Showing posts with label ကြက်ဥဘဲဥ စားဖွယ်ရာများ. Show all posts
Showing posts with label ကြက်ဥဘဲဥ စားဖွယ်ရာများ. Show all posts

Sunday, 12 July 2026

ကြက်ဥကြော် ချဉ်ရည်ဟင်း

ဒီနေ့တော့ ငါးပိရည်ကျို မွှေးမွှေးလေး ကျိုဖြစ်ပါတယ် ငါးပိရည်ကျိုကျို မွှေးမွှေးလေး ကျိုဖြစ်တော့ သူနဲ့လိုက်ဖက်ပြီး ထမင်းမြိန်မြိန်နဲ့ စားလို့ကောင်းစေတဲ့ လွယ်ကူမြန်ဆန်စွာ ချက်နိူင်တဲ့ ကြက်ဥချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ရှစ်လုံး
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  4. ချင်း - လက်တစ်ဆစ်သာသာ
  5. ခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်းသာသာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၆ဇွန်း
ပြင်ဆင်ပုံ
  • ကြက်ဥကို ဖောက်ပြီး ကြောထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ္သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး နုတ်နုတ်လေးတွေ လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ငံပြာရည် ဆီသတ်နံ့လေး မွှေးလာတော့မှ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာတော့မှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထဲ့ကာ ရေကိုပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူလာလာတာနဲ့ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့ ကြော်ထားတဲ့  ကြက်ဥကို ထည့်ပေးကာ ဆီကျန်ရေကျန် အနေအထားလေး ရလာအောင် တည်ပေးပါ
  • ပြီးတာနဲ့ ကြက်ဥချဉ်ရည်ဟင်းကို မဆလာအုပ်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။

Saturday, 1 June 2024

ဘဲဥ ချဉ်ရည်ဟင်း

ဒီနေ့တော့ ဘဲဥချဉ်ရည်ဟင်း  ချက်ပါတဘ် ဘဲဥကို ပြုပ်ပြီး အခွံခွာကာ အပေါ််ယံ တင်းလာတဲ့အထိ ကြော်ပြီးမှ ဘဲဥချဉ်ရည်ဟင်းကို ချက်ဖြစ်ပါတယ် ချက်နည်းလေးကတော့  အလွယ် ချက်နည်း အတိုင်းဘဲ ချက်ထားတဲ့အတွက် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘဲဥ - ရှစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်း - လက်တစ်ဆစ်
  5. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဘဲဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ဘဲဥများကို အပေါ်ယံကြော တင်းလာတဲ့အထိ ကြော်ပြီးဆယ်ထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ကြော် ထားသော ဘဲဥနှင့် ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးကာ ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာတာနဲ့ ရေထည့်ကာ တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ တည်ပေးပါ
  • မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့  ဘဲဥကို ထက်ခြမ်းခြမ်းကာ ထည့်ပေးပြီး တည်ပေးပါ
  • ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာ အုပ်ပေးကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းနေတဲ့ ဘဲဥချဉ်ရည်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Sunday, 19 May 2024

ဘဲဥကြော်ချက်

ဒီနေ့တော့ ဘဲဥချဉ်ရည်ဟင်း  ချက်ပါတယ် ဘဲဥကို  အပေါ််ယံ တင်းလာတဲ့အထိ ကြော်ပြီးမှ ဘဲဥချဉ်ရည်ဟင်းကို ချက်ဖြစ်တပါတယ် ချက်နည်းလေးကတော့  အလွယ် ချက်နည်း အတိုင်းဘဲ ချက်ထားတဲ့အတွက် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘဲဥ - ရှစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်း - လက်တစ်ဆစ်
  5. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ဘဲဥများကို တစ်လုံးချင်း ဖောက်ထည့်ပြီး အပေါ်ယံကြော တင်းလာတဲ့အထိ ကြော်ပြီးဆယ်ထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ကြော်ထားသော ဘဲဥနှင့် ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးကာ ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာတာနဲ့ ရေထည့်ကာ တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ တည်ပေးပါ
  • မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာပြီး ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာ အုပ်ပေးကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းနေတဲ့ ဘဲဥချဉ်ရည်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday, 15 May 2024

