Monday 31 July 2023

ငါးဆားနယ်ကြော်

 


ဒီနေ့တော့ ထမင်းစားလို့မြိန်စေမဲ့ က ကတစ်ငါးကို ငါးဆားနယ်လေး လုပ်ထားကာ ကြော်ထားပါတယ် က ကတစ် ငါးဆားနယ်ကိုချက်စားမယ် ဆိုရင်တော့ မန်ကျည်းမှည့်ရည် ပျစ်ပျစ်လေးနဲ့ ချက်တာက စားလို့ကို အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ ထမင်းမြိန်မြိန်လေး စားနိူင်အောင် က ကတစ် ငါးဆားနယ် လုပ်နည်းနဲ့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငါးဆားနယ် ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး တစ်ကောင် - 800 g 
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက် (ငါးကိုနယ်ရန်)
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း သုံးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ (ငရုတ်သီးကြော်ထဲထည့်ရန်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငရုတ်သီးကြော်ထဲထည့်ရန်)
  8. ဆီ - လိုသလောက် သုံးပေးပါ
ငါးဆားနယ်လုပ်ရန်
  1. ငါးကို ငါးခေါင်း ဆူးတောင်များ အကျေးခွံများနှင့် ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပြီး ရေစင်အောင်ဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ ရေစစ်သွားအောင် ဇကာထဲထဲ့ပြီး ရေစစ်ထားပါ
  3. ရေစစ်သွားတာနဲ့ ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲမှာထဲ့ပြီး ဆားအရသာ ဝင်သွားအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ။
  4. ပြီးတာနဲ့ သန့်ပြန့်သော ပလပ်စတစ်အိတ်ထဲကို ဆားနယ်ထားသော ငါးကို ထဲ့ပေးပါ။
  5. ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး ဇလုံထဲ ထည့်ပေးကာ အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
  6. ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ထွက်လာလျှင် သွန်မပြစ်ဘဲ ဒီအတိုင်း ထားပေးပါ
  7. အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  8. သုံးရက်မှ လေးရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရပါပြီ။
  9. သုံးလေးရက်အတွင်း ကြော်စား ချက်စားပါက အရမ်းမငံသေးတဲ့ ငါးဆားနယ်ကြော်ကို ရမှာဖြစ်ပါတယ်။
  10. ငါးဆားနယ်ကို တပါတ်ထက်ကျော်ပြီး ထားစားမည်ဆိုပါက ငါးပိကောင်လို ဖြစ်သွားမှာမို့လို့ အရမ်းငံသွားတတ်ပါတယ်။
  11. ဒါကြောင့်မို့လို့ တစ်ပါတ်ကျော်မှ ကြော်စားချက်စားမည် ဆိုပါက  ဆန်ဆေးရည်နှင့် နှစ်နာရီလောက် စိမ်ထားပြီးမှ ရေဆေးကာ ကြော်စား ချက်စားပါ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ရေစစ်ထားတဲ့ ငါးဆားနယ်ကို လက်နှစ်လုံးခွဲလောက် အတုံးလေးတွေ တုံးပေးပါ
  • ငါးဆားနယ်ကို ဆားအငံပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ
  • အငံတော်တော်လေး ပေါ့စေချင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက် စိမ်ပြီးမှ ရေဆေးပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီကို မီးအလယ်အလတ်လောက်နဲ့ အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့်  ထဲ့ပေးပါ
  • ပြီးတာနဲ့ ငါးဆားနယ်ကို တစ်တုံးချင်း အိုးဆန့်သလောက် ထဲ့ကြော်ပေးပါ
  • တစ်ဖက်ကျက်ပါက နောက်တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ
  • ငါးဆားနယ်ကြော်ထားတဲ့ အိုးထဲမှာ ဆီများနေရင် နည်းနည်းဖယ်ပေးပါ
  • ပြီးတာနဲ့ မီးကိုထပ်ပြီး လျှော့ပေးကာ မညက်တစ်ညက်ထောင်းထားသော ကြက်သွန်ဖြူကို အဝါရောင်သန်းလာအောင် ကြော်လိုက်ပါ
  • ကြက်သွန်ဖြူကြော် နဲနဲဝါလာတာနဲ့ ငရုတ်သီးလုံးခြမ်းကွဲကို ထဲ့မွှေပါ
  • ငရုတ်သီးကြော်ထဲကို ဆားနှင့် ဟင်းချိုမှုန့်ထဲ့ပြီး ကြော်ပေးပါ
  • ကြော်ချိန်ခနအတွင်း ငရုတ်သီး အရောင်ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ပန်းကန်ထဲသို့ ပြောင်းထဲ့ပေးပါ
  • ငါးဆားနယ်ကြော်ကိုလဲ ငရုတ်သီးကြော်နှင့်အတူ ပန်းကန်ထဲကို ပြောင်းထဲ့ပေးပါ 
  • ထမင်းမြိန်စေတဲ့ က ကတစ် ငါးဆားနယ်ကြော် စပ်စပ်မွှေးမွှေးလေး ရပါပြီ။

Saturday 29 July 2023

ကြက်သား ပျားရည်ကြော်

 



ဒီနေ့တော့ ကြက်တောင်ပံ လေးတွေကို မွှေးပြီးမွနေအောင် ကြော်ထားပါတယ် ကြော်ပြီးတဲ့အခါ ပျားရည်နံ့လေး သင်းနေတဲ့အတွက် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်တောင်ပံ - ခြောက်ခု
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ပျားရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်တောင်ပံများကို အတုံးလိုက် ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ ကြက်တောင်ပံများကို ဆား နနွင်းမှုန့်နှင့် အရသာမှုန့်တို့ထည့်ကာ  အရသာဝင်အောက် နယ်ပေးပါ
  • ပြီးတာနဲ့ အရသာဝင်အောင် ဆယ်မိနစ်လောက် နှပ်ထားပေးပါ
  • ကြက်သားများ အရသာဝင်အောင် နှပ်ထားတာ ရတာနဲ့ ကြော်ဖို့ ပြင်ဆင်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲကို ဆီကို အိုးတစ်ဝက်နီးပါးလောက် ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားကို အိုးဆန့်သလောက် ထည့်ကြော်ပါ
  • ကြော်နေစဉ် မီးအရမ်း မပြင်းဖို့ သတိထားကာ အထက်အောက် မကြာမကြာ လှန်ပေးကာ အပြင်ခွံလေး ကြွတ်လာပြီ ဆိုတာနဲ့ ဆယ်ထားပါ
  • အထက်ပါ နည်းအတိုင်း ကြက်သားများ ကုန်အောင် ကြော်ပေးပါ
  • ပြီးတာနဲ့ ကြက်သားများကို ဆယ်ပြီးဆီစစ်ပေးပါ
  • ပျားရည်နံ့ သင်းသင်းလေးနဲ့ ကြက်သားကြော် အပြင်ခွံ မွှေးမွှေးကြွတ်ကြွတ်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday 27 July 2023

