Sunday 28 April 2013

ပုဇွန်လုံး ချိုချဉ်ကြော်

ပုဇွန်လုံးချိုချဉ်

ပုဇွန်လုံးချိုချဉ်ဟင်းလေးပါ ထမင်းမိန်စေတဲ့ဟင်းလေးဆိုလဲ မမှားပါဘူး သမုဒ္ဒရာ ဝမ်းတထွာအတွက် နေ့စဉ်ချက်ရတဲ့ ဟင်းလေးတွေမို့ စားမိန်အောင် ရှာကြံချက်ရတဲ့ ဟင်းလေးတွေဆိုပါတော့။

အသားချည်း မစားတဲ့ကလေးအတွက် အသီးအရွက်လေးတွေလဲပါအောင် တစ်ချက်ခုတ်နှစ်ချက်ပြတ် ချက်လိုက်တဲ့ ဟင်းလေးဆိုလေး မမှားဘူးပါဘူး။

ပုဇွန်နံ့ပျောက်အောင် မာမာ ငရုတ်ကောင်းမှုန့်လေးထဲ့ပြီး နယ်ပေးထားပါတယ် တစ်ချို့ကရေငံပုဇွန်နံ့ကို မကြိုက်ကြပါဘူး မာမာကိုယ်တိုင်လဲ ရေငံပုဇွန်ရဲ့အနံ့ကိုမကြိုက်ပါဘူး ရေချိုပုဇွန်လို မဟုတ်တဲ့အတွက် သူ့အနံ့ကိုပျောက်အောင်လုပ်ပြီးမှ ချက်တာကိုစားလို့ရပါတယ်။
ချက်နည်းလေး မျှဝေပေးပါမယ်
  • ပုဇွန်လုံးအရသာနယ်ရန်
  1. အခွံခွာပြီးကြောမှခွဲကာအမဲကြောင်းထုတ်၍နုတ်နုတ်စင်းထားသောပုဇွန် - 200 g
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  3. ဆား - လက်ဖက်ရည်ဇွန်း တဇွန်းမရှိတရှိ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ငါးပုံတပုံ
  6. ကော်မှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ (အားလုံးရောနယ်ပြီးကြော်ပေးပါမယ်)
  7. ဆီ - လက်ဖက်ရည်ပန်းကန် တလုံး
  • လိုအပ်သောအသီးအရွက်
  1. ပန်းပွင့်ပုံလှီးထားသောမုံလာဥနီ - တဥ
  2. ခပ်ကြမ်းကြမ်းလှီးထားသောဂေါ်ဘီ - နှစ်ဖတ်
  3. ခပ်ကြမ်းကြမ်းလှီးထားသောမုန့်ညှင်းဖြူ - နှစ်ရွက်
  4. အနေတော်လှီးထားသောပဲတောင့်ရှည် - ငါးတောင့်
  5. ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ  - သုံးမွှာ
  • ကြော်ရန်
  1. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  2. ငံပြာရည် အကြည် - ထမင်းစားဇွန်း တဇွန်းခွဲ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  4. Sweet&sour အနှစ် - ထမင်းစားဇွန်း နှစ်ဇွန်း (ခရမ်းချဉ်သီး ဆော့ထဲ့ရင်လဲရပါတယ်)


ပုဇွန်လုံအရသာနယ်ရန်ပြင်ပြီးပါက
  1. အားလုံးကိုရောပြီးနယ်ပေးပါ
  2. အနေတော်အလုံးလေးများလုံးပေးပါ


ပုဇွန်လုံးလေးများ လုံးပြီးပါက
  1. မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာ နှစ်ဖက်လုံးရွှေဝါရောင်သန်းလာအောင်ကြော်ပေးပါ
  2. ကျက်သွားပါက ဆယ်ပြီးဆီစစ်ပေးထားပါ

အသီးအရွက်များကို ရေစင်အောင်ဆေးပြီးအနေတော်လှီးဖြတ်ပေးထားပါ


ကြော်ရန်ပြင်ပါမယ်


စပြီးကြော်ပါတော့မယ်
  1. မီးအနေတော်နှင့် ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို မွှေးလာတဲ့ထိကြော်ပေးပါ
  2. ကြက်သွန်ဖြူမွှေးလာပါက အသီးအရွက်များထဲ့ပြီး မိနစ်ဝက်လောက်ဘဲကြော်ပေးပါ
  3. ပြီးလျှင်ချိုချဉ်အနှစ်ရည် ငံပြာရည်နှင့်ဟင်းခတ်မှုန့်ထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပေးပါ
  4. နောက်ဆုံးမှ ပုဇွန်လုံးကိုထဲ့ပြီး တမိနစ်လောက် ကြော်ပေးပြီးရင်ရပါပြီ

ပုဇွန်လုံး ချိုချဉ်ကြော်လေးရပါပြီ

Saturday 27 April 2013

ပုဇွန်ကင်

ပုဇြန္မံုလာဥနီဆီပူထိုး

စားလို့အရမ်းကောင်းတဲ့ ပုဇွန်ဆီပူထိုးလေးပါ မာမာတော ကြိုက်မိပြီဆိုရင် ခနခနပြန်ပြန် ချက်တတ်ပါတယ် မာမာ့ကလေးတွေပြောတဲ့ ဒေါ်နှစ်ခါချက်ဆိုတဲ့ နာမည်လေးကို ထိမ်းထားတဲ့အနေနဲ့ပေါ့  ကြိုက်ပြီဆို ထပ်ထပ်ချက်တတ်လို့လေ။

ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့ ဟင်းလေးပါ ချက်ရတာလဲလွယ်ပါတယ်
ငရုတ်ကောင်းမှုန့်လေးထဲ့ပြီး ဆီပူထိုးထားလို့ မွှေးလဲအရမ်းမွှေးပါတယ် ငရုတ်ကောင်းက ပုဇွန်အနံ့ကို ထိမ်းပေးတဲ့အတွက် ပုဇွန်အနံ့မကြိုက်သူတွေအတွက် အရမ်းးအဆင်ပြေတဲ့ ပုဇွန်ထုတ်ဆီပူထိုး ဟင်းလေးပါ။

ထမင်းပူပူလေးနဲ့ စားကြဖို့ ပုဇွန်ဆီပူထိုးချက်နည်းလေး မျှဝေပါမယ်
ပါဝင်တာလေးတွေက
  • အခွံခွာပြီးကြောခွဲကာ အမဲကြောင်းထုတ်ထားသောပုဇွန် - 200g
  • ပါးပါးလှီးထားသောမုံလာဥနီ - နှစ်ဥ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပုဇွန်အရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ငါးပုံတပုံ
  • Parsley Flakes - လက်ဖက်ရည်ဇွန်း တဇွန်း (မရှိရင်မထဲ့လဲရပါတယ်)
မုံလာဥနီအရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

ပုဇွန်ဆီပူထိုးဖို့ပြင်ပါတယ်


မီးအနေတော်နှင့်အပူပေးထားသောဆီပူမှာ ပုဇွန်ကိုတကောင်ချင်းထဲ့ပြီး
တဖက်ကျက်ရင်တဖက်ကို လှန်ပေးပါ လေးမိနစ်အတွင်း တဖက်စီလှန်လှန်ပေးရင်ရပါပြီ


ပုဇွန်ဆီပူထိုးလို့ကျန်နေတဲ့ဆီပူပူထဲမှာ မုံလာဥနီကိုထဲ့ပြီး
ခပ်ကြွတ်ကြွတ်လေးရအောင် တမိနစ်လောက် ဆီပူထိုးပေးပါတယ်


ပုဇွန်ဆီပူထိုးမွှေးမွှေးလေးရပါပြီ

Friday 19 April 2013

သီးသုံ ပဲကုလားဟင်း



ဒီနေ့တော့ ငှက်ပျောသီးစိမ်းနဲ့ သီးစုံပဲဟင်းချက်နည်း တင်ပေးလိုက်တယ် ငှက်ပျောသီးအစိမ်းနဲ့ ချက်ထားတာမို့ စားရတာ စေးထန်းထန်းလေးနဲ့ စားလို့အရမ်းကောင်းပါတယ် မစားဖူးသူများအတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. အစေ့မပျောက်အောင် ပြုပ်ထားသော ကုလားပဲခြမ်း - ဟင်းပြင်ပန်ကန် တစ်လုံးစာ
  2. ငှက်ပျောသီးအစိမ်း - နှစ်လုံး
  3. အာလူး - နှစ်လုံး
  4. ဒန့်ဒလွန်သီး - လေးတောင့်
  5. မုံလာဥ - တပင်
  6. ပျဉ်းတော်သိမ်းရွက် - ၇ခက်
  7. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ချင်း - လက် တစ်ဆစ်လောက်
  9. ကြက်သွန်နီ - တစ်ခြမ်း
  10. ကြက်သွန်ဖြူ - သုံးမွှာ
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  14. မကျီးသီးအနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  16. ရေ - တရုတ်ဟင်းရည်သောက်ပန်းကန် နှစ်လုံး


ပြင်ဆင်ပုံ


ပဲနှင့် သီးစုံချဉ်ရည်ဟင်းရန်


လိုအပ်သလို ပြင်ဆင်ထားပါ


ကြက်သွန်ဖြူ ချင်း ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်တို့ကို 
အရင်ဆုံးမွှေးလာတဲ့ထိဆီသတ်ပေးပြီးမှ 
ပျဉ်းတော်သိမ်းရွက်ကိုထဲ့ပြီး ဆီသတ်ပေးပါ


ပျဉ်းတော်သိမ်းရွက်အနံ့ မွှေးလာပါက ကျန်သော
အသီးအရွက်များနှင့် ငံပြာရည်တို့ထဲ့ပြီးဆီသတ်ပေးပါ


အသီးအရွက်များကို အိုးတစ်လုံးထဲသို့ ပြောင်းပြီးရေကို 
တရုတ်ဟင်းရည်သောက်ပန်းကန်နှစ်လုံးစာလောက်ထဲ့ပြီး
 ဆားနှင့်အရသာမှုန့်တို့ထဲ့ပြီး အသီးအရွက်များ 
နူးတဲ့ထိတည်ပါ အသီးအရွက်များနူးသွားမှ 
ပြုပ်ထားသောပဲနှင့် မကျီးနှစ်ကိုထဲ့ပြီး ဟင်းရည်ဆူအောင်
တည်ပေးပါ ဟင်းရည်ပွက်ပွက်ဆူလာပါက 
အရသာမြည်းပြီး လိုသလိုပြင်ပါ


