Thursday 4 April 2013

ကြက်သားပေါက်ဆီ

ကြက်သားပေါက်ဆီ
ကြက်သားပေါက်ဆီလေး အပျင်းပြေလုပ်စားဖြစ်ပါတယ် မာမာ့သမီးလေး လုပ်ထားတာပါ မာမာက မုန့်လုပ်ရတာ စိတ်မရှည်သလောက် သူကတော့ အရမ်းကိုစိတ်ရှည်ပါတယ်။

 ဒီနေ့လဲမေမေရေ ပေါက်ဆီလုပ်စားရအောင်ဆိုတာနဲ့ သူ့ကိုအာဏာကုန်လွှဲပြီး မာမာနားနေလိုက်ပါတယ် တစ်ရက်တစ်လေ ရတဲ့နားရက်လေးပေါ့နော်။

သူလုပ်တဲ့ ပေါက်ဆီလေးက တော်တော့်ကို စားကောင်းပါတယ် လုပ်နည်းလေး အဆင့်များပေမဲ့ စားရတာကောင်းတော့ သူပင်ပန်းတာလေး ပျောက်သွားတာပေါ့နော် သူစိတ်ရှည်လက်ရှည် လုပ်ထားတဲ့ပေါက် ဆီလုပ်နည်းလေးကို မာမာ မျှဝေပေးလိုက်ပါတယ်။

သူလုပ်တဲ့ဂျုံက ရိုးရိုးဂျုံမို့ ပေါင်းလိုက်တဲ့အခါမှာ နဲနဲလေးအညိုရောင်ဘက် ပြောင်းသွားတဲ့ ပေါက်ဆီမျိုးပါ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး အညိုရောင်လေး နှစ်သက်တဲ့သူတွေအတွက်ပေါ့ အဖြူရောင်နဲ့ အရသာကတော့ အတူတူပါဘဲ ဂျုံသားအရသာလဲ အတူတူပါဘဲ သုံးတဲ့ဂျုံအမျိုးအစားပေါ်မူတည်ပြီး အရောင်လေးဘဲ ကွာသွားတာပါ။

အလုပ်အားတဲ့ ရက်တွေမှာ မိသားစုတွေ ပျော်ပျော်ပါးပါး လုပ်စားကြတာပေါ့။

ပါဝင်ရမှာလေးတွေက

ပေါက်ဆီအပြင်ခွံအတွက်
  • 1 1/2 cup plain flour
  • 1 tsp dry yeast
  • 1/2 cup ရနွေး
  • 1/2 tsp သကြား 
  • 1/4 tsp ဆား
  • 1 tbs ဆီ
ပြင်ဆင်ပုံ
  1.  ပေါက်ဆီအပြင်ခွံအတွက် လိုအပ်တာလေးတွေပြင်ပါတယ်
  2. ပါဝင်ပစ္စည်းတွေကိုရောပြီး yeast ပျော်တဲ့အထိအရည်ဖျော်ပေးကာ
    ပျော်လာပါက ဂျုံမှုန့်နှင့်ရောပြီး ဒိုးသားရအောင် နယ်ပါမယ်
  3. ဂျုံသားကိုချောလာပြီး လက်မှာမကပ်တော့တဲ့ထိ ဆယ်မိနစ်လောက် နှဲပေးပါ
    နှဲပြီးသားဂျုံလုံးကိုလေလုံအောင်ပိတ်ပြီး နွေးသောနေရာတွင်တစ်နာရီလောက်ထားပေးပါ