ကြက်သား ဒိန်ချဉ်ချက်


 ဒီနေ့တော့ ကြက်တောင်ပံလေးတွေကို ဒိန်ချဉ်နဲ့ ချက်စားရင် ကောင်းမလား စိတ်ကူးထဲ ရလာတဲ့အတွက်ကြက်သားနဲ့ ဒိန်ချဉ်ကို ချက်ဖြစ်သွားပါတယ်။

စားလို့အရမ်းကောင်းပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သားဒိန်ချဉ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်တောင်ပံ - 600 g 
  2. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်န
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  9. ချင်း - လက်တစ်ဆစ်ခန့်င
  10. ရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်အု
  11. ဒိန်ချဉ် - ထမင်းစားဇွန်း သုံးဇွန်း

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးကာ ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဒိန်ချဉ် - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာ၀င်အောင် နယ်ထားပါ

လိုအပ်သော ပစ္စည်းများ ပြင်ဆင်ပုံ
  • ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းထားတာကို ထည့်မွှေပေးပြီး ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထည့်ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ ငါးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ဟင်းအိုးတည်ထားစဉ် အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
  • ရေအရမ်း မခမ်းခင် ဆီလည်ရေလည် ဖြစ်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပါက အရသာ ထူးကဲပြီး ဒိန်ချဉ်နံ့ မွှေးကြိုင်နေတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

Wednesday 26 July 2023

ပုဇွန်ထုတ် ငါးပိရည်ဖျော်

 








ဒီနေ့တော့ ငါးပိရည်ကို အဖျော်ခပ်ပျစ်ပျစ်လေးနဲ့ စားချင်တဲ့အတွက် ငါးပိရည်ကျိုပြီး ငါးပိရည်ဖျော်လေး ပြင်ဆင်ဖြစ်လို့ ပုဇွန်ထုတ်တွေကို မီးကင်ကာ ဖျော်ထားတဲ့ ငါးပိရည်ဖျော် ဖျော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးရံ့ငပိရည်ကျိုရန် ငါးပိအနှစ် - ထမင်းစားဇွန်း မောက်မောက် လေးဇွန်း
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် သုံးလုံး ခွဲသာသာ
  5. ပုဇွန်ထုတ် - ခြောက်ထုတ်
  6. ကြက်သွန်နီ - ခပ်သေးသေး ငါးလုံး
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  8. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်ထည့်ပါ
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
ငါးပိရည်ကျိုရန် ပြင်ဆင်ပုံ
  1. ငါးပိအနှစ် ဆား နနွင်းမှုန့်နှင့် ရေတို့ကို အိုးတစ်လုံးထဲ ထည့်ပေးပြီး ငါးမိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ငါးပိရည် ရလာပါက အရိုးများကို စစ်ပေးပြီး ပန်းကန်တစ်လုံးထဲကို ငါးပိရည်များ ပြောင်းထည့်ထားပါ။
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပုဇွန်ထုတ်ကိုလဲ ရေဆေးကာ ပုဇွန်ထုတ်ကို မီးသွေးမီးဖိုရှိက အခွံများ ကျွမ်းအောင်ဖုတ်ပေးပါ သို့မဟုတ်
  • အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ပုဇွန်အခွံများခွာကာ ခေါင်းများဖြုတ်ထားပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ငရုတ်ဆုံထဲမှာထည့်ပြီး မညက်တစ်ညက် အနေအထားရအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပုဇွန်ထုတ်များ အချိုမှုန့် ငရုတ်သီး အလှော်မှုန့်နှင့် ထောင်းထားတာတွေ ထည့်ကာ ရောဖျော်ပေးပါ
  • အဖျော်မွှေးမွှေးလေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ

Tuesday 25 July 2023

ချဉ်ငံစပ် မုန့်ဖတ်သုပ်

 



အခုတစ်လော ရာသီဥတုက အရမ်းအေးနေတော့ ဘာစားစား အရသာ မရှိသလိုဖြစ်ပြီး ခံတွင်းမလိုက်လေတော့ ချဥင်္ချဉ်ငံငံစပ်စပ် အသုပ်လေးကို  ဟင်းခါးပူပူလေးချက်လို့ အသုပ်စုံလေးတွေဘဲ စားချင်နေမိတယ်။
ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ မုန့်ဖတ်ကို ခပ်စပ်စပ်လေးသုပ်ပြီး စားဖို့ပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. မုန့်ဟင်းခါးဖတ် - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  5. ပုဇွန်ခြောက်မှုန့် - လိုသလောက်
  6. အရသာမှုန့် - လိုသလောက်
  7. ကြက်သွန်ဖြူ  ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  8. မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
  9. ငါးငံပြာရည် - လိုသလောက်
  10. နံနံပင် - လိုသလောက်
  11. ကြက်သွန်ဖြူ  - လိုသလောက်
  12. ဂေါ်ဖီ - အရွက်ကြီးကြီး သုံးရွက် (ဟင်းခါးချက်ရန်)
  13. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း (ဟင်းခါးချက်ရန်)
ကြက်သွန်ဖြူဆီချက်ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
  • ကြက်သွန်ဖြူများ အဝါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ
  • ဆီချက်ကိုလဲ အအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်မျာနှင့် ရောပေးပါ
အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  1. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  3. မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးပူပူမှာ စိမ်ထားပါ
  4. ဆီချက်
  5. ငါးငံပြာရည်
  6. ပုဇွန်ခြောက်မှုန့်
  7. ပဲအကျက်မှုန့်
  8. ငရုတ်သီး အလှော်မှုန့်
  9. ကြက်သားမှုန့်
ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါး လှီးထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်ကာ မီးနွေးနွေနဲ့ တည်ထားပါ
အသုပ်တစ်ပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာ မုန့်ဖတ်နှင့် ကြက်သွန်နီတို့ကို ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တစ်ဇွန်းတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပြီး အရသာကို မြည်းပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ ချဉ်ငံစပ် အသုပ်ပွဲကို ပြင်ပေးပါ
  • ချဉ်ငံစပ် အသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။

Sunday 23 July 2023

ချဉ်ငံစပ် မုန့်တီသုပ်

 