ဘဲဥ ချဉ်ရည်ဟင်း

ဒီနေ့တော့ ဘဲဥချဉ်ရည်ဟင်း စားချင်စိတ် ပေါ်လာတာနဲ့ ဘဲဥချဉ်ရည်ဟင်း ချက်ဖြစ်ခဲ့ပါတယ် ချက်နည်းလေးကတော့ မကြာမကြာ ချက်ဖြစ်တဲ့ ချက်နည်းလေး အတိုင်းဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို ထပ်မံပြီးတော့ မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘဲဥ - ရှစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်း - လက်တစ်ဆစ်
  5. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဘဲဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာကာ ဓါးနှင့်အရှည်လိုက်လေးတွေ လိုက်လှီးပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးကာ ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာတာနဲ့ ရေထည့်ကာ တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ တည်ပေးပါ
  • မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့  ဘဲဥကို ထက်ခြမ်းခြမ်းကာ ထည့်ပေးပြီး တည်ပေးပါ
  • ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းနေတဲ့ ဘဲဥချဉ်ရည်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 16 October 2023

ကြက်ဥချဉ်ရည်ဟင်း

မာမာ ဒီနေ့တော့ ကြက်ဥချဉ်ရည်ဟင်း ချက်ဖြစ်ပါတယ် ချက်နည်းလေးကတော့ မကြာမကြာ ချက်ဖြစ်တဲ့ ချက်နည်းလေး အတိုင်းဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ငါးလုံး
  2. အာလူး - အနေတော် ငါးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  5. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  6. ချင်း - လက်တစ်ဆစ်
  7. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • ကြက်ဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာကာ အပ်ထားခြည်ကြိုးနှင့် ထက်ဝက်ခြမ်းပေးထားပါ
  • အာလူးကို အခွံခွာပြီး လေးစိတ်စိတ်ကာ ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးများ ထည့်ပေးပြီး ကျေတဲ့အထိ မွှေပေးပါ 
  • ခရမ်းချဉ်သီးများ ကျေလာတော့မှ အာလူးကိုထည့်ပေးပြီး ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ အာလူးနူးအောင် တည်ပေးပါ
  • အာလူးနူးလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ မိမိစိတ်ကြိုက် ရလာတာနဲ့ ကြက်ဥကို ထည့်ပေးကာ တည်ပေးပါ
  • ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။

Sunday, 26 March 2023

ဘဲဥချဉ်ရည်ဟင်း

ဒီနေ့တော့ သားသားလာလည်တုန်းက မေမေ့လက်ရာဘဲဥချဉ်ရည်ဟင်း စားချင်တယ်ဆိုလို့ ဘဲဥချဉ်ရည်ဟင်း ချက်ဖြစ်ခဲ့ပါတယ် ချက်နည်းလေးကတော့ မကြာမကြာ ချက်ဖြစ်တဲ့ ချက်နည်းလေး အတိုင်းဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို ထပ်မံပြီးတော့ မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘဲဥ - ရှစ်လုံး
  2. အာလူး - အနေတော် ဆယ်လုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်
  6. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဘဲဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာကာ ဓါးနှင့်အရှည်လိုက်လေးတွေ လိုက်လှီးပေးပါ
  • အာလူးကို အခွံခွာပြီး ထက်ဝက်ခြမ်းကာ ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ အာလူးကို ထည့်ပေးပြီး ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးကာ ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ အာလူးနူးအောင် တည်ပေးပါ
  • အာလူးနူးလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့  ဘဲဥကို ထည့်ပေးကာ တည်ပေးပါ
  • ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းနေတဲ့ ဘဲဥချဉ်ရည်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Sunday, 2 October 2022

