို့လာင်းထဲ့ပေးပါတယ် ကြက်ဥသားမာလာမှရောမွှေပေးပါတယ် |
မိနစ်ဝက်လောက်ကြော်ပြီးပါကပြီးမုံလာဥနီ ငံပြာရည် ဟင်းချိုမှုန့်နှင့် ခရုဆီကိုထဲ့ကာတစ်မိနစ်လောက်ကြော်ပေးပါတယ် |
နောက်ဆုံးမှရွှေပဲသီးနှင့်ကြက်သွန်မိတ်ကိုထဲ့ကာမိနစ်ဝက်လောက် ကြော်ပေးပြီးအပေါ့အငံမြည်းပြီးမီးပိတ်ပေးပါတယ် |
ကင်းမွန်အစိမ်းကြော်လေးရပါပြီ |
အရသာရှိစွာသုံးဆောင်နိုင်ဖို့ကင်းမွန်သီးရွက်စုံ အစိမ်းကြော်လေးရပါပြီ |
ကင်းမွန်သီးရွက်စုံ အစိမ်းကြောင် ဟင်းတစ်ခွက်ရသွားပြီ မာမာရေ ကျေးဇူးနော်။
ReplyDeleteနေ့လည်စာအတွက် ငှက်ပျောပေါင်းချိုချိုမွှေးမွှေးလေး အားပေးသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အားပေးသွားတဲ့အတွက်ကျေးဇူးပါ တီတင့်ရေ
Deleteလေးစားခင်မင်လျှက်
မာမာ
ကင်းမွန်သီးရွက်စုံအစိမ်းကြော်အားပေးသွားတယ်မမမာရေသီတာလည်းနောက်နေ့ကြော်အုန်းမယ်ဘာချက်ရမလဲလို့မမမာblogဆီကအကြံတွေရလို့လည်းကျေးဇူးအများကြီးတင်တယ် သီတာ
ReplyDeleteသီတာရေ
Deleteမာမာ့ဆီကအကြံလေးတွေရလို့
အဆင်ပြေနေတယ်ကြားရလို့
မာမာအရမ်းကိုဝမ်းသာနေမိပါတယ်
လာလည်တဲ့အတွက်လေဲကျးဇူးလဲတင်ပါတယ်နော်
မာမာ့ဆီကအကြံလေးတွေရလို့အဆင်ပြေနေတယ်ဆိုရင်
ReplyDeleteမာမာအရမ်းဝမ်းသာပါတယ်သီတာရေ။
စားသွားပြီ မမမာရေ
ReplyDeleteစားနော် စု
Deleteကင်းမွန် ကြိုက်မှကြိုက်... ရှလွတ် ရှလွတ်
ReplyDelete