ငှက်ပျောသီးနှင့်ပဲ သီးစုံချဉ်ရည်ဟင်း

Friday 12 April 2013

ပုဇွန်ကင်

ပုဇြန္ဆီပူထိုး

မာမာတို့ဒီနေ့လုပ်စားဖြစ်တဲ့ ပုဇွန်ဆီပူထိုးလေးပါ စားလို့ကောင်းပါတယ် အခုလိုဆီပူလေးထိုးလိုက်တာက အရသာတစ်မျိုးလေးပါ ဝါးလို့ကောင်းသလို မွှေးလဲမွှေးပါတယ် ဆီအကုန်အကျသက်သာသလို ဆီနဲနဲဘဲပါတဲ့အတွက် ကျန်းမာရေးနဲ့လဲပိုပြီး ညီညွတ်စေတဲ့ ဟင်းလေးပါ။
ပါဝင်တာလေးတွေက
  • အခွံခွာပြီးကြောမှခွဲကာအမဲကြောင်းလေးထုတ်ထားသောပုဇွန်ထုတ် - 200 g
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • Parsley flakes - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ

အရသာများထဲ့ပြီးနယ်ပေးပါ


 နယ်ပြီးပါကအရသာများ ပုဇွန်အသားထဲသို့ဝင်သွားအောင်
ဆယ်မိနစ်လောက် နှပ်ထားပေးပါ


မီးအနေတော်နှင့်အိုးကိုအပူပေးပြီး ပူလာပါက ဆီကိုထဲ့ပြီးမှ
 ပုဇွန်များကို တကောင်ချင်းထဲ့ပေးပါ


ဟိုဘက်ဒီဘက် သုံးခါလောက်လှန်လှန်ပေးပြီး
 လေးမိနစ်လောက်ဆိုရင်ရပါပြီ


ဆီပူထိုးထားတဲ့ ပုဇွန်ထုတ်မွှေးမွှေးလေးရပါပြီ

Wednesday 10 April 2013

Cracker


ဒီနေ့တော့ မာမာ့သမီးလေးက အိမ်မှာစားဖို့အတွက် Cracker လေးတွေ ဖုတ်ပါတယ် ငံမြမြလေးနဲ့ စားလို့အရမ်းကောင်းတဲ့ မုန့်လေးပါ။

နှမ်းစေ့နဲ့ ဘိန်းစေ့လေးတွေကလဲ  မွှေးနေတာမို့လို့ မာမာတော့ တော်တော်လေးကို ကြိုက်ပါတယ် အပျင်းပြေ ထိုင်ဝါးရင်ဘဲဖြစ်ဖြစ် အစာပြေ ထိုင်စားရင်ဘဲဖြစ်ဖြစ် အရမ်းကို အဆင်ပြေတဲ့ မုန့်လေးပါ။

လုပ်ရတာလဲ လွယ်ကူရိုးရှင်းပြီး ထည့်ရတဲ့ ပစ္စည်းတွေကလဲ အလွယ်တစ်ကူဘဲ ဝယ်လို့ရတဲ့အတွက် သားသားမီးမီးတို့အတွက် သရည်စာ မုန့်လေးတွေ လုပ်စားကြည့်စေချင်ပါတယ်။

Cracker အခုငါးဆယ်စာအတွက် ပါဝင်ရမှာလေးတွေကတော့

  • 1 1/2 cups plain flour
  • 1 tsp - သကြား
  • 1 tsp - ဆား
  •  2 tbs - သံလွင်ဆီ
  • 1/2 cup - ရေ
မုန့်သားပေါ်တွင်ဖြူးရန်
  • 1 tbs - နှမ်းစေ့
  • 1/2 tbs - poppy seed (ဘိန်းစေ့)
  • 1/2 tsp - ဆား (အားလုံးကိုရောမွှေပေးထားပါ)

ပြင်ဆင်ပုံ

  1. Cracker လုပ်ရန် ပြင်ပါမယ်
  2. ပထမဆုံး ဂျုံမှုန့် သကြားနှင့်ဆားတို့ကို ရောကာမွှေပေးပါ
  3. သမြသွားပြီးမှ ဆီနှင့်ရေကိုရောကာ မုန့်သားရအောင် နှဲပေးပါ
  4. မုန့်သားကို ဒိုးလုံးရအောင် နှဲပေးကာ ရလာသော ဒိုးလုံးကို သုံးလုံးပြန်ခွဲပေးပါ
  5. ပြီးတာနဲ့ cracker အခုငါးဆယ်ရအောင် ပြင်ပေးပါ
  6. မုန့်မဖုတ်ခင် မိနစ်နှစ်ဆယ်လောက်က ကြိုပြီး မီးအာ3း20ဒီဂရီဖြင့် oven ကိုဖွင့်ပေးထားပါ
  7. မုန့်လုပ်ရန် ပြင်ပေးပါ
  8. ပထမဆုံး မုန့်သားကို ဒလှိမ့်တုံးနှင့် မလှိမ့်မီ စားပွဲပေါ်သို့ ဂျုံမှုန့်အနည်းငယ် ဖြူးပေးပြီးမှ မုန့်ဒိုးသားကိုတင်ကာ ဒလှိမ့်တုံးနှင့် လှိမ့်ပေးပါ
  9. ဒလိမ့်တုံးနှင့် လှိမ့်နေစဉ် မုန့်သားကို ပါးနိုင်သမျှပါးအောင် လှိမ့်ပေးပါ 
  10. လှိမ့်ပေးနေစဉ် မုန့်သားက ပြန်ပြန်ပြီး ကျုံ့သွားတတ်တဲ့အတွက် အသာလေးချော့ပြီး လှိမ့်ပေးပါ
  11. လိုချင်သော အနေအထားသို့ရောက်ပါက ဂျုံပြားကို ရေအနည်းငယ်စွတ်ပြီး နှမ်းစေ့ poppyစေ့ နှင့် ဆားတို့တို့ကို ဖြူးပေးပါ
  12. ပြီးမှ လိုချင်သော ပုံစံလေးများရအောင် လှီးဖြတ်ပေးပါ 
  13. ကျန်ဒိုးလုံးများကိုလဲ အထက်ပါ နည်းအတိုင်း မုန့်သားကုန်တဲ့အထိ လုပ်ပေးပါ
  14. အားလုံးပြီးတာနဲ့ မုန့်ဖုတ်မည့် ဗန်းထဲသို့ baking paper ခင်းကာ ထိုဗန်းထဲသို့ ဖြတ်ထားသော မုန့်သားများကို အသာလေး ကော်ထဲ့ပေးပါ 
  15. မုန့်ဖုတ်ရာတွင် မုန့်သားများ အကျက်ညီစေရန် ထိုမုန့်သားလေးများကို ခရင်းနှင့် သုံးလေးချက်လောက် လိုက်ပေါက်ပေးပါ
  16. မုန့်မဖုတ်ခင် မိနစ်နှစ်ဆယ်လောက်က ကြိုတင်ပြီး 320ဒီဂရီအားဖြင့် မီးဖွင့်ကာ အပူပေးထားသော ovenထဲသို့ မုန့်ဗန်းကိုထဲ့ပြီး ၁၅ မိနစ်မှမိနစ်၂၀အတွင်း ဖုတ်ပေးပြီးရင် စားချင့်စဖွယ် cracker လေးများရပါပြီ။


