Wednesday 8 August 2012

ပြည်ကြီးငါး ထမင်းကြော်

ထမင်းကြော်
ဒီနေ့တော့ သီးစုံထမင်းကြော်လေးကြော်ပါတယ် မန္တလေးပဲကြော်ကြော်ပြီးမောသွားတာနဲ့ ထမင်းလေးဘဲကြော်စားလိုက်ပါတော့တယ် အရမ်းစားလို့ကောင်းတဲ့ထမင်းကြော်လေးမို့ blog မှာတင်ပေးလိုက်တာပါ ကင်းမွန်လေးဝါးမိရင်တစ်ထုတ်ထုတ်နဲ့မို့ စားရတာအင်မတန်ကောင်းပါတယ် ကြော်စားကြည့်ချင်တယ်ဆိုရင်
မိသားစုလေးယောက်စာအတွက်
ပါဝင်ရမှာလေးတွေက
  • ထမင်း - ပေါင်းအိုးဆန်ချင်ခွက် သုံးဗူးချက်
  • ပုဇွန် - လေးကောင်
  • ကင်းမွန် - ရေနွေးကြမ်းပန်းကန် တစ်လုံးမောက်မောက်
  • မုံလာဥဝါ - အနေတော် တစ်ဥ (ပါးပါးလှီးပေးပါ)
  • ကြက်သွန်နီ - တစ်ခြမ်း (ပါးပါးလှီးပေးပါ)
  • ပဲစိမ်းသီး - ရေနွေးကြမ်းပန်းကန် တစ်လုံး
  • ကြက်ဥ - နှစ်လုံး (မွှေပေးထားပါ)
  • ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  • ဆား -လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

လိုအပ်တာလေးတွေပြင်ပါတယ်
ထမင်းကိုမွှပေးထားပါတယ်
ကြက်သွန်နီကိုအရင်မိနစ်ဝက်လောက်ဆီသတ်ပြီးမှ
ကင်းမွန်ကိုနှစ်မိနစ်လောက်ကြော်ပေးပါတယ်
ပုဇွန်ကိုထဲ့ပြီးတစ်မိနစ်လောက်ကြော်ပေးကာဘေးသို့
ကပ်ထားပြီးမှကြက်ဥမွှေကိုတစ်မိနစ်လောက်ကြော်ပေးပါတယ်
ကြက်ဥကျက်သွားပါကကျန်အသီးအရွက်များထဲ့ကာတစ်မိနစ်
လောက်ကြော်ပေးပါတယ်
အားလုံးကိုဘေးတွင်ကပ်ထားပြီးမှထမင်း ဆားနှင့်ဟင်းချိုမှုန့်တို့ကို
တစ်ခါထဲထဲ့ကြော်ပေးပါတယ်
နှစ်မိနစ်လောက်ကြော်ပေးပြီးရင်အပေါ့အငံမြည်းကာမီးပိတ်ပေးပါတယ်
စားချင့်စဖွယ်ကင်းမွန်ထမင်းကြော်လေးရပါပြီ

8 comments:

  1. အရင်ဦးဆုံးစားသွားပါတယ်မမမာရေ သီတာ

    ReplyDelete
    Replies
    1. စားပါသီတာရေ
      မမမာ ဘာချက်ချက်တစ်ကယ်ကျွေးချင်နေတာပါ

      Delete
  2. သမီးတို့အကြိုက် မှ ရှယ်ပဲ ရှယ်ပဲ
    အိုး တနေ့လုံး သရေကျနေရထှာနဲ့ပဲ ထမင်းတောင် မဆာချင်ဒေါ့ဝူး :)))

    ReplyDelete
    Replies
    1. အဲလိုမလုပ်နဲ့လေ
      အားတွေပြတ်ကုန်ပါအုံးမယ်တူမလေးရေ

      Delete
  3. ရှယ်ပဲ မမမာ စားချင်တယ်

    ReplyDelete
    Replies
    1. စားနော် စု
      ကြိုက်သလောက်စားပါနော်

      Delete
  4. စားချင်စဖွယ် ကင်းမွန်ထမင်းကြော်ကြည့်ပြီး ဗိုက်ဆာလို့ အောက်ဆင်းစားတော့မယ် မာမာရေ။
    နည်းလေးအတွက် ကျေးဇူးနော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီတင့်ပေးတဲ့ဆုကို
      အမြဲတမ်းရယူချင်နေပါတယ်

      လေးစားခင်မင်လျှက်
      မာမာ

      Delete