ဟင်းချက်ရတာ ပျင်းတဲ့နေ့တွေဆိုရင် အခုလို ဟင်းတစ်မယ်ထဲနဲ့ အရသာ အစုံပါတဲ့ ဟင်းမျိုးလေးတွေကို မာမာတစ်ယောက် ချက်တတ်ပါတယ်။
ဒီနေ့ချက်တဲ့ ကြက်သားခရုဆီကြော်ထဲမှာတော့ နံနံပင်လေးတွေ အုပ်ထားတဲ့အတွက် အရသာ တစ်မျိုးလေး ထူးစေတဲ့အတွက် ချက်စားကြည့်ဖို့လဲ တိုက်တွန်းလိုက်ပါတယ်။
ဟင်းတစ်မယ်ထဲမှာ အရသာ မျိုးစုံ ပါတဲ့အတွက် ထမင်းပူပူလေးနဲ့သာ စားလိုက်ရရင်တော့ တခြားဟင်းတွေ မပါရင်တောင် ပြည့်စုံစေတဲ့ ဟင်းတစ်မယ် ဖြစ်စေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 150 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- နနံနံပင် - မိမိနှစ်သက်သလောက်
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ရေ - ထမင်းစားဇွန်းငါးဇွန်း
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း (အစိမ်းကြော် ကြော်ရန်)
အစိမ်းကြော် အရသာထည့်ရန်
- ပဲငံပြာရည်အကြည်
- ခရုဆီ
- နနွင်းမှုန့်
- အရသာမှုန့်
- ပဲငံပြာရည် အပျစ်
- ဆား
- နှမ်းဆီနှင့် ရေတို့ကို ဇလုံတစ်လုံးထဲမှာထည့်ပြီး ဖျော်ထားပါ
ပြင်ဆင်ပုံ
- ကြက်သားကို အတုံးလိုက် ရေဆေးပြီး ပုံပါအတိုင်း ခပ်သေးသေး အတုံးလေးတွေလှီးထားပါ
- နံနံပင်ကို ရေဆေးပြီး လက်နှစ်ဆစ်စာလောက်လေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပေးကာ အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သားကို ထည့်ကြော်ပေးပါ
- ကြက်သားတုံးလေးတွေ အနည်းငယ် မာလာနဲ့ ရေမြုပ်အောင်ထည့်ပြီး ချက်ပေးပါ
- ကြက်သားအိုးထဲမှာ ရေခမ်းလာပါ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
- ကြက်သွန်နံ့လေး သင်းလာတာနဲ့ အရသာ စပ်ထားသော အရည်ကို လောင်းထည့်ပြီး မွှေပေးပါ
- မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ နံနံပင် ထည့်မွှေပေးပါ
- နံနံပင် ထည့်မွှေပြီးတာနဲ့ ကြက်သား ခရုဆီ အချိုကြော် ချိုစိမ့်စိမ့်လေးကို ထမင်းပူပူ ဟင်းပူပူလေးနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါ။
No comments:
Post a Comment