Cracker လုပ်ရန်ပြင်ပါမယ်

ပထမဆုံးဂျုံ သကြားနှင့်ဆားတို့ကိုရောကာ မွှေပါ
 ပြီးမှဆီနှင့်ရေကိုရောကာ မုန့်သားရအောင် နှဲပေးပါ

မုန့်သားကို ဒိုးလုံးရအောင်နှဲပေးကာ ရလာသောဒိုးလုံးကို
သုံးလုံးပြန်ခွဲပြီး cracker အခုငါးဆယ်ရအောင်
မုန့်လုပ်ရန်ပြင်ပေးပါ

ပထမဆုံး မုန့်သားကို ဒလှိမ့်တုံးနှင့် မလှိမ့်မီ 
စားပွဲပေါ်သို့ ဂျုံမှုန့်အနည်းငယ်ဖြူးပေးပြီးမှ
မုန့်ဒိုးသားကိုတင်ကာ ဒလှိမ့်တုံးနှင့် လှိမ့်ပေးပါ

ဒလိမ့်တုံးနှင့် လှိမ့်နေစဉ် မုန့်သားကို ပါးနိုင်သမျှပါးအောင် 
လှိမ့်ပေးပါ လှိမ့်ပေးနေစဉ် ပြန်ပြန်ပြီး ကျုံ့သွားတတ်တဲ့အတွက်
 အသာလေးချော့ပြီး လှိမ့်ပေးပါ

လိုချင်သော အနေအထားသို့ရောက်ပါက ဂျုံပြားကို 
ရေအနည်းငယ်စွတ်ပြီှးနှမ်းစေ့ poppyစေ့ နှင့်ဆားတို့တို့ကို
 ဖြူးပေးပါ ပြီးမှ လိုချင်သော ပုံစံလေးများရအောင်
လှီးဖြတ်ပေးပါ ကျန်ဒိုးလုံးများကိုလဲ ထိုနည်းအတိုင်း လုပ်ပေးပါ

မုန့်ဖုတ်မည့်ဗန်းထဲသို့ baking paper ခင်းကာ 
ထိုဗန်းထဲသို့ ဖြတ်ထားသော မုန့်သားများကို 
အသာလေးကော်ထဲ့ပေးပါ မုန့်ဖုတ်ရာတွင် 
မုန့်သားများအကျက်ညီစေရန်
ထိုမုန့်သားလေးများကို ခရင်းနှင့် သုံးလေးချက်လောက် 
လိုက်ပေါက်ပေးပါ

မုန့်မဖုတ်ခင် မိနစ်နှစ်ဆယ်လောက်ကကြိုပြီး 
320ဒီဂရီအားဖြင့် မီးဖွင့်အပူပေးထားသော ovenထဲသို့ 
မုန့်ဗန်းကိုထဲ့ပြီး ၁၅ မိနစ်မှမိနစ်၂၀အတွင်း ဖုတ်ပေးပြီးရင် 
စားချင့်စဖွယ် cracker လေးများရပါပြီ။

Tuesday 9 April 2013

ပင်လယ်စာ ကြာဇံသုပ်







မာမာတို့သားအမိနှစ်ယောက် ဈေးလဲမသွားဖြစ်လို့ ရေခဲသတ္တာထဲမှာ ရှိတာလေးတွေကို ဟင်းဖြစ်အောင်လို့ တစ်နေ့တစ်မျိုး မရိုးရအောင် လုပ်စားနေကြပါတယ် ကျန်နေသေးတဲ့ ပင်လယ်စာလေးတွေကို ဒီနေ့တော့ သံပုရာသီးလေးနဲ့ အသုပ်စုံလေး သုပ်စားကြပါတယ် သိပ်ကတိကထ မများတဲ့ အသုပ်လေးဖြစ်ပြီး စားရတာလဲ တော်တော်လေး ကောင်းပါတယ်။

