Friday 12 April 2013

ပုဇွန်ကင်

ပုဇြန္ဆီပူထိုး

မာမာတို့ဒီနေ့လုပ်စားဖြစ်တဲ့ ပုဇွန်ဆီပူထိုးလေးပါ စားလို့ကောင်းပါတယ် အခုလိုဆီပူလေးထိုးလိုက်တာက အရသာတစ်မျိုးလေးပါ ဝါးလို့ကောင်းသလို မွှေးလဲမွှေးပါတယ် ဆီအကုန်အကျသက်သာသလို ဆီနဲနဲဘဲပါတဲ့အတွက် ကျန်းမာရေးနဲ့လဲပိုပြီး ညီညွတ်စေတဲ့ ဟင်းလေးပါ။
ပါဝင်တာလေးတွေက
  • အခွံခွာပြီးကြောမှခွဲကာအမဲကြောင်းလေးထုတ်ထားသောပုဇွန်ထုတ် - 200 g
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • Parsley flakes - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ

အရသာများထဲ့ပြီးနယ်ပေးပါ


 နယ်ပြီးပါကအရသာများ ပုဇွန်အသားထဲသို့ဝင်သွားအောင်
ဆယ်မိနစ်လောက် နှပ်ထားပေးပါ


မီးအနေတော်နှင့်အိုးကိုအပူပေးပြီး ပူလာပါက ဆီကိုထဲ့ပြီးမှ
 ပုဇွန်များကို တကောင်ချင်းထဲ့ပေးပါ


ဟိုဘက်ဒီဘက် သုံးခါလောက်လှန်လှန်ပေးပြီး
 လေးမိနစ်လောက်ဆိုရင်ရပါပြီ


ဆီပူထိုးထားတဲ့ ပုဇွန်ထုတ်မွှေးမွှေးလေးရပါပြီ

4 comments:

  1. ပုဇွန်ဆီပူထိုးလေး အားပေးသွားပါတယ်..
    ချိုချိုမွှေးမွှေးလေး နေမှာနော်.... ^_^

    ReplyDelete
    Replies
    1. ချိုလဲချို မွှေးလဲမွှေး စားလို့ကောင်းတယ် ညီမလေးရေ

      Delete
  2. မမမာရေ အခုမှ လည်လည်ရောက်တယ် ဟင်းတွေကလဲ စုံနေတာပဲ
    cracker လေးကလဲ စားချင်စရာ
    သမီးလေးကလဲ တော်လိုက်တာနော်
    ချက်ထားတာတွေ အားလုံး အားပေးသွားပါတယ် ..း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ကျေးဇူးပါ မိုးစက်ဝိုင်ရေ

      Delete