ဒီနေ့တော့ မိုးလေ အေးအေးနဲ့ ဘာလေးလုပ်စားရင် ကောင်းမလဲ စဉ်းစားလိုက်တာ ချဉ်ချဉ်ငံငံစပ်စပ်လေး စားချင်လာတာနဲ့ ဒီတစ်ခါတော့ မုန့်တီသုပ်လေးဘဲ သုပ်စားလိုက်ပါတော့တယ်။ 
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ မုန့်တီသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


မုန့်တီပူပူစပ်စပ်လေး ချက်သောက်ဖြစ်လို့ မာမာချက်တဲ့ နည်းလေးကိုဘဲ မျှဝေလိုက်ပါတယ် တိုင်းရင်းသား ရိုးရာအစာတွေ ချက်ရတာ နေရာဒေသ တစ်နေရာနဲ့ တနေရာ ချက်နည်းတွေ မတူကြတဲ့အတွက် တစ်ခါတရံ ချက်နည်းမှားတယ် ဘာညာ လာပြောရင်တော့ တော်တော်လေးတော့ သည်းခံရပါတယ်။

ဘယ်အစာကိုဘဲဖြစ်ဖြစ် အစားတစ်ခုမှာ ပါ၀င်တာတွေကို ရိုးရာအစာ အရသာကို မပျောက်ပျက်စေဘဲ ပါ၀င်ပစ္စည်းတွေကို အခြေခံကာ ကိုကိုယ်တိုင် ဆန်းသစ်ပြီး ချက်ကြည့်စေချင်သလို တစ်ယောက်နဲ့ တယောက်လဲ အကြိုက်တွေ မတူကြတာမို့လို့ ကိုယ်နှစ်သက်သလို ပြင်ဆင်ပြီး ချက်ပြုပ်တတ်အောင် ကျိုးစားကြည့်စေချင်ပါတယ်။

အခုလဲ မာမာ့အကြိုက် ပုံစံတစ်မျိုးနဲ့ ချက်ထားတဲ့ မုန့်တီချက်နည်းတူပေမဲ့ သုံးထားတဲ့ ငါးမတူတဲ့အတွက် ငါးရွှေနဲ့ချက်မှ မုန့်တီလို့တော့ ပြောကြအုံးမယ် ထင်ပါတယ်။

ငါးရွှေမရှိတဲ့ အရပ်ဒေသမှာ အနီးစပ်ဆုံးတူအောင် စားချင်စိတ်ကို အာသီသဖြေဖို့အတွက် ချက်ထားခြင်းသာ ဖြစ်ပါတယ်။

အရင်တစ်ခါ ဘာဆာငါးနဲ့ချက်ပြီး အခုတစ်ခါတော့ ငါးခူနဲ့ ချက်ထားပါတယ် ငါးခူက ဟင်းရည်အရသာကို ပိုပြီးချိုစေပြီး ဘာဆာငါးကတော့ အချိုပေါ့ပါတယ် ချက်နည်းတိုင်းမှာ ပါ၀င်ပစ္စည်းကတော့ အတူတူပါဘဲရှင်။

ပါ၀င်ပစ္စည်းများ
ငါးပြုပ်ရန်
  1. ငါးခူ - နှစ်ဆယ်သား
  2. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  4. ဆား ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  6. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
ငါးပြုပ်ပုံ
  1. ငါးခူကို အရင်ဆုံး မန်ကျည်းသီးမှည့် ဆားနှင့်နနွင်းမှုန့်ထည့်ပြီး အချွဲများကုန်သွားအောင် နယ်ပေးပါ
  2. ပြီးတာနဲ့ ရေတစ်ထပ်ဆေးပြီး ခေါင်းထဲမှ ပါးဟက်များ ဆူးတောင်များ အညှိလုံးများနှင့် ဗိုပ်ထဲမှ မလိုတာတွေကို ဖယ်ပေးပါ
  3. အားလုံးဖယ်ပြီးတာနဲ့ ရေနှင့် လေးငါးထပ်လောက် စင်အောင်ဆေးပေးပါ
  4. အိုးထဲမှာ ငါး ဟင်းချိုမှုန့်နှင့်  ငါးငံပြာရည်တို့ ထည့်ကာ ငါးကို ရေမြုပ်အောင် ထည့်ပေးပြီး ပြုပ်ပေးပါ  
  5. ငါးအသားများ နူးလာပါက မီးပိတ်ပြီး အအေးခံကာ အရိုးအသား သတ်သတ်စီ ထွင်ထားပါ 
  6. ငါးအရိုးများကို ငရုတ်ဆုံထဲမှာ ညက်အောင်ထောင်းပြီး ငါးပြုပ်အရည်နှင့် ရေ အနည်းငယ်ထည့်ကာ အရည်ငင်ပြီး အရည်ကို ယူထားပါ
  7. ငါးအသားများကို မကပ်သော ဒယ်အိုးထဲမှာထည့်ပြီး ခြောက်ပြီးမွလာတဲ့အထိ လှော်ပေးထားပါ

