မာမာ ဒီနေ့တော့ သားသတ်လွတ် ပဲလေးပြုပ်ပြီး သုပ်ထားပါတယ် ပဲနှစ်သက်သူတွေအတွက် အဆင်ပြေတဲ့ ဟင်းသုပ်လေးပါ ဒါကြောင့်မို့လို့ ဝါတွင်းကာလ သတ်သတ်လွတ် စားရင်လဲ အဆင်ပြေတဲ့အတွက် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ (လေးယောက်စာ)
- ပဲနီပြား - တစ်ထုတ်
- ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက် (အသုပ်ထဲထည့်ရန်)
- ဆားအကြမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သွန်ဆေးရန်)
- နှမ်းလှော် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- နံနံပင် - မိမိနှစ်သက်သလောက်
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပဲဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
- ပဲကို ရေမြုပ်အောင် ထည့်ပေးပြီး တစ်ညသိပ် စိမ်ထားပါ
- ရေစိမ်ထားတဲ့ ပဲများကို အိုးထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
- ပဲများမနူးသေးပါက ရေထပ်ထပ်ထည့်ပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
- ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
- လှီးထားသော ကြက်သွန်နီကို ဆားအကြမ်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ခပ်နာနာလေး နယ်ပေးပါ
- ကြက်သွန်များ နွမ်းလာတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို အပင်လိုက် ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
- နှမ်းလှော် ကြက်သွန်နီ နံနံပင် ဆီ ငရုတ်သီးစိမ်း ဆားအနုနှင့် အရသာမှုန့်ကိုတို့ကို ပြင်ထားပါ
- ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ သတ်သတ်လွတ် ပဲသုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
|
စားချင်လိုက်တာ အစ်မရေ.. ဒီနေ့ နဲနဲနောက်ကျတယ်နော်..။
ReplyDeleteပဲပြုပ်တာနောက်ကျသွားလို့ပါ ညီမလေးရေ
Deleteစားပါနော် ညီမလေး Moe Myanmar .
သားသတ်လွတ်နေ့ကွက်တိပဲ မမမာ
ReplyDeleteမမမာလဲ
Deleteဝါတွင်းကာလမှာ သားသားလွတ်လေးတွေချက်ဖြစ်တာများမှာပါ စုရေ