ကြက်ဥချဉ်ရည်ဟင်း

ဒီနေ့တော့ စိတ်ထဲက စားချင်လို့ ကြက်ဥချဉ်ရည်ဟင်းလေး ချက်ဖြစ်ခဲ့ပါတယ် 
ချက်နည်းလေးကတော့ မကြာမကြာ ချက်ဖြစ်တဲ့ ချက်နည်းလေး အတိုင်းဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ငါးလုံး
  2. အာလူး - အနေတော် ငါးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  5. ချင်း - လက်တစ်ဆစ်
  6. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • ကြက်ဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာကာ အပ်ထားခြည်ကြိုးနှင့် ထက်ဝက်ခြမ်းပေးထားပါ
  • အာလူးကို အခွံခွာပြီး လေးစိတ်စိတ်ကာ ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့အာလူးကိုထည့်ပေးပြီး ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ အာလူးနူးအောင် တည်ပေးပါ
  • အာလူးနူးလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့ ကြက်ဥကို ထည့်ပေးကာ တည်ပေးပါ
  • ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။

Monday, 5 September 2022

ကြက်ဥ ပုဇွန်ခြောက်နှပ်

ဒီနေ့တော့ မာမာနဲ့ မာမာ့ကလေးတွေ အရမ်းကြိုက်တဲ့အတွက် မကြာခန ချက်ဖြစ်တဲ့ ပုဇွန်ကြခြောက် ကြက်ဥနှပ်လေး ချက်ဖြစ်ပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ခွန်နှစ်လုံး 
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း လေးဇွန်းစာ
  3. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး 
  4. ချင်း - လက်တစ်ဆစ်သာသာ 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲသာသာ
  7. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. ဆီ - ထမင်းစားဇွန်း ကိုးဇွန်း
  10. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ကြက်ဥများကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ပါးပါးရှည်ရှည်လေးတွေ လှီးထားပါ
  • ဟင်းချက်ရာမှာ ပါဝင်မည့် ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ လှီးထားသော ချင်းနှင့် ကြက်သွန်နီကို နွမ်းသွားအောင် ကြော်လိုက်ပါ
  • ကြက်သွန်နှင့် ချင်းတို့ နွမ်းတာနဲ့ ကြက်ဥ အချိုမှုန့် ငါးငံပြာရည် နှမ်းဆီနှင့် ပဲငံပြာရည်တို့ကို ထည့်မွှေပေးပါ
  • တစ်မိနစ်လောက် မွှေပြီးတာနဲ့ ပုဇွန်ခြောက်မှုန့်ထည့်ပြီး မွှေပေးပါ
  • အရသာ သမအောင် မွှေပေးပြီးတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ 
  • ပြီးတာနဲ့ ကြက်ဥပုဇွန်ခြောက်နှပ် ချိုချိုမွှေးမွှေးလေးကို စားသုံးရန် ပြင်ဆင်နိူင်ပါပြီ။

Saturday, 4 June 2022

ငုံးဥ ချဉ်ရည်ဟင်း

ဒီနေ့တော့ ကြက်ဥ ဘဲဥတွေအစား ငုံးဥလေးတွေနဲ့ ချဉ်ရည်ဟင်း ချက်ဖြစ်ပါတယ် ချက်နည်းလေးကတော့ မကြာမကြာ ချက်ဖြစ်တဲ့ ကြက်ဥ ဘဲဥချဉ်ရည်ဟင်းတို့ ချက်တဲ့နည်း  အတိုင်းဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငုံးဥ - ငါးလုံး
  2. အာလူး - အလုံးနှစ်ဆယ်
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  5. ချင်း - လက်တစ်ဆစ်
  6. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • ငုံးဥများကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာထားပါ
  • အာလူးကို အခွံခွာပြီး လေးစိတ်စိတ်ကာ ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့အာလူးကိုထည့်ပေးပြီး ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ အာလူးနူးအောင် တည်ပေးပါ
  • အာလူးနူးလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့ ငုံးဥများကို ထည့်ပေးကာ တည်ပေးပါ
  • ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးပြီးတာနဲ့ ငုံးဥချဉ်ရည်ဟင်းကို စားသုံးနိုင်ပါပြီ။