ဟင်းရည်ချက်ရန်
ပါဝင်ပစ္စည်းများ
  • ရေ - 11 cups
  • အရိုးငင်ထားသော ငါးရိုး အရည် - 2 cups
  • ကြက်သွန်ဖြူ - ဆယ်မွှာ 
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  • ပုဇွန်ငပိ - ထမင်းစားဇွန်းနှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်းနှစ်ဇွန်း
  • ဟင်းချိုမှုန့် - ထမင်းစားဇွန်းတစ်ဝက်
  • ပဒဲကော - တစ်လက်မ 
ဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  2. ပဒဲကောကို ရေဆေးပြီး ညက်နေအောင် ထောင်းထားပါ
  3. ပုဇွန်ငပိကို ဇလုံတစ်လုံးထဲမှာ ရေအနည်းငယ်နှင့် ဖျော်ထားပါ
  4. ငရုတ်ကောင်းမှုန့်နှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  5. အိုးထဲမှာ လှော်ထားသော ငါးအသားများ ငါးငံပြာရည် အရသာမှုန့် ရေနှင့် ငါးပြုပ်အရိုးငင်ရည်ကို ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  6. ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ပုဇွန်ငပိ ဖျော်ထားသော အရည်ကို အနယ်များ မပါအောင် ထည့်ပေးပါ
  7. ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  8. ပြီးတာနဲ့ ထောင်းထားသော ပဒဲကော ငရုတ်ကောင်းမှုန့်နှင့် ကြပ်သွန်ဖြူတို့ကို ထည့်မွှေပေးပါ
  9. ကြက်သွန်ဖြူများ နူးလာချိန်မှာ အရသာကို ထပ်မြည်းပေးပါ
  10. ဟင်းရည်ပွက်ပွက် ဆူလာတဲ့အချိန်မှာ ရေအနည်းငယ် ခမ်းသွားတဲ့အတွက် ဟက်းရည်အရသာ လေးနေရင် ရေနွေးအနည်းငယ် ထပ်ရောပေးပါ
  11. အရသာ အနေတော်ဘဲဆိုရင်မီးပိတ်ပြီး လက်ကျန်မီးအပူရှိန်နဲ့ တင်ထားပေးပါ
မုန့်ပွဲပြင်ရန် ပါဝင်ပစ္စည်းများ
  1. မုန့်ဖတ် - 600 g (ready made အထုတ်ကို သုံပါတယ် )
  2. ပဲကြော် - မိမိနှစ်သက်သလောက်
  3. နံနံပင် - မိမိနှစ်သက်သလောက်
  4. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  5. ငါးဖယ်ကြော် - မိမိနှစ်သက်သလောက်
  6. ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
  7. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း သုံးဇွန်း
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး ( မန်ကျည်းသီးမှည့်ဖျော်ရန်)
မုန့်ဖတ်ပြုပ်ပုံ
  • အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ မုန့်ဖတ်ကို ထည့်ပြီးပြုပ်ပေးပါ
  • ပြုပ်နေစဉ် မုန့်ဖတ်ကို ဆယ်ပြီးစမ်းကြည့်ပါ 
  • ခပ်ပျော့ပျော့ အနေအထား ရလာပြီဆိုရင် ဇကာထဲသွန်ချပြီး ရေများများနှင့်ဆေးကာ ရေစစ်ထားပါ
မုန့်ပွဲပြင်ရန်
  • မုန့်ဖတ် ပဲကြော် ငါးဖယ်ကြော် ကြက်သွန်ဖြူကြော်တို့ကို အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူနှင့် စိမ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ လှော်ပေးပါ ပြီးတာနဲ့ ညက်နေအောင် ထောင်းပေးပါ
  • မုန့်တီဟင်းရည်ကို ပူနေအောင် ပြန်နွှေးထားပါ
မုန့်ပွဲတစ်ပွဲစာပြင်ပုံ
  • မုန့်ဖတ် - လက်တစ်ဆုတ်စာ
  • ပဲကြော် - တစ်ချပ်ငါး
  • ငံပြာရည် - လက်ဖက်ရည်ဇွန်းတစ်ဝက် (အငံအရသာ လိုမှထည့်ပါ)
  • မန်ကျည်းမှည့်ရေ - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ
  • ငရုတ်သီးစိမ်းထောင်း - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ငါးဖယ် - တစ်ချပ်
  • ကြက်သွန်ဖြူဆီချက်အဖတ် - အနည်းငယ်
  • နံနံပင် - နှစ်သက်သလောက်တို့ကို ပန်းကန်ထဲမှာ ထည့်ပေးပြီး မုန့်တီဟင်းရည် ပူပူလေး ထည့်ပေးကာ သုံးဆောင်နိူင်ပါပြီ။
  • ငါးအသား လှော်ပြီးသားလေး ထည့်စားချင်ပါက ငါးကိုပိုပြီး ပြုပ်ပေးပါ

ပါ၀င်ပစ္စည်းများ (ငါးပြုပ်ရန်)
  1. ငါးခူ - တစ်ဆယ်ကျပ်သား
  2. ငါးငံပြာရည် - ထမင်းစားဇွန်း ၄ဇွန်း
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း တို့ကိုရေမြုပ်ရုံ  ရောပြုပ်ပေးပြီး နူးသွားပါက အသားဖတ်လေးများကို ထွင်ထားပါ
  4. ငါးအရိုးများကို ငရုတ်ဆုံထဲမှာ ညက်နေအာင် ထောင်းပေးပြီး ရေ အနည်းငယ်နှင့် အရည်ငင်ထားပါ။

ဟင်းရည်ချက်ရန်
  1. ရေ - 4 cups
  2. အရိုးငင်ထားသော ငါးရိုးအရည် - အနည်းငယ်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ (ထောင်းပေးပါ)
  4. ကြက်သွန်နီ - နှစ်လုံး (အဖတ်လေးများလှီးပေးပါ)
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ပုဇွန်ငါးပိ - ထမင်းစားဇွန်းတစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်းတစ်ဇွန်း
  9. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  10. ပဒဲကောအတက် - တစ်လက်မ (ထောင်းပေးပါ)
  11. ငါးဖယ်ခြစ် သို့မဟုတ် ဘာဆာငါးခြစ် အနည်းငယ်ကို အရသာနယ်ပြီး အချက်၂၀၀လောက် ပေါက်ကာ အလုံးလေးတွေ လုပ်ထားပါ
  12. အရိုးထွင်ထားသောငါး အသားများနှင့် ပါ၀င်ပစ္စည်း အားလုံးရောပြီး ရေပွက်ပွက်ဆူကာ ကြက်သွန်ဖတ်များ နူးအောင်တည်ပေးပါ
  13. ရေပွက်ပွက်ဆူလာပါက ငါးခြစ်လုံးလေးများ ဟင်းရည်ထဲထည့်ပေးပါ ငါးလုံးများ ရေပေါ်ပေါ်လာပါက ဟင်းရည်အိုးကို အရသာမြည်းပြီး လိုသလို ပြင်ပေးထားပါ
မုန့်တီသုပ်ရန်
  • ငရုတ်သီးစိမ်း အစပ်တောင့် - စားနိူင်သလောက် (လှော်ပြီးထောင်းပေးပါ)
  • Ready made မုန့်ဖတ်အခြောက် - 400 g (ပြုပ်ပေးထားပါ)
  • မန်ကျည်းသီးမှည့်ရည် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • သံပုရာသီး - တစ်လုံး( ကြိုက်လျှင်ထည့်သောက်ပါ )
  • ငါးငံပြာရည် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • ပဲကြော် - ဆယ်ချပ် (ချေထားပေးပါ)
  • နံနံပင် - ဆယ်ပင်ခန့် (လှီးပေးထားပါ)
  • ငါးဖယ်ကြော် - အချပ်သုံးဆယ် (အနေတော် ညှပ်ထားပေးပါ)
  • ကြက်သွန်ဖြူဆီချက် - တရုတ်ဟင်းပြင်ပန်းကန် အသေးတစ်လုံးစာ ချက်ထားပါ
  • မုန့်တီသုပ်ရန် မိမိအဆင်ပြေသလို ပါ၀င်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွနယ်ကာ သုပ်ပေးပြီးပါက ရှူးရှဲအသုပ်လေးကို စားပွဲပြင်ပေးကာ မုန့်တီဟင်းရည်နှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Saturday 22 July 2023