တစ်ခါတစ်ရံ အသုပ်လေးသုပ်ပြီး ထမင်းပူပူလေးနဲ့ စားရတာလဲ တော်တော်ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုတိထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပင်လယ်စာ အစုံ - 200 g
  2. ဆန်ကြာဆန်အခြောက် - 50 g
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
  6. နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ကြာဇံအရောင်အတွက် သုံးရန်)
  7. ဆီ - လိုသလောက်
  8. အရသာမှုန့် - လိုသလောက်
  9. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  10. ငါးငံပြာရည် - လိုသလောက်
  11. နံနံပင် - လိုသလောက်
  12. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  13. ကြက်သွန်ဖြူ  - အမွှာကြီးကြီး (၁၃မွှာ ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  14. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
  16. ဂေါ်ဖီ - အနည်းငယ်
အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  • ဆီချက်
  • ငံပြာရည်
  • ပုဇွန်ခြောက်မှုန့်
  • ပဲအကျက်မှုန့်
  • ငရုတ်သီး အလှော်မှုန့်
  • ကြက်သားမှုန့်
  • သံပုရာသီး
  • နံနံပင်
ကြာဇံပြုပ်ရန်
  • ဆန်ကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော ကြာဇံကို ရေသွန်ပြီး ကြာဇံအရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် သုံးမိနစ်လောက်ကြာတာနဲ့ ရေနွေးစိမ်ထားသော ကြာဇံကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
  • တစ်ခါတစ်လေ ရေနွေးစိမ်ရန် အသုံးပြုသော ကြာဇံသည် ဆန်အပျော့ အမာပေါ် မူတည်သောကြောင့် အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
ဆီချက် ချက်ရန်
  • ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ 
  • ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူများ အ၀ါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  • ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ
အသုပ် တပွဲစာပြင်ရန်
  • အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ပင်လယ်စာအစုံကို ရေနွေးဆူဆူထဲမှာ သုံးမိနစ်ခန့် ပြုပ်ပြီး ရေစစ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို အခွံခွာပြီး အမွှာလေးတွေ ခွာထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆန်ြကာဇံ တစ်ပွဲစာနှင့် ပင်လယ်စာ လက်တစ်ဆုတ်စာတို့ကို ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ နံနံပင်တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • ပင်လယ်စာ ကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ

Sunday 7 April 2013

ပင်လယ်စာ ချဉ်ပေါင်ဟင်း


မာမာ့ခြံထွက် ချဉ်ပေါင်ပင်ကရတဲ့ ချဉ်ပေါင်ဖြူ  ချဉ်ရည်ဟင်းလေးပါ တစ်ပင်ထဲပေမဲ့ တစ်ခါခူးရင် မိသားစု ညမနက် စားရလောက်အောင်ကို ရပါတယ် ဒီနေ့တော့ မာမာက ပင်လယ်စာအစုံလေးတွေနဲ့ ချဉ်ရည်ဟင်းလေး ချက်ထားပါတယ် အရမ်းကို ထမင်းမြိန်တဲ့ အရည်သောက်ဆမ်း ဟင်းလေးပါ။

ချဉ်ပေါင်ဖြူက အရမ်းမချဉ်တဲ့အတွက် အချဉ်မကြိုက်တဲ့ သူတွေအတွက်တော့ အရမ်းကို အဆင်ပြေပါတယ် နောက်ပြီးချဉ်ပေါင်ဖြူက ကျန်းမာရေးအတွက် ပိုပြီးကောင်းပါတယ် မာမာကတော့ ချဉ်ပေါင်ဆိုရင် ချဉ်ချဉ်ခါးခါး ဘယ်ချဉ်ပေါင်ဘဲဖြစ်ဖြစ် နှစ်သက်ပါတယ်။

ဒီနေ့ချက်တဲ့ ချဉ်ပေါင်ဟင်းကို မာမာက ပင်လယ်စာလေးတွေနဲ့ ငရုတ်သီးလုံးခြမ်းကွဲနဲ့ စပ်စပ်လေးချက်ထားတာမို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကျိုထားသော ချဉ်ပေါင်ရွက် - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးမောက်မောက်
  2. ပင်လယ်စာအစုံ - ဟင်းပြင်ပန်းကန် တစ်လုံး
  3. ငရုတ်သီးစိမ်း - နှစ်တောင့်

ချဉ်ပေါင်ရွက်ကျိုရန် 
  • ချဉ်ပေါင်ရွက် - အနေတော်ဇကာ တစ်လုံးစာ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ငရုတ်သီးအကြမ်းမှုန့် - ထင်းစားဇွန်း တစ်ဇွန်း
  • ထောင်းထားသောကြက်သွန်နီ - တစ်ခြမ်း
  • ထောင်းထားသောကြက်သွန်ဖြူ - နှစ်မွှာ
  • ရေ - လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးခွဲစာ (အားလုံးရောပြီးရေခမ်းအောင်ကျိုပေးပါ)
ပင်လယ်စာအရသာနယ်ရန်
  • ပင်လယ်စာအစုံ - 250 g
  • ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
  • ငပိရည်ကျို - ထမင်းစားဇွန်းသုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်