Thursday, 24 March 2022

ကြက်ဥကြော်

မာမာဒီနေ့တော့ ကြက်ဥနဲ့ အသီးအရွက် လေးတွေကို ကြော်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဥ - နှစ်လုံး
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ‌‌‌ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. အကြော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်မိတ် - သုံးပင်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  11. မကပ်သောဒယ်အိုး - တစ်အိုး
ပြင်ဆင်ပုံ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ခြစ်နှင့်ခြစ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို ဖောက်ထည့်ပေးပြီး ပါဝင်ပစ္စည်းများ နှင့်အတူ ဆား အရသာမှုန့်တို့ကိုထည့်ကာ  အရသာ သမအောင် ခလောက်ပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲကို ဆီထမင်းစားဇွန်း ငါးဇွန်းထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥတို့ကို အထက်အောက် သမအောင် မွှေပြီး ဆီအိုးထဲမှာ ဖြန့်ပြီး ထည့်ပေးပါ
  • ပြီးတာတဲ့ မီးကိုအနေတော် လျှော့ပေးပြီး အိုးကို အဖုံးအုပ်ပေးပါ
  • တစ်မိနစ်ခွဲလောက် ရတာနဲ့  ကြက်ဥကြော်ကို အထက်အောက် အချပ်လိုက်လေး ရလာအောင် လှန်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို ပြန်ဖုံးပေးပြီး နောက်ထပ် တစ်မိနစ်ခွဲလောက် ထပ်ကြော်ပေးကာ ဆယ်ပေးပါ
  • ကြော်ပြီးတာနဲ့ စိမ့်စိမ့်လေးနဲ့ အရသာရှိသော ကြက်ဥကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 22 March 2022

ကြက်ဥမှိုကြော်

မာမာဒီနေ့တော့ ကြက်ဥ့ oyster mushroom လေးတွေကို ကြော်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Oyster mushroom - အလုံးကြီးကြီး သုံးခု
  2. ကြက်ဥ - လေးလုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  7. မကပ်သောဒယ်အိုး - တစ်အိုး
ပြင်ဆင်ပုံ
  • မှိုမှ မလိုတာတွေကို ဖယ်ပေးပါ
  • မှိုကို အလုံးလိုက်ရေဆေးပြီး ထက်ဝက်ခြမ်းကာ မထူမပါး အနေတော်လေးလေးတွေ လှီးပေးပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို ဖောက်ထည့်ပေးပြီး ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ကိုထည့်ကာ အရသာ သမအောင် ခလောက်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော မှိုများကို ထည့်မွှေပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲကို ဆီထမင်းစားဇွန်း ငါးဇွန်းထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥနှင့် မှိုများကို အထက်အောက် သမအောင် မွှေပြီး ဆီအိုးထဲမှာ ဖြန့်ပြီး ထည့်ပေးပါ
  • ပြီးတာတဲ့ မီးကိုအနေတော် လျှော့ပေးပြီး အိုးကို အဖုံးအုပ်ပေးပါ
  • တစ်မိနစ်ခွဲလောက် ရတာနဲ့  ကြက်ဥကြော်ကို အထက်အောက် အချပ်လိုက်လေး ရလာအောင် လှန်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို ပြန်ဖုံးပေးပြီး နောက်ထပ် တစ်မိနစ်ခွဲလောက် ထပ်ကြော်ပေးကာ ဆယ်ပေးပါ
  • ကြော်ပြီးတာနဲ့ စိမ့်စိမ့်လေးနဲ့ အရသာရှိသော မှို ကြက်ဥကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 20 January 2022