ငါးကြီးချဉ် ဆီပြန်ဟင်း

 









မာမာ အရင်ရက်က ငါးကြီးချဉ် လုပ်နည်းလေး မျှဝေပေး ခဲ့ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ငါးကြီးချဉ် ဆီပြန်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက် ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငါးကြီးချဉ် - ခြောက်တုံး
  2. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ကြက်သွန်ဖြူ - သုံးမွှာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. မန်ကျည်းသီးမှည့် - အနည်းငယ်
  7. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ငါးကြီးချဉ်ထဲမှ ထမင်းများကို ဖယ်ပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို အခွံခွာကာ ရေဆေးပြီး ငရုတ်သီး လုံးခြမ်းကွဲနှင့် ရောထောင်းပေးပါ
  • မန်ကျညါးသီးမှည့်ကို ရေနှင့်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေစိမ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
  • ငရုတ်သီးနံ့ သင်းလာပါက ငါးကြီးချဉ်များနှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ရေမခမ်းခင် ရေစိမ်ထားသော မန်ကျည်းသီးမှည့်ရည်ကို ထည့်မွှေပေးပြီး ရေခမ်းတဲ့အထိ ဆက်တည်ပေးပါ
  • ရေမခမ်းခင် အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာတဲ့အထိ ပြင်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက မီးပိတ်ပေးပြီးပါက ငါးကြီးချဉ်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday 19 July 2023

ငါးကြီးချဉ်လုပ်နည်း






မာမာ ကျန်ခဲ့တဲ့ တစ်ပါတ်က ကတစ်ငါး တစ်ကောင် ဝယ်လာပြီး ငါးကြီးချဉ် လုပ်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ထမင်းစားလို့ မြိန်စေတဲ့ ငါးကြီးချဉ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး - တစ်ကောင်
  2. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ခပ်မာမာလေး ချက်ထားပါ)
  3. ဆား - ထမင်းစားဇွန်း နှစ်ဇွန်းခွဲခန့်
  4. ဇလုံ - တစ်လုံး

ပြင်ဆင်ပုံ
  • ငါးကို မလိုတာတွေ အကုန်ဖယ်ပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ရေဆေးပြီး ရေစစ်သွားအောင် ငါးများ အပေါ်မှ အလေးတစ်ခုခုနှင့် ဖိပေးကာ ရေစစ်ထားပါ
  • ဆန်ကိုရေဆေးပြီး ခပ်မာမာလေး ရအောင်ချက်ကာ အအေးခံထားပါ
  • ဆားကြမ်းကို ပြင်ထားပါ
  • ငါးများ ရေစစ်သွားပြီ ဆိုတာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်သော အရာအားလုံးကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးများကို ဆားအရသာ ဝင်စေရန် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အနည်းဆုံး ငါးမိနစ်ခန့်ကြာအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • ပြီးတာနဲ့  သန့်ပြန့်နေသာ ဇလုံ သို့မဟုတ် ဖန်ပုလင်းထဲမှာ ဖိသိပ်ထည့်ပေးပါ
  • ပုလင်းထဲမှာ ထည့်ပါက ပုလင်းကို အဖုံးလုံအောင်ပိတ်ပြီး အခန်းအပူချိန်များသော မီးဖိုခန်းမှာ အနည်းဆုံး ၃ရက်လောက် ထားပေးပါ
  • ဇလုံထဲမှာ ထည့်ထားပါက ဇလုံကို ပလပ်စတစ်အိတ်နှင် လေလုံအောင် ပိတ်ပေးပါ
  • ပထမ တစ်ရက်မြောက်နေ့မှာ အရောင်အနည်းငယ် စပြောင်းလာပါပြီး အရည်အနည်းငယ် ထွက်လာပါလိမ့်မည်
  • ဒုတိယနေ့မှာလဲ အထက်ပါအတိုင်း အရောင်လေး အနည်းငယ် ထပ်ပြောင်းလာပါလိမ့်မည်
  • ထွက်လာသော အရည်များကို ပုလင်း သို့မဟုတ် ဇလုံကိုစောင်းပြီး သွန်သွန်ပေးပါ
  • တတိယ နေ့မှာတော့ ငါးကြီးချဉ်နံ့ အနည်းငယ် ရလာပါလိမ့်မည်စ
  • တုထ္ထနေ့မှာတော့ ငါးကြီးချဉ်ထဲမှ ထွက်လာသော အရည်များကို ထပ်ပြီးသွန်ပြစ်ပေးပါ
  • ငါးရက်မြောက် နေ့မှာတော့ မိမိ ကြိုက်နှစ်သက်သလို သုံးဆောင်နိူင်ရန် ငါးကြီးချဉ် ရပါပြီ
  • ရာသီဥတု အပူအအေးပေါ် မူတည်ပြီး ငါးကြီးချဉ် ချဉ်သည့်ချိန်လဲ အနည်းငယ် ကွာခြားတတ်ပါတယ်
  • အသုံးပြုသော ငါးတုံးရဲ့ အကြီးအသေးပေါ်မှာ မူတည်ပြီးတော့လဲ ချဉ်သည့်ချိန် ကွာခြားတတ်ပါတယ်
  • ငါးတုံး သေးငယ်ပါက ချဉ်သည့်ချိန် မြန်တတ်ကာ ငါးတုံးကြီးပါက ချဉ်သည့်ချိန် အနည်းငယ် ကြာနိူင်ပါတယ်
  • ငါးကြီးချဉ် ချဉ်သွားပြီ ဆိုပါက ချက်ချင်းကြီး ချက်မစားဖြစ်သေးပါက ငါးကြီးချဉ်မှ ထွက်နေသော အရည်များ စစ်ပြစ်လိုက်ပြီး ဇလုံကို အဖုံး ဖုံးကာ ရေခဲသေတ္တာ မခဲသော အကန့်ထဲမှာ လေးရက်မှ ငါးရက်ခန့်အထိ သိမ်းထားနိူင်ပါတယ်
  • ချက်ချင်း ချက်စားမည် ဆိုပါက ထမင်းများကိုဖယ်ပြီး ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီး လုံးခြမ်းကွဲတို့ကို ညက်နေအောင်ထောင်းကာ ဆီသတ်ပေးပြီး  ချက်ပေးနိူင်ပါတယ်။