တပင်ထဲသော ချဉ်ပေါင်ဖြူပင်


 ပင်လယ်စာအစုံနဲ့ ချက်ဖို့ပြင်ပါတယ်


ကျိုထားသော ချဉ်ပေါင်ရွက်များကို အိုးထဲမှာထဲ့ပြီး 
ရေအနည်းငယ်ထဲ့ကာပွက်ပွက်ဆူအောင်တည်ပါ 
သုံးမိနစ်လောက်ဆူပြီးပါက အရသာနယ်ထားသော
ပင်လယ်စာများကိုထဲ့ပြီး ပင်လယ်စာများ လုံးမိသွားအောင်
ငါးမိနစ်လောက်ရေဆူအောင် တည်ပေးပါ


ပင်လယ်စာများ လုံးမိသွားပါက ရေကိုလိုသလောက်ထဲ့ပြီး 
ပွက်ပွက်ဆူအောင်ဆယ်မိနစ်လောက်တည်ပေးပါ 
နောက်ဆုံးမှ ငရုတ်သီးစိမ်းကို သုံးပိုင်းချိုးပြီးထဲ့ပေးကာ
နှစ်မိနစ်လောက် ဟင်းရည်ဆူပါက အရသာမြည်း၍ လိုသလိုပြင်ပါ



ပင်လယ်စာနဲ့ချက်ထားတဲ့ ချဉ်ပေါင်းဟင်းရည် ပျစ်ပျစ်လေးရပါပြီ

Saturday 6 April 2013

ပုဇွန်ကင်

ပုဇွန် ချဉ်စပ်ကင်

ဒီရက်ထဲမှာ ပုဇွန်လေးတွေစားဖြစ်နေလို့ ဒီနေ့တော့ သုံရာသီးလေးနဲ့နယ်ပြီး ချဉ်ချဉ်လေးကင်ပါမယ် ငရုတ်ကောင်းအရသာလေးလဲပါ အရွက်အရသာလေးလဲပါတာမို့ စားလို့အရမ်းကောင်းတဲ့ ပုဇွန်ကင်လေးပါ။

မာမာတို့သားအမိနှစ်ယောက်ထဲမို့  ဒီနေ့တော့ထမင်းမချက် ဘဲပုဇွန်ကင်လေးတွေကို ဒီအတိုင်းစားဖြစ်ကြ ပါတယ် သံပုရာရည် အရင်ဆုံးညှစ်ပြီး လိုအပ်တဲ့အမွှေးနံ့သာလေးတွေ ထဲ့နယ်ပြီးမှ ကင်ထားတာမို့ ပုဇွန်နံ့သိပ်မရဘဲ စားလို့အရမ်းကောင်းတဲ့ အကင်လေးဖြစ်ခဲ့ပါတယ်။

ဒယ်ပြားလေးထဲ ဆီနဲနဲထည့်ပြီး ကင်ကြော်လေးကြော်လိုက်တာပါ လွယ်လဲလွယ် မြန်လဲမြန် စားလို့လဲ အရမ်းကောင်းတာကြောင့် ကင်နည်းလေး မျှဝေချင်ပါတယ်။

ပါဝင်ရမှာလေးတွေကတော့
  • အကောင်လိုက်ရေဆေးကာသန့်စင်ထားသောပုဇွန် - 500 g 
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • Parsley Flakes - လက်ဖက်ရည်ဇွန်း တဝက် (မထဲ့လဲရ)
  • သံပုရာသီး - တခြမ်း
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

 ပုဇွန်ထုတ် ချဉ်စပ်လေးကင်ပါမယ်


 အရသာများရောကာနယ်ကာသံပုရာရည်ညှစ်ပြီး
ငါးမိနစ်လောက်နှပ်ထားပေးပါ


မီးအနေတော်လောက်နှင့်အပူပေးထားသော ဒယ်အိုးထဲတွင်ဆီကို
အရင်ဆုံးထဲ့ပြီး ပူလာပါကပုဇွန်အရသာနယ်များကို ထဲ့ပြီးကင်ကြော်လေးကြော်ပါမယ်
တဖက်ကျက်ပါက တဖက်ကိုလှန်ပေးပြီး နှစ်ဖက်လုံး ကျက်ရင်ဆယ်ပေးပါ

 ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့ ပုဇွန်ကင်ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးရပါပြီ

Thursday 4 April 2013

ကြက်သားပေါက်ဆီ

ကြက်သားပေါက်ဆီ
ကြက်သားပေါက်ဆီလေး အပျင်းပြေလုပ်စားဖြစ်ပါတယ် မာမာ့သမီးလေး လုပ်ထားတာပါ မာမာက မုန့်လုပ်ရတာ စိတ်မရှည်သလောက် သူကတော့ အရမ်းကိုစိတ်ရှည်ပါတယ်။

 ဒီနေ့လဲမေမေရေ ပေါက်ဆီလုပ်စားရအောင်ဆိုတာနဲ့ သူ့ကိုအာဏာကုန်လွှဲပြီး မာမာနားနေလိုက်ပါတယ် တစ်ရက်တစ်လေ ရတဲ့နားရက်လေးပေါ့နော်။

သူလုပ်တဲ့ ပေါက်ဆီလေးက တော်တော့်ကို စားကောင်းပါတယ် လုပ်နည်းလေး အဆင့်များပေမဲ့ စားရတာကောင်းတော့ သူပင်ပန်းတာလေး ပျောက်သွားတာပေါ့နော် သူစိတ်ရှည်လက်ရှည် လုပ်ထားတဲ့ပေါက် ဆီလုပ်နည်းလေးကို မာမာ မျှဝေပေးလိုက်ပါတယ်။