    ဂျုံသားပွအောင်စောင့်နေချိန်နေမှာ အစာအတွက်အသားနှင့်အသီးအရွက်များကို ချက်ပါမယ်
  4. ပေါက်ဆီထဲထဲ့ဖို့ အစာအတွက် လိုတာလေးတွေပြင်ပါမယ်
    • 1/2 cup လေးထောင့်သေးသေးလေးတွေတုံးထားသောကြက်သွန်နီ
    • 1/2 cup ခပ်ရွယ်ရွယ်လှီးထားသောဂေါ်ဖီ 
    • 1/2 cup အနေတော်လှီးထားသောကြက်သွန်မိတ် 
    • 1/4 cup လေးထောင့်ခပ်သေးသေးလှီးထားသောမုံလာဥနီ 
    • 1/2 tbs ဆား 
    အားလုံးကိုရောနယ်ပြီး ထွက်လာသောအရည်များကို ညှစ်ပေးပြီးမှကြော်ပါ
  5. အသီးအရွက်နှင့်ရောပြီးကြော်ရန် အစာအတွက်အသားကိုပြင်ပါမယ်
    • 200 g ခပ်သေးသေးလေးများတုံးထားသောကြက်သား  
    • 1/2 tsp ပဲငံပြာရည် 
    • 1/4 tsp ငရုတ်ကောင်းမှုန့် 
    • 1/2 tsp ဆား
    • 1/2 tsp နှမ်းဆီ
    •  ကြက်သွန်ဖြူ တမွှာ
    • ကြက်ဥနှစ်လုံးကိုပြုပ်ပြီး - ရှစ်စိတ်စိတ်ပေးပါ
  6. အိုးထဲတွင်ဆီထဲ့ပြီးပူလာပါကကြက်သားကို အရင်ဆုံးသုံးမိနစ်လောက်
    ထဲ့ကြော်ပေးကာ ကြက်သားထဲသို့ နောက်ဆုံးမှ အသီးအရွက်များထည့်ပြီး
    နှစ်မိနစ်လောက်ကြော်ပေးပါ
  7. တစ်နာရီလောက်အချိန်ကြာပါက ဂျုံသား နှစ်ဆပွလာထိရပါလိမ့်မယ်
  8. ပွလာသောဂျုံသားကို ရှစ်ပုံပုံကာ အလုံးလေးများရအောင်
    လက်မနှစ်ဖက်ဖြင့်ဂျုံသားကိုဖြန့်ပြီး ပြန်ပြန်လုံးပေးပြီး
    လက်ဝါးနှစ်ဖက်ကြားမှာ ထဲ့ပြီးလုံးပေးပါက ဂျုံလုံးလေးများရလာပါလိမ့်မယ်
  9. စောစောကလုံးထားသောဂျုံလုံးကို ဒလိမ့်တုံးနှင့်လှိမ့်ပြီး
    ၁၀စင်တီမီတာလောက် ရအောင်လှိမ့်ပေးပါတယ် ပြီးမှ အစာနှင့်ဘဲဥထဲ့ကာ ဂျုံအနားသားများကိုဆွဲယူပြီးအုပ်ပေးပါ
  10. ကြိုက်နှစ်သက်သလိုပုံစံလေးများ လုပ်ပေးနိုင်ပါတယ်
  11. ပေါင်းလျှင်အိုးတွင်မကပ်စေရန် baking paper စက္ကူလေးများခံပြီးပြီးပေါင်းပေးပါ
  12. ရေနွေးဆူဆူကိုအောက်တွင်ခံပြီး ပေါင်းခံအိုးတွင်
    ပေါက်ဆီကိုထဲ့ကာ မိနစ်နှစ်ဆယ်ခန့် မီးပြင်းပြင်းနဲ့ ပေါင်းပေးပါ
  13. အနားသားအတွန့်လေးနဲ့လုပ်ထားတဲ့
     ကြက်သားပေါက်ဆီ အိအိလေးရပါပြီ

 ပေါက်ဆီ အပြင်ခွံအတွက် လိုအပ်တာလေးတွေပြင်ပါ

ပါဝင်ပစ္စည်းတွေကိုရောပြီး yeast ပျော်တဲ့အထိ အရည်ဖျော်ပေးပါ
ပျော်လာပါက ဂျုံမှုန့်နှင့်ရောပြီး ဒိုးသားရအောင် နယ်ပါမယ်

ဂျုံသားကိုချောလာပြီး လက်မှာမကပ်တော့တဲ့ထိ 
ဆယ်မိနစ်လောက် နှဲပေးပါ နှဲပြီးသားဂျုံလုံးကို
 လေလုံအောင်ပိတ်ပြီး နွေးသောနေရာတွင်တစ်နာရီလောက် 
ထားပေးပါဂျုံသားပွအောင်စောင့်နေချိန်နေမှာ 
အစာအတွက်အသားနှင့်အသီးအရွက်များကို ချက်ပါမယ်


ပေါက်ဆီထဲထဲ့ဖို့ အစာအတွက် လိုတာလေးတွေပြင်ပါမယ်
  • 1/2 cup လေးထောင့်သေးသေးလေးတွေတုံးထားသောကြက်သွန်နီ
  • 1/2 cup ခပ်ရွယ်ရွယ်လှီးထားသောဂေါ်ဖီ 
  • 1/2 cup အနေတော်လှီးထားသောကြက်သွန်မိတ် 
  • 1/4 cup လေးထောင့်ခပ်သေးသေးလှီးထားသောမုံလာဥနီ 
  • 1/2 tbs ဆား 
အားလုံးကိုရောနယ်ပြီး ထွက်လာသောအရည်များကို ညှစ်ပေးပြီးမှကြော်ပါ