Monday 17 July 2023

ချဉ်ပေါင်ကြော် ထမင်းသုပ်

 



မာမာ ဒီနေ့တော့ အရင်ရက်က ချဉ်ပေါင်ကြော်ထားတာလေးတွေ ကျန်နေသေးတာနဲ့ ထမင်းပူပူလေးနဲ့  ရောပြီး သုပ်စားဖြစ်ပါတယ်။

ချဉ်ပေါင်ကြော်နဲ့ ထမင်းကို သုပ်စားရတာ အရသာ ရှိလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ထမင်း - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. ချဉ်ပေါင်ကြော် - ထမင်းစားဇွန်း ခပ်မောက်မောက် သုံးဇွန်းသာသာ
  3. ငါးပိရည် ကျိုပြီးသား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများ အားလုံးကို ရောထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ သမသွားတာနဲ့  အရသာကို မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပြီးပါက ချဉ်ငံစပ် ချဉ်ပေါင်ကြော် ထမင်းသုပ်ကို စားသုံးနိူင်ပါပြီ။

Sunday 16 July 2023

ဆယ်လ်မွန်ငါး မျှစ်အရည်သောက်ဆမ်းဟင်း



မာမာ ဒီနေ့တော့ ဆယ်လ်မွန်ငါးနဲ့  မျှစ်ပြုပ်ပြီးသားလေးတွေကို အရည်သောက်ဆမ်းလေး ချက်ပါမယ် မျှစ်နဲ့ အသားတစ်ခုခု ရောပြီး ချက်လေတိုင်း အသားက အရသာ နည်းသွားပေမဲ့ မျှစ်ရဲ့ အရသာက အရမ်းကို ပိုကောင်းသွားပါတယ်။ 

လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မျှစ်ပြုပ်ပြီးသား - 1 kg
  2. ဆယ်လ်မွန်ငါး - သုံးတုံး 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  11. ခရမ်းချဉ်သီး- အနေတော်လေးလုံး
  12. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. မျှင်ငါးပိ - အနည်းငယ်
  14. နံနံပင် - မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ငါးတုံးလေးတွေကို ရေစင်အောင်ဆေးပြီး ရေစသ်ပေးပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ပြီး ဆား ငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့ နှင့် အရသာ၀င်အောင် နယ်ထားပါ
  • မျှစ်ပြုပ်ပြီးသားကို ရေငါးထပ်လောပ်နဲ့ ဆေးပေးကာ မိမိနှစ်သက်သလို လှီးထားပါ 
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ခြမ်းခွဲထားပါ
  • ခရမ်းချဉ်သီးကို ရေစင်အောင်ဆေးပြီးခပ်ပါးပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း လေးဇွန်းလောက် ထည့်ပေးပါ
  • ထိုရေထဲမှာ ပုဇွန်ငါးပိ ကြက်သွန်ထောင်း ငရုတ်သီး အရောင်တင်မှုန့် ငရုတ်သီးစိမ်းတို့ ထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ခရမ်းချဉ်သီး ငါးခေါင်းနဲ့ မျှစ်တို့ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  အကြာကြီး တည်စရာ မလိုဘဲ ရှစ်မိနစ်လောက် တည်ပေးပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
  • ပြီးတာနဲ့ နံနံပင် အုပ်ပေးပြီး မီးပိတ်ကာ ငါးနဲ့ မျှစ် အရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday 15 July 2023

ချဉ်ပေါင်ကြော်


 




ဒီနေ့တော့ မာမာ့ညီမလေး မြန်မာပြည်ကနေ ပို့ပေးလိုက်တဲ့ ချဉ်ပေါင်ဖူးနဲ့ ချဉ်ပေါင်ရွက် အခြောက်လေးတွေကို ကြော်ပါတယ်။

ချဉ်ပေါင်ဖူးနဲ့ ချဉ်ပေါင်ဖူးလေးတွေ ဖြစ်တဲ့အတွက် ကြော်ရတာတော့ အချိန်နည်းနည်း ကြာပါတယ် ချဉ်ပေါင်ဖူးနဲ့ ချဉ်ပေါင်ရွက် အခြောက်လေးတွေ ပို့ပေးတဲ့ ညီမလေးကိုလဲ ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ထပ်ပြောရင်း မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ချဉ်ပေါင်ကြော်ရန် ပါ၀င်ပစ္စည်းများ
  1. ချဉ်ပေါင်ရွက်ခြောက် - လက်တစ်ဆုတ်စာသာသာ
  2. ချဉ်ပေါင်ဖူးခြောက် - လက်တစ်ဆုတ်စာသာသာ
  3. မျှစ် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  4. ပုဇွန်ထုတ် - ဆယ့်ငါးကောင်ခန့်
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ဆယ်ငါးဇွန်းခန့်
  12. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ချဉ်ပေါင်ရွက်အခြောက်နှင့် ချဉ်ပေါင်သီးအခြောက်တို့ကို ရေနှင့် နှစ်ထပ်လောက် ဆေးပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်နှင့် ချဉ်ပေါင်ဖူးတို့ကို ဇလုံထဲမှာထည့်ပြီး ရေခပ်များများ ထည့်ပေးကာ သုံးနာရီလောက် ရေစိမ်ထားပေးပါ
  • မျှစ်ကိုနူးအောင် ပြုပ်ပေးပြီး အမျှင်လေးတွေ ရလာအောင် ခြစ်ပေးထားပါ
  • ပုဇွန်ထုတ်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ပေးပြီး ကျောဖက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ပုဇွန်များကို ထည့်ပေးကာ နှစ်မိနစ်သာသာလောက် ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်နဲ့ ချဉ်ပေါင်ဖူးတို့ကို ထည့်ပြီးမွှေပါ
  • ချဉ်ပေါင်ဖူးနဲ့ ချဉ်ပေါက်ရွက်တို့က အခြောက်လှန်းထားတာ ဖြစ်တဲ့အတွက် ရေမြုပ်အောင် ထည့်ပေးကာ တည်ပေးပါ
  • ပထမ တစ်ရည် ခမ်းသော်လည်း ချဉ်ပေါင်ရွက်များက မနူးသေးတဲ့အတွက် နောက်ထပ်တစ်ရည်မြုပ်အောင် ထပ်ထည့်ပေးပြီး တည်ပေးပါ
  • ချဉ်ပေါင်ရွက်များ နူးပြီး ကျေလာတာနဲ့ ပုဇွန်ငါးပိကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ မျှစ်ကိုထည့်ပြီး မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ ငံပြာရည်နှင့် အရသာမှုန့် ကြက်သွန်ဖြူ တို့ကိုထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  • အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက ချဉ်ပေါင်ကြော် မွှေးမွှေးလေးရပါပြီ။