သူလုပ်တဲ့ဂျုံက ရိုးရိုးဂျုံမို့ ပေါင်းလိုက်တဲ့အခါမှာ နဲနဲလေးအညိုရောင်ဘက် ပြောင်းသွားတဲ့ ပေါက်ဆီမျိုးပါ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး အညိုရောင်လေး နှစ်သက်တဲ့သူတွေအတွက်ပေါ့ အဖြူရောင်နဲ့ အရသာကတော့ အတူတူပါဘဲ ဂျုံသားအရသာလဲ အတူတူပါဘဲ သုံးတဲ့ဂျုံအမျိုးအစားပေါ်မူတည်ပြီး အရောင်လေးဘဲ ကွာသွားတာပါ။

အလုပ်အားတဲ့ ရက်တွေမှာ မိသားစုတွေ ပျော်ပျော်ပါးပါး လုပ်စားကြတာပေါ့။

ပါဝင်ရမှာလေးတွေက

ပေါက်ဆီအပြင်ခွံအတွက်
  • 1 1/2 cup plain flour
  • 1 tsp dry yeast
  • 1/2 cup ရနွေး
  • 1/2 tsp သကြား 
  • 1/4 tsp ဆား
  • 1 tbs ဆီ
ပြင်ဆင်ပုံ
  1.  ပေါက်ဆီအပြင်ခွံအတွက် လိုအပ်တာလေးတွေပြင်ပါတယ်
  2. ပါဝင်ပစ္စည်းတွေကိုရောပြီး yeast ပျော်တဲ့အထိအရည်ဖျော်ပေးကာ
    ပျော်လာပါက ဂျုံမှုန့်နှင့်ရောပြီး ဒိုးသားရအောင် နယ်ပါမယ်
  3. ဂျုံသားကိုချောလာပြီး လက်မှာမကပ်တော့တဲ့ထိ ဆယ်မိနစ်လောက် နှဲပေးပါ
    နှဲပြီးသားဂျုံလုံးကိုလေလုံအောင်ပိတ်ပြီး နွေးသောနေရာတွင်တစ်နာရီလောက်ထားပေးပါ

    ဂျုံသားပွအောင်စောင့်နေချိန်နေမှာ အစာအတွက်အသားနှင့်အသီးအရွက်များကို ချက်ပါမယ်
  4. ပေါက်ဆီထဲထဲ့ဖို့ အစာအတွက် လိုတာလေးတွေပြင်ပါမယ်
    • 1/2 cup လေးထောင့်သေးသေးလေးတွေတုံးထားသောကြက်သွန်နီ
    • 1/2 cup ခပ်ရွယ်ရွယ်လှီးထားသောဂေါ်ဖီ 
    • 1/2 cup အနေတော်လှီးထားသောကြက်သွန်မိတ် 
    • 1/4 cup လေးထောင့်ခပ်သေးသေးလှီးထားသောမုံလာဥနီ 
    • 1/2 tbs ဆား 
    အားလုံးကိုရောနယ်ပြီး ထွက်လာသောအရည်များကို ညှစ်ပေးပြီးမှကြော်ပါ
  5. အသီးအရွက်နှင့်ရောပြီးကြော်ရန် အစာအတွက်အသားကိုပြင်ပါမယ်
    • 200 g ခပ်သေးသေးလေးများတုံးထားသောကြက်သား  
    • 1/2 tsp ပဲငံပြာရည် 
    • 1/4 tsp ငရုတ်ကောင်းမှုန့် 
    • 1/2 tsp ဆား
    • 1/2 tsp နှမ်းဆီ
    •  ကြက်သွန်ဖြူ တမွှာ
    • ကြက်ဥနှစ်လုံးကိုပြုပ်ပြီး - ရှစ်စိတ်စိတ်ပေးပါ
  6. အိုးထဲတွင်ဆီထဲ့ပြီးပူလာပါကကြက်သားကို အရင်ဆုံးသုံးမိနစ်လောက်
    ထဲ့ကြော်ပေးကာ ကြက်သားထဲသို့ နောက်ဆုံးမှ အသီးအရွက်များထည့်ပြီး
    နှစ်မိနစ်လောက်ကြော်ပေးပါ
  7. တစ်နာရီလောက်အချိန်ကြာပါက ဂျုံသား နှစ်ဆပွလာထိရပါလိမ့်မယ်
  8. ပွလာသောဂျုံသားကို ရှစ်ပုံပုံကာ အလုံးလေးများရအောင်
    လက်မနှစ်ဖက်ဖြင့်ဂျုံသားကိုဖြန့်ပြီး ပြန်ပြန်လုံးပေးပြီး
    လက်ဝါးနှစ်ဖက်ကြားမှာ ထဲ့ပြီးလုံးပေးပါက ဂျုံလုံးလေးများရလာပါလိမ့်မယ်
  9. စောစောကလုံးထားသောဂျုံလုံးကို ဒလိမ့်တုံးနှင့်လှိမ့်ပြီး
    ၁၀စင်တီမီတာလောက် ရအောင်လှိမ့်ပေးပါတယ် ပြီးမှ အစာနှင့်ဘဲဥထဲ့ကာ ဂျုံအနားသားများကိုဆွဲယူပြီးအုပ်ပေးပါ
  10. ကြိုက်နှစ်သက်သလိုပုံစံလေးများ လုပ်ပေးနိုင်ပါတယ်
  11. ပေါင်းလျှင်အိုးတွင်မကပ်စေရန် baking paper စက္ကူလေးများခံပြီးပြီးပေါင်းပေးပါ
  12. ရေနွေးဆူဆူကိုအောက်တွင်ခံပြီး ပေါင်းခံအိုးတွင်
    ပေါက်ဆီကိုထဲ့ကာ မိနစ်နှစ်ဆယ်ခန့် မီးပြင်းပြင်းနဲ့ ပေါင်းပေးပါ
  13. အနားသားအတွန့်လေးနဲ့လုပ်ထားတဲ့
     ကြက်သားပေါက်ဆီ အိအိလေးရပါပြီ