အသီးအရွက်နှင့်ရောပြီးကြော်ရန် အစာအတွက်အသားကိုပြင်ပါမယ်
  • 200 g ခပ်သေးသေးလေးများတုံးထားသောကြက်သား  
  • 1/2 tsp ပဲငံပြာရည် 
  • 1/4 tsp ငရုတ်ကောင်းမှုန့် 
  • 1/2 tsp ဆား
  • 1/2 tsp နှမ်းဆီ
  •  ကြက်သွန်ဖြူ တမွှာ
  • ကြက်ဥနှစ်လုံးကိုပြုပ်ပြီး - ရှစ်စိတ်စိတ်ပေးပါ
အိုးထဲတွင်ဆီထဲ့ပြီးပူလာပါကကြက်သားကို 
အရင်ဆုံးသုံးမိနစ်လောက်ထဲ့ကြော်ပေးကာ
 ကြက်သားထဲသို့ နောက်ဆုံးမှ အသီးအရွက်များထည့်ပြီး
နှစ်မိနစ်လောက်ကြော်ပေးပါ

တစ်နာရီလောက်အချိန်ကြာပါက ဂျုံသားနှစ်ဆထိ
 ပွလာထိရပါလိမ့်မယ်


ပွလာသောဂျုံသားကို ရှစ်ပုံပုံကာ အလုံးလေးများရအောင်
လက်မနှစ်ဖက်ဖြင့်ဂျုံသားကိုဖြန့်ပြီး ပြန်ပြန်လုံးပေးပြီး
လက်ဝါးနှစ်ဖက်ကြားမှာ ထဲ့ပြီးလုံးပေးပါက ဂျုံလုံးလေးများ
ရလာပါလိမ့်မယ်

စောစောကလုံးထားသောဂျုံလုံးကို ဒလိမ့်တုံးနှင့်လှိမ့်ပြီး
၁၀စင်တီမီတာလောက် ရအောင်လှိမ့်ပေးပါတယ်
 ပြီးမှ အစာနှင့်ဘဲဥထဲ့ကာ ဂျုံအနားသားများကိုဆွဲယူပြီးအုပ်ပေးပါ

 ကြိုက်နှစ်သက်သလိုပုံစံလေးများ လုပ်ပေးနိုင်ပါတယ်

ပေါင်းလျှင်အိုးတွင်မကပ်စေရန် baking paper
 စက္ကူလေးများခံပြီးပြီးပေါင်းပေးပါ

ရေနွေးဆူဆူကိုအောက်တွင်ခံပြီး ပေါင်းခံအိုးတွင်
ပေါက်ဆီကိုထဲ့ကာ မိနစ်နှစ်ဆယ်ခန့် မီးပြင်းပြင်းနဲ့ ပေါင်းပေးပါ

အနားသားအတွန့်လေးနဲ့လုပ်ထားတဲ့
 ကြက်သားပေါက်ဆီ အိအိလေးရပါပြီ

 ကြက်သားပေါက်ဆီ ပူပူမွှေးမွှေးလေးပါ

9 comments:

  1. အောင်မလေး အင်မတန်တန်ဖိုးရှိလိုက်တဲ့ ပိုစ့်
    လုပ်စားမယ်မမရေ လုပ်စားဦးမယ် ကျေးဇူးပါနော်

    ReplyDelete
    Replies
    1. အားတဲ့ရက်လေးလုပ်စားကြည့်နော် မမာက ဝက်သားမစားလို့
      ဝက်အူချောင်းလေးမထဲ့ထားဘူး ဝက်အူချောင်းလေးထဲ့ရင်ပိုပြီးအရသာစုံသွားတာပေါ့နော်.

      Delete
  2. This comment has been removed by the author.

    ReplyDelete
  3. အစ်မသမီးလေးက အရမ်းအရမ်းကို တော်တယ်နော်..
    အဲလို သမီးမျိုးလေး လိုချင်လိုက်တာ အစ်မရေ..
    အစ်မတို့ မိသားစုက ကံကောင်းတာပါဘဲ.... ^_^

    ReplyDelete
    Replies
    1. ကျေးဇူးပါ ညီမလေးရေ
      သူကျောင်းပိတ်ရင် မမာ အနားရတယ်လေ..

      Delete
  4. မမမာရေ ကျေးဇူးအရမ်းတင်ပါတယ်...
    ပေါက်စီလုပ်စားချင်နေတာ အခုတော့ နည်းသိသွားပြီ
    လုပ်စားဦးမယ် အမရေး)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. အရမ်းလွယ်တဲ့နည်းလေးနဲ့လုပ်ထားတာမို့
      အားတဲ့ရက်လေးလုပ်စားကြည့်နော် ဝက်သားစားရင်ဝက်သားအစားထိုးပြီးလုပ်ပေါ့နော်.
      ဝက်အူချောင်းလေးလဲထဲ့ရင်ပိုပြီးစားကောင်းသွားတာပေါ့နော်.

      Delete
  5. တီတီရေခွက်က 500 ml ခွက်လား

    ReplyDelete
    Replies
    1. ခွက်တိုင်းရဲ့ဘယ်ခွက်ဖြစ်ဖြစ် တစ်ခွက်ရဲ့တစ်ဝက်ကိုပြောတာပါ မီလီမီတာနဲ့သိချင်ရင်တော့ 120mlရှိပါတယ်

      Delete