Friday 14 July 2023

ငါးခေါင်း အရည်သောက်ဆမ်းဟင်း





မာမာဒီနေ့တော့ ငါးခေါင်းလေးတွေ ဝယ်လာပြီး ငါးခေါင်းသောပ်ဆမ်း ချဉ်ငံစပ်ဟင်းလေး ချက်ဖြစ်ပါတယ် အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် မာမာက ဆီမထည့်ဘဲ ချက်ထားပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးခေါင်းသောက်ဆမ်း ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးခေါင်း - တစ်ကောင် (တစ်ကီလိုခန့်)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. သံပုရာသီး - အနေတော် တစ်လုံး ( ဟင်းအိုးထဲထည့်ရန်)
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  12. ရေ - ယောက်ချိုဇွန်း လေးဇွန်း
  13. ဆား - ထမင်းစားဇွန်းတစ်ဇွန်း (ငါးခေါင်းဆေးရန်)
  14. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ (ငါးခေါင်းဆေးရန်)
  15. သံပုရာသီး - တစ်လုံး (ငါးခေါင်းဆေးရန်)
ပြင်ဆင်ပုံ
  • ငါးခေါင်းများကို အကြေးခွံနှင့် မလိုတာတွေ ဖယ်ပေးပြီး မန်ကျည်းသီးမှည့် ဆား သံပုရာရည်တို့ထည့်ကာ အညှီနံ့နဲ့ အချွဲများကုန်အောင် နယ်ဖတ်ပြီး သန့်စင်ကာ ရေဆေးပေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ အနေတော် အတုံးလေးတွေတုံးကာ ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ရေယောက်ချိုဇွန်း လေးဇွန်းစာကို ထည့်ပြီး အပူပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့  ပုဇွန်ငါးပိ ငရုတ်သီးစိမ်း ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ထည့်ပေးကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ 
  • ရေပွက်ပွက်ဆူလာတာနဲ့ ရေထဲကို အရသာ နယ်ထားသော ငါးများကို ထည့်ပေးပါ
  • ငါးခေါင်းရဲ့ အသားများ မာလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို  ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ငါးအရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ၇နှစ်မိနစ်လောက်ဘဲ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ ငံပြာရည်နှင့် သံပုရာရည် ထည့်ပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  နံနံပင် အုပ်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • ငါးခေါင်း အရည်သောက်ဆမ်း ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Wednesday 12 July 2023

ဂဏန်း မဆလာဟင်း





ဂဏန်းကို ကြော်လို့တဖုံ ပြုပ်လို့တသွယ် မီးဖုတ်လို့တမျိုး အမွှေးနံ့သာ အရသာအစုံနဲ့ ချက်ကြလို့တနည်း စတိုင်အမျိုးမျိုးနဲ့ ချက်ကြပေမဲ့ မာမာကေတာ့ ကိုယ်စားနေကျ  တောချက်လေး ချက်မယ်လို့ စိတ်ကူးမိသွားခဲ့တယ်။

ထမင်နဲ့စားရင် ကောင်းမလား ဒီတိုင်းဘဲစားလိုက်ရင် ကောင်းမလား စဉ်းစားမိရင်းက မဆလာ နိူင်နိူင်အုပ်ထားတဲ့ ဂဏန်းဟင်းကို တောဓလေ့နည်းအတိုင်း အမြန်ချက်ဖို့ ပြင်လိုက်မိပါတော့တယ်။

တောချက်လေးမို့ စားမိသူတိုင်း ကြိုက်ကြမယ်လို့ ထင်ပါတယ် ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် ဂဏန်းတောချက် မဆလာနံ့ တလှိုင်လှိုင်နဲ့ မွှေးနေတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဂဏန်း - ၄ကောင် 
  2. ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ 
  4. ကြက်သွန်နီ - အနေတော် တစ်ဥ 
  5. ချင်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်ပဲ
  7. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း    
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ  
  12. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ၇ဇွန်း

ပြင်ဆင်ပုံ
  • ဂဏန်းအကောင်များကို ရေစင်အောင်ဆေးပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများ ဖယ်ပေးပါ
  • အခွံအမာ အုံကို ခွာထားသော ဂဏန်းကို အကောင်ကြီးပါက အလယ်မှနေ၍ ထက်၀က်ပိုင်းပေးပါ
  • သန့်စင်ထားသော ဂဏန်းများကို ဇလုံထဲထည့်ပြီး ဆား ငံပြာရည် နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောထောင်းထားပါ
  • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးကိုအပူပေးပါ
  • အိုးပူလာတာနဲ့ ဆီကိုထည့်ပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ဂဏန်းကို အထက်အောက် သမအောင် ၃ချက်လောက် ထည့်မွှေပါ
  • ဂဏန်းများ အရောင်းပြောင်းလာတာနဲ့ ဆီသတ်နာစေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပြီဆိုတော့မှ ပဲငံပြာရည်နှင့် ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်၍ တည်ပေးပါ
  • ရေမခမ်းခင် မကျည်းမှည့်အနှစ်နှင့် မဆလာထည့်၍ သမအောင် မွှေပေးပြီး အရသာမြည်းပါ
  • အရသာ လိုသလို ပြင်ပေး၍ ရေခမ်းပြီး ဆီပြန်တာနဲ့ မဆလာနံ့သင်းနေတဲ့ တောချက် ဂဏန်းဟင်းဆီပြန် မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

Friday 7 July 2023

မုံလာဥ ကန်စွန်းရွက် ချဉ်ရည်ဟင်း

 


ဈေးကိုသွားဖြစ်တိုင်း ကိုယ်စားချင်တဲ့ အသီးအရွက်လေးတွ ဝယ်ဖြစ်ပါတယ် ဒီနေ့တော့ မုံလာဥနဲ့ ကန်ကိုစွန်းရွက်လေးတွေ ရောပြီး ပုဇွန်ထုတ်လေးတွေနဲ့ ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့  မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. မုံလာဥ အဖြူ - အနေတော် ငါးပင် (အပင်နဲ့ဥတွဲရက်)
  2. ကန်စွန်းရွက် - ဆယ်ပင်ခန့်
  3. ခရမ်းချဉ်သီး - လေးလုံးခန့်
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တဆစ်ခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. မန်ကျည်းသီးမှည့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ပုဇွန်ထုတ် - ဆယ်ကောင်
  15. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ရှမ်းနံနံရွက်ကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ
  • မုံလာဥကို အခွံခွာပြီး သင့်သလိုလှီးကာ ရေဆေးထားပါ
  • ကန်စွန်းရွက်ကို အနေတော်လေးတွေ လှီးပေးပြီး ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ ခရမ်းချဉ်သီးများ ကန်စွန်းရွက်များ လှီးထားသော မုံလာပင်နှင့် မုန်လာဥများ ပုဇွန်ထုတ် နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥနှင့် မုန်လာရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ကန်စွန်းရွက် မုန့်လာရွက်နှင့် မုံလာဥများ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး  ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  • ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ မုံလာဥ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

Thursday 6 July 2023

အမဲရိုးပြုပ်

 

ဒီနေ့တော့ အမဲရိုးလေးတွေ ဝယ်လာပြီး အမဲရိုး ပြုပ်လေး ပြုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး အမဲရိုး ပြုပ်ထားတဲ့ ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. အရိုးအသားတွဲနေသော အမဲရိုး  - 1 kg
  2. မုံလာဥဖြူ - အနေတော် တစ်ဥ
  3. အပ်မှို - မိမိနှစ်သက်သလောက်
  4. ချင်း -  တစ်လက်မခန့် 
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်နှစ်မွှာ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • အမဲရိုးကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • မုံလာဥကို အခွံခွာပြီး ရေဆေးကာ အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ရေခပ်များများထည့်ပြီး အမဲရိုးထည့်ကာ ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ သုံးမိနစ်လောက် ပြုပ်ပေးကာ ရေများကို သွန်ပေးပါ
  • ပြီးတော့မှ အိုးထဲမှာ ချင်း ဆား အချိုမှုန့် ရေနှင့် မုံလာဥများထည့်ကာ အမဲရိုး နူးတဲ့အထိ ပြုပ်ပေးပါ
  • အမဲရိုး ချင်း ဆား နှင့် ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေကိုပွက်ပွက် ဆူအောင်တည်ပေးရင်း ရေလိုအပ်ပါက ထပ်ထပ်ထည့်ပေးပါ 
  • ရေပွက်ပွက် ဆူလာပြီး အပေါ်ယံမှာ အမြှုပ်များ တက်လာပါက အပေါ်ယံ အမြှုပ်များ ခပ်ပြီးသွန်သွန်ပေးပါ
  • အမဲရိုးအနံ့ ပျောက်လာအောင် နာရီ၀က်လောက် အရင်ပြုပ်ပေးပြီး တက်လာသမျှ အမြုပ်များကို ခပ်ပြီးသွန်ပေးပါ
  • အမဲရိုးပြုပ်ရည် အမွှေးနံ့သင်းလာတာနဲ့ ဆား အချိုမှုန့်နှင့် ရေလိုသလောက်ထည့်ကာ ဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည်အရသာကို မြည်းပြီး မိမိစိတ်ပြိုက် အရသာ ရလာအောင် ပြင်ပေးပြီး  ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ထည့်ပေးကာ မီးမျှင်းမျှင်းနှင့် တည်ထားပါ
  • ဟင်းရည်သောက်ခါနီး ပူနေပါမှ အရသာရှိပြီး မွှေးရနံ့သင်းပျံ့တဲ့ အမဲရိုး အရသာကို ရမှာ ဖြစ်ပါတယ်။
  • ဟင်းရည် အဆင်သင့် ဖြစ်တာနဲ့ မိမိနှစ်သက်တာလေးတွေနဲ့ တွဲဘက်ပြီး သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday 5 July 2023

မုံလာဥ အစိမ်းသုပ်


 


မာမာ ဒီနေ့တော့ မုံလာဥကို အစိမ်းသုပ်လေး သုပ်စားဖြစ်ပါတယ် အသားစားရတာကို မနှစ်သက်တဲ့ သူတွေအတွက်တော့ အခုလို အသုပ်လေးတွေက ထမင်းကို အရမ်းမြိန်စေပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ မုံလာဥ အစိမ်းသုပ် အသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုံလာဥ - အနေတော်တစ်ဥ
  2. မြေပဲလှော်ထောင်း - ထမင်းစားဇွန်း နှစ်ဇွန်း
  3. သံပုရာသီး - အနေတော် တစ်ခြမ်း
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. ပြင်ဆင်ပုံ

    • မုံလာဥကို အပြင်ခွံများ ခွာကာ ရေစင်အောင် ဆေးပေးပါ
    • ပြီးတာနဲ့ ခြစ်တံနှင့် ခြစ်ပေးပါ
    • ခြစ်ပြီးသား မုံလာဥများကို ရေခဲရေထဲမှာ နာရီဝက်လောက် စိမ်ပေးကာ ရေစစ်ထားပါ
    • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
    • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
    • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
    • ဇလုံကျယ်ကျယ်ထဲမှာ ခြစ်ထားသော မုံလာဥများ ကြက်သွန်နီ မြေပဲလှော်ထောင်း  ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် သံပုရာရည် တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
    • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ချဉ်ငံစပ် အရသာလေးနဲ့ မုံလာဥ အစိမ်းသုပ် အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Tuesday 4 July 2023

မျှစ်ချဉ်ငံစပ် အရည်သောက်ဆမ်းဟင်း





မာမာ ဒီနေ့တော့ မျှစ်ပြုပ်ပြီးသားလေးတွေကို ထမင်းစားလို့ မြိန်စေမဲ့ အရည်သောက်ဆမ်းလေး ချက်ပါမယ် လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မျှစ်ပြုပ်ပြီးသား - 1 kg
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ခရမ်းချဉ်သီး - လေးလုံး
  9. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ထက်ရည်ဇွန်း တစ်ဇွန်း
  11. မျှင်ငါးပိ - အနည်းငယ်

ပြင်ဆင်ပုံ
  • မျှစ်ပြုပ်ပြီးသားကို ရေငါးထပ်လောက် ဆေးပေးကာ မိမိနှစ်သက်သလို လှီးထားပါ 
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ခြမ်းခွဲထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း လေးဇွန်းလောက် ထည့်ပေးပါ
  • ထိုရေထဲမှာ ပုဇွန်ငါးပိ ကြက်သွန်ထောင်း ခရမ်းချဉ်သီး ငရုတ်သီးစိမ်းတို့ ထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ မျှစ်ကိုထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  အကြာကြီး တည်စရာ မလိုဘဲ ရှစ်မိနစ်လောက် တည်ပေးပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
  • ပြီးတာနဲ့ နံနံပင် အုပ်ပေးပြီး မီးပိတ်ကာ မျှစ် အရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။