 ပေါက်ဆီ အပြင်ခွံအတွက် လိုအပ်တာလေးတွေပြင်ပါ

ပါဝင်ပစ္စည်းတွေကိုရောပြီး yeast ပျော်တဲ့အထိ အရည်ဖျော်ပေးပါ
ပျော်လာပါက ဂျုံမှုန့်နှင့်ရောပြီး ဒိုးသားရအောင် နယ်ပါမယ်

ဂျုံသားကိုချောလာပြီး လက်မှာမကပ်တော့တဲ့ထိ 
ဆယ်မိနစ်လောက် နှဲပေးပါ နှဲပြီးသားဂျုံလုံးကို
 လေလုံအောင်ပိတ်ပြီး နွေးသောနေရာတွင်တစ်နာရီလောက် 
ထားပေးပါဂျုံသားပွအောင်စောင့်နေချိန်နေမှာ 
အစာအတွက်အသားနှင့်အသီးအရွက်များကို ချက်ပါမယ်


ပေါက်ဆီထဲထဲ့ဖို့ အစာအတွက် လိုတာလေးတွေပြင်ပါမယ်
  • 1/2 cup လေးထောင့်သေးသေးလေးတွေတုံးထားသောကြက်သွန်နီ
  • 1/2 cup ခပ်ရွယ်ရွယ်လှီးထားသောဂေါ်ဖီ 
  • 1/2 cup အနေတော်လှီးထားသောကြက်သွန်မိတ် 
  • 1/4 cup လေးထောင့်ခပ်သေးသေးလှီးထားသောမုံလာဥနီ 
  • 1/2 tbs ဆား 
အားလုံးကိုရောနယ်ပြီး ထွက်လာသောအရည်များကို ညှစ်ပေးပြီးမှကြော်ပါ



အသီးအရွက်နှင့်ရောပြီးကြော်ရန် အစာအတွက်အသားကိုပြင်ပါမယ်
  • 200 g ခပ်သေးသေးလေးများတုံးထားသောကြက်သား  
  • 1/2 tsp ပဲငံပြာရည် 
  • 1/4 tsp ငရုတ်ကောင်းမှုန့် 
  • 1/2 tsp ဆား
  • 1/2 tsp နှမ်းဆီ
  •  ကြက်သွန်ဖြူ တမွှာ
  • ကြက်ဥနှစ်လုံးကိုပြုပ်ပြီး - ရှစ်စိတ်စိတ်ပေးပါ
အိုးထဲတွင်ဆီထဲ့ပြီးပူလာပါကကြက်သားကို 
အရင်ဆုံးသုံးမိနစ်လောက်ထဲ့ကြော်ပေးကာ
 ကြက်သားထဲသို့ နောက်ဆုံးမှ အသီးအရွက်များထည့်ပြီး
နှစ်မိနစ်လောက်ကြော်ပေးပါ

တစ်နာရီလောက်အချိန်ကြာပါက ဂျုံသားနှစ်ဆထိ
 ပွလာထိရပါလိမ့်မယ်


ပွလာသောဂျုံသားကို ရှစ်ပုံပုံကာ အလုံးလေးများရအောင်
လက်မနှစ်ဖက်ဖြင့်ဂျုံသားကိုဖြန့်ပြီး ပြန်ပြန်လုံးပေးပြီး
လက်ဝါးနှစ်ဖက်ကြားမှာ ထဲ့ပြီးလုံးပေးပါက ဂျုံလုံးလေးများ
ရလာပါလိမ့်မယ်

စောစောကလုံးထားသောဂျုံလုံးကို ဒလိမ့်တုံးနှင့်လှိမ့်ပြီး
၁၀စင်တီမီတာလောက် ရအောင်လှိမ့်ပေးပါတယ်
 ပြီးမှ အစာနှင့်ဘဲဥထဲ့ကာ ဂျုံအနားသားများကိုဆွဲယူပြီးအုပ်ပေးပါ

 ကြိုက်နှစ်သက်သလိုပုံစံလေးများ လုပ်ပေးနိုင်ပါတယ်

ပေါင်းလျှင်အိုးတွင်မကပ်စေရန် baking paper
 စက္ကူလေးများခံပြီးပြီးပေါင်းပေးပါ

ရေနွေးဆူဆူကိုအောက်တွင်ခံပြီး ပေါင်းခံအိုးတွင်
ပေါက်ဆီကိုထဲ့ကာ မိနစ်နှစ်ဆယ်ခန့် မီးပြင်းပြင်းနဲ့ ပေါင်းပေးပါ

အနားသားအတွန့်လေးနဲ့လုပ်ထားတဲ့
 ကြက်သားပေါက်ဆီ အိအိလေးရပါပြီ

 ကြက်သားပေါက်ဆီ ပူပူမွှေးမွှေးလေးပါ