ကြက်ဟင်းခါးသီး ကြက်ဥကြော်

မာမာဒီနေ့တော့ ကျန်ခဲ့တဲ့ လေးရက်လောက်က  ကြက်ဥနဲ့ ကြက်ဟင်းခါးသီးကို ကြော်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - အလုံးကြီးကြီး တစ်လုံး
  2. ကြက်ဥ - လေးလုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း လိုသလောက် သုံးပေးပါ
  7. မကပ်သောဒယ်အိုး - ခပ်သေးသေး တစ်အိုး
ပြင်ဆင်ပုံ
  • ကြက်ဟင်းခါးသီးကို အလုံးလိုက်ရေဆေးပြီး ထက်ဝက်ခြမ်းကာ အထဲမှ မလိုတာတွေ ဖယ်ပေးပါ
  • ပြီးတာနဲ့ မထူမပါး အနေတော်လေးလေးတွေ လှီးပေးပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို ဖောက်ထည့်ပေးပြီး ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ကိုထည့်ကာ အရသာ သမအောင် ခလောက်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော ကြက်ဟင်းခါးသီးများကို ထည့်မွှေပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲကို ဆီထမင်းစားဇွန်း နှစ်ဇွန်းထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥနှင့် ကြက်ဟင်းခါးသီးကို အထက်အောက် သမအောင် မွှေပြီး ယောက်ချိုဇွန်း တစ်ဇွန်းစာ ခပ်ကာ ဆီအိုးထဲ ထည့်ပေးပါ
  • ပြီးတာတဲ့ မီးကိုအနေတော် လျှော့ပေးပြီး အိုးကို အဖုံးအုပ်ပေးပါ
  • တစ်မိနစ်ခွဲလောက် ရတာနဲ့  ကြက်ဥကြော်ကို အထက်အောက် အချပ်လိုက်လေး ရလာအောင် လှန်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို ပြန်ဖုံးပေးပြီး နောက်ထပ် တစ်မိနစ်ခွဲလောက် ထပ်ကြော်ပေးကာ ဆယ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ဒယ်အိုးထဲ ဆီထည့်လိုက် ကြက်ဥကို သမအောင် မွှေပေးလိုက်နဲ့ ကုန်တဲ့အထိ ကြော်ပေးပါ
  • အားလုံးကြော်ပြီးတာနဲ့ အရသာရှိသော ကြက်ဟင်းခါးသီး ကြက်ဥကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 5 July 2021

ကြက်သား ကြက်ဥ ဥသိမ်ဟင်း

အရင်တစ်ပါတ်က ဗီယက်နမ်ဈေးကို ဈေးသွားဝယ်ရင်း  ကြက်ဥ ဥသိမ်လေးတွေ ရလာတာနဲ့ ထမင်းပူပူလေးနဲ့ စားရလေအောင် အနှစ်များများနဲ့ ချက်ပါတယ် မဆလာလေးပါ အုပ်ထားတဲ့အတွက် ပိုပြီးတော့ စားလို့ကောင်းတယ်လို့ ပြောရမှာပါဘဲ။

