Showing posts with label ငါးပိချက် ငါးပိရည်ဖျော် ငါးခြောက်မျိုးစုံ စားဖွယ်ရာများ. Show all posts
Showing posts with label ငါးပိချက် ငါးပိရည်ဖျော် ငါးခြောက်မျိုးစုံ စားဖွယ်ရာများ. Show all posts

Sunday, 12 July 2026

ပုဇွန်ထုတ် ငပိရည်ဖျော်

ငပိရည် ကျိုနည်းလေးတွေ အမျိုးမျိုး ရှိကြပါတယ် မာမာကတော့ ငပိရည် ကျိုတဲ့အခါ နနွင်းမှုန့် ထည့်ကျိုတာကလွဲပြီး တစ်ခြား အမွှေးအကြိုင်တွေ ထည့်ကျိုတာကို မကြိုက်ပါဘူး။ 

ဒါကြောင့်မို့လို့ မာမာ့လို ငပိရည် ကြိုက်ကြတဲ့သူတွေ ရှိကြတဲ့အတွက် ငါးပိရည် ကျိုနည်းလေး လာလာပြီး မေးတတ်ကြလွန်းလို့ မာမာကျိုထားတဲ့ နည်းလေးနဲ့ ဒီနေ့တော့ ပုဇွန်ထုတ် မီးကင်နဲ့ ငပိရည် ဖျော်စရာ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့ ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် အကောင်ကြီးကြီး ငါးကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်ကို မီးကင်ပေးကာ ရေဆေးပြီး အံများကို ခွာထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ ထည့်လှော်ပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ အညှာခြွေပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ ကျွမ်းယောင်သန်းတဲ့လာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက်လေး ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပုဇွန်ထုတ်နှင့် ပါ၀င်ပစ္စည်းများကို ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးနဲ့ လိုက်ဖက်တဲ့ ကြက်ဥချဉ်ရည်ဟင်းရယ် ပုဇွန်ကြော်တို့နဲ့ တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Monday, 17 March 2025

ငပိရည်ဖျော်

ငပိရည် ကျိုနည်းလေးတွေ အမျိုးမျိုး ရှိကြပါတယ် မာမာကတော့ ငပိရည် ကျိုတဲ့အခါ နနွင်းမှုန့် ထည့်ကျိုတာကလွဲပြီး တစ်ခြား အမွှေးအကြိုင်တွေ ထည့်ကျိုတာ မကြိုက်ပါဘူး။ 

ဒါကြောင့်မို့လို့ မာမာ့လို ငပိရည် ကြိုက်ကြတဲ့သူတွေ ရှိကြတဲ့အတွက် ငါးပိရည် ကျိုနည်းလေး လာလာပြီး မေးတတ်ကြလွန်းလို့ မာမာကျိုထားတဲ့ နည်းလေးနဲ့ ငပိရည် ဖျော်စရာ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ရွှေလံဘို ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  2. ငါးကင် - တစ်ကောင် (မိမိနှစ်သက်ရာကိုသုံးပေးပါ)
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ငပိရည်ကျိုပြီးသားကို အရိုးစစ်ပြီး ငပိရည်ကို ယူထားပါ
  • ငါးကင်တစ်ကောင်ကို အရိုးထွင်ကာ အသားကို ယူထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက်လေး ထောင်းပေးပါ
  • ရွှေလံဘို ငရုတ်သီးစိမ်းကိုလဲ အညှာခြွေပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပါ၀င်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Friday, 7 March 2025

ငါးငပိချက်

အခုရက်ထဲ ငါးငပိချက် စားချင်နေတော့ ငါးပိရည် ကျိုပြီးသားရယ် ငါးပြုပ်ပြီးသားလေးတွေရယ် အဆင်သင့် ရှိနေတာနဲ့ ငါးငပိချက် ချက်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး - 500 g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆို ချက်နိုင်ပါတယ် )
  2. ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း (ငါးပြုပ်ရန်)
  3. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ငါးပြုပ်ရန်)
  4. ဆား -အနည်းငယ် (ငါးပြုပ်ရန်)
  5. ငရုတ်သီးအကြမ်းဖတ် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  6. ကြက်သွန်နီ - အနေတော် သုံးလုံး (ခပ်ပါးပါး လှီးရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့် (ခပ်နုတ်နုတ် လှီးရန်)
  8. ခရမ်းချဉ်သီး - အလုံကြီးကြီး ဆယ်လုံးခန့်
  9. ကြက်သွန်ဖြူ - အမွှာသေး ဆယ့်ငါးမွှာခန့် (ငါးပိချက်အိုး အုပ်ပေးရန်)
  10. ငရုတ်သီးစိမ်း - စားနိူင်သလောက် (ငါးပိချက်အိုး အုပ်ပေးရန်)
  11. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်းခွဲ
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. ကျိုထားသော ငါးပိရည်ကျို - လက်ဖက်ရည်ပန်းကန် နှစ်လုံး
  16. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  17. နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ငါးကို ဗိုက်ခွဲပြီး မလိုတာတွေ ဖယ်ပေးကာ ဆူးတောင်များ ခုတ်ပြီး ခေါင်းဖြုတ်ပေးပါ
  • ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပြီး အိုးထဲမှာ ငါး နနွင်းမှုန့် ငါးငံပြာနှင့် ရေအနည်းငယ်ထည့်ကာ ပြုပ်ပေးပါ။
  • ငါးနူးသွားပါက အရိုးအသား သပ်သပ်စီ ထွင်ပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ုဖြူများကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်သီး အကြမ်းဖတ်များကို အဆင်သင့် ပြင်ပေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူ  အမွှာသေးသေးလေးများကို အခွံခွာပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ငါးပိရည် ကျိုပြီးသားနှင့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ငါးပိချက်ချက်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူ  ငရုတ်သီးနှစ်မျိုးစလုံးကိုထည့်ပြီး မွှေးသွားအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ငါးအသားကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်ထည့်ကာ ငါးအသားများ မာလာတဲ့အထိ မွှေပေးပါ
  • ငါးအသားများ မာလာတာနဲ့ ခရမ်းချဉ်သီးကိုထည့်ပြီး ခရမ်းချဉ်သီး အခွံများ လိတ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ဆား အရသာမှုန့် နှင့် ငါးပိရည်ကျိုတို့ကို ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်ဖြူ  ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • က ကတစ်ငါး ချင်းခြစ် ငါးငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Friday, 20 December 2024

ငါးခြောက်အစပ်ကြော်

မာမာ ဒီနေ့တော့ ငါးခြောက်ကို ခပ်စပ်စပ်လေး ကြော်ပါတယ် မာမာဝယ်လာတဲ့ ငါးခြောက်က ဆားအရမ်းပေါ့တဲ့အတွက် ရေစိမ်ပြီးတဲ့ အခါမှာ ငါးငံပြာရည်နဲ့ အရသာမှုန့်လေးရယ် ပြန်နယ်ပြီး ကြော်ပါမှ အဆင်ပြေပါတယ်။

ထမင်းပူပူလေးနဲ့ အရမ်းကို လိုက်ဖက်သလို ထမင်းကြမ်းလေးနဲ့လဲ လိုက်ဖက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငါးခြောက် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးခြောက် - 400 g
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ
  4. ချင်း - လက်တဆစ် သာသာ