ကြပ်ဥ ဥသိမ်လေးတွေက စားရတာ စိမ့်ပြီးအနည်းငယ် အီသယောင် ထင်ရပါတယ် တစ်ခါစားရင် အများကြီး မစားနိူင်ဘဲ သုံးလေးလုံးဆို လုံလောက်ပါတယ် ဒါကြောင့်မို့လို့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဥ ဥသိမ် - 500 g
  2. ကြက်သား - 150 g
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  8. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  9. ချင်း - လက်တစ်ဆစ်ခန့်
  10. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  11. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားအရသာနယ်ရန်)
  12. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲထည့်ရန်)
  13. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
င်ပြဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အတုံးလေးတွေ တုံးထားပါ
  • ကြက်ဥလေးတွေကိုလဲ ရေဆေးပြီး ကြက်သားနှင့်ရောကာ ဆား ငံပြာရည် မဆလာ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ငရုတ်သီးကို ထည့်ကြော်ပြီး ဆီသပ်ပေးပါ
  • ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားနှင့် ကြက်ဥတို့ကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ကြက်သားနှင့် ကြက်ဥလေးတွေ မာလာအောင် ခနလောက် တည်ထားပေးပါ
  • ကြက်သားနှင့် ကြက်ဥလေးတွေ မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ကြက်သားနှင့် ကြက်ဥ အသားတွေ မာကျစ်လာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • ဟင်းအိုးလဲ ဆီလည်ရေလည် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မဆလာထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းပျံ့နေတဲ့ ကြက်သား ကြက်ဥ ဥသိမ် ဆီလည်ရေလည်ဟင်းလေးကို ထမင်းပူပူလေးနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Thursday, 25 March 2021

ပဲပြားအပျော့ ကြက်ဥကြော်

ဒီနေ့တော့ ပဲပြားအပျော့ ဗူးလေးတွေ ဝယ်ထားပြီး ဟင်းချိုချက်လိုက် ပေါင်းစားလိုက်နဲ့ စားရတာ ရိုးလာတော့ နောက်ထပ် တစ်မျိုးလေး စမ်းပြီး လုပ်စားဖြစ်ပါတယ်။

ဒီကြော်နည်းလေးက ပဲပြားမြုပ်အောင် ဆီထည့်ရတဲ့အတွက် ဆီတော့ကုန်ပါတယ် ဒါပေမဲ့ ကြော်ပြီးကျန်နေတဲ့ ဆီတွေကို ထမင်းပူပူလေးနဲ့ ဆမ်းစားလို့ ရသလို နောက်တစ်ခါ ပြန်ကြော်လို့ ရတဲ့အတွက် ဗူးသန့်သန့်လေးနဲ့ ပြန်သိမ်းထားလို့ ရပါတယ် ဒါပေမဲ့ နောက်တစ်ခါ ပြန်ကြော်တဲ့အခါ ဆီတွေအရမ်းပူလာရင် ဝေကျတတ်တဲ့အတွက် သတိထားပြီးတော့ ကြော်စေချင်ပါတယ်။

ပဲပြားကို ကြက်ဥခလောက်ထားတာလေးနဲ့ ရောကြော်ပြီး ထမင်းပူပူလေးနဲ့ စားရတဲ့ အရသာကလဲ တစ်မျိုးလေး ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါဝင်ပစ္စည်းများ

  1. ပဲပြားအပျော့ - နှစ်တုံး
  2. ကြက်ဥ - သုံးလုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. နှမ်းဆီမွှေး-  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆီ - ခပ်များများ သုံးပေးပါ
ပြင်ဆင်ပုံ
  • ပဲပြားကို ရေဆေးပြီး ရေစစ်ကာ ရွယ်တူ အတုံးလေး ကိုးတုံးရအောင် အောက်ခြေမပြတ်ဘဲ လှီးပေးပါ
  • ကြက်ဥကို ဇလုံတစ်လုံးထဲမှာ ဖောက်ထည့်ပြီး နှမ်းဆီမွှေး ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ခလောက်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီခပ်များများ ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ပဲပြားတုံးကို ထည့်ပေးပါ
  • ပဲပြားတုံး ထည့်ပြီးတာနဲ့ ပဲပြားလေးတွေ ကြားထဲကို ကြက်ဥအရသာ ဝင်သွားအောင် အနည်းငယ် လိုက်ဟပေးပါ
  • ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥအရည်ကို ပဲပြားနှစ်တုံးထဲမှာ မျှပြီး ထည့်ပေးပါ
  • အောက်ဖက်မှ ကြက်ဥများ အနည်းငယ် ကျက်လာတာနဲ့ အထက်အောက် လှန်ပေးပါ
  • အထက်ပါ နည်းအတိုင်း အထက်အောက် လှန်ပေးလိုက် ကြော်ပေးလိုက်ကို သုံးခါလောက် လုပ်ပေးပါ
  • ကြက်ဥများ ကြွတ်ရွလာပြီး မွလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ပဲပြားကြက်ဥကြော် ဆီစစ်သွားတာနဲ့ မိမိနှစ်သက်သလို စားဖို့ကို ပြင်ပေးနိူင်ပါပြီ။

Saturday, 16 January 2021

ကြက်ဥ ချဉ်ရည်ဟင်း

COVID 19 ကြောင့် ကျန်းမာရေးအတွက် အပြင်ကို သိပ်မထွက်ရလေတော့ အိမ်မှာရှိတာလေးတွေကိုဘဲ ထုတ်ချက်ရင်း ဒီနေ့တော့ ကြက်ဥချဉ်ရည်ဟင်း ချက်ဖြစ်ပါတယ်။

ချက်နည်းလေးကတော့ မကြာမကြာ ချက်ဖြစ်တဲ့ ချက်နည်းလေး အတိုင်းဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ငါးလုံး
  2. အာလူး - အနေတော် ငါးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  5. ချင်း - လက်တစ်ဆစ်
  6. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • ကြက်ဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာကာ အပ်ထားခြည်ကြိုးနှင့် ထက်ဝက်ခြမ်းပေးထားပါ
  • အာလူးကို အခွံခွာပြီး လေးစိတ်စိတ်ကာ ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့အာလူးကိုထည့်ပေးပြီး ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ အာလူးနူးအောင် တည်ပေးပါ
  • အာလူးနူးလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့ ကြက်ဥကို ထည့်ပေးကာ တည်ပေးပါ
  • ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။

Saturday, 5 December 2020

ကြက်ဥ ပုဇွန်ခြောက်နှပ်

ဒီဟင်းလေးက မာမာငယ်ငယ်လေးထဲ အရမ်းကြိုက်ခဲ့တဲ့ ဟင်းလေးပါ မကြာခန ဆိုသလို ချက်စားဖြစ်ပြီး ချက်ရတာလဲ လွယ်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဥ - ငါးလုံး
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ငါးဇွန်း
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်နီ အလုံးကြီးကြီး တစ်ဥ
  7. ချင်း - လက်တစ်ဆစ်သာသာ
  8. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
ပြင်ဆင်ပုံ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာကာ ပါတ်ပါတ်လည်ကို ပုံပါအတိုင်း မွှန်းပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အမြှောင်းလိုက်လေးတွေ လှီးထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  •  ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတညနဲ့ ကြက်သွ န်နီကို နွမ်းသွားတဲ့အထိ ထည့်ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ ကြက်ဥကို ထည့်မွှေပေးပါ
  • ကြက်ဥနှင့် ကြက်သွန် သမသွားတာနဲ့ ပုဇွန်ခြောက်မှုန့် ချင်း အရသာမှုန့် ငါးငံပြာရည်နှင့် ပဲငံပြာရည် အပျစ်တို့ကို ထည့်မွှေပေးပါ
  • အနံ့လေး မွှေးလာတာနဲ့ အရသာမြည်းပြီး လိုတဲ့အရသာကို ပြင်ပေးပါ
  • ပြီးတာနဲ့ ကြက်ဥ ပုဇွန်ခြောက်နှပ် ဟင်းလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 3 December 2020

ကြက်ဥ အစာသွပ်

တစ်ခါတလေကျ အစားအသောက် တစ်ခုကို အမြဲတမ်း စားနေကျ ပုံစံအတိုင်း စားနေရတာထက် ပုံစံတစ်မျိုးလေး ခွဲထွက်ပြီး စားကြည့်ရတာကလဲ အရသာ ထူးထူးဆန်းဆန်းလေးတွေကို ရတတ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်ဥပြုပ်လေးတွေကို မြေပဲနဲ့ ငရုတ်သီး လုံးခြမ်းခွဲလေးကို ကြော်ပြီး ခပ်စိမ့်စိမ့် ခပ်စပ်စပ် ချဉ်ငံစပ် အရသာလေး ရလာအောင် လုပ်စားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဥ - ငါးလုံး
  2. ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း သုံးဇွန်း မောက်မောက်
  3. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. မြေပဲလှော် - ထမင်းစားဇွန်း ငါးဇွန်းခန့်
  6. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  7. နံနံပင် - အနည်းငယ်
  8. ဂေါ်ဖီ - အနည်းငယ်
  9. သံပုရာသီး - တစ်လုံး
ပြငိဆင်ပုံ
  • အရင်ဆုံး အိုးထဲမှာ ကြက်ဥကို ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် ဆယ်မိနစိလောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ အခွံခွာထားပေးပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါးလေးတွေလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • နံနံပင်ကို ရေဆေးထားပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • မြေပဲလှော်ကို မညက်တစ်ညက်လေးတွေ ထောင်းထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနိမ့်ဆုံးအထိ လျှော့လိုက်ပြီးမှ ငရုတ်သီးကို ထည့်ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ မြေပဲ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ကို တစ်ခါထဲ ထည့်မွှေပေးပါ
  • ငရုတ်သီးကြော်လေး ကြွတ်ပြီးမွှေးလာပြီဆိုရင် မီးပိတ်ပေးပါ
  • ကြက်ဥကို ဓါးနှင့် ခပ်စောင်းစောင်းလေး ခွဲပေးပြီး ငရုတ်သီးကြော်ကို အစာသွပ်ပေးပါ
  • ပြီးတာနဲ့ ဂေါ်ဖီ နံနံပင်နှင့် သံပုရာရည်တို့ ညှစ်ပေးကာ စားသုံးနိူင်ပါပြီရှင်။

Thursday, 25 June 2020

ကြက်ဥသုပ် စိမ့်စိမ့်လေး

ဒီနေ့တော့ ကျောင်းတစ်ပါတ်ပိတ်လို့ ပြန်လာတဲ့ သမီးလေးက ကြက်ဥသုပ်လေး စားချင်တယ် မေမေရေ ဆိုတာနဲ့ ကြက်ဥပြုပ်ကို ပဲဆီမွှေးမွှေးလေးနဲ့ သုပ်ပေးဖြစ်ပါတယ်။

ခပ်စိမ့်စိမ့် အရသာမို့လို့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းပြီး စားလို့ကောင်းလွန်းကာ လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိူင်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ကြက်ဥသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဥ - သုံးလုံး 
  2. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က် မရှိတစ်ရှိ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သံ
  5. ပုရာသီး - တစ်စိတ် (ကြက်ဥပြုပ်ထဲထည့်ရန်)
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ကြက်ဥကို ရေမြုပ်အောင် ထည့်ပေးပါ
  • အခွံခွာရ လွယ်ကူစေရန် သံပုရာသီး တစ်စိတ် ထည့်ပြုပ်ပေးပါ
  • ကြက်ဥကို ကျက်အောင်ပြုပ်ချိန် ဆယ်မိနစ်လောက် ရေပွက်ပွက် ဆူလာရင် ရပါပြီ
  • ကြက်ဥပြုပ် အိုးထဲမွ ရေပူများကိုသွန်ပြီး ရေအေးနှင့် စိမ်ပေးကာ အခွံခွာပြီး မထူမပါးလေးတွေ လွီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥ  ဆား အချိုမှုန့် နှင့် ဆီတို့ထည့်ပြီး ခပ်ဖွဖွလေး နယ်ပေးပါ
  • အားလုံး အရသာ သမသွားပါက ကြက်ဥသုပ် မွှေးမွှေးစိမ့်စိမ့်လေးကို စားပွဲပြင်ပေးနိူင်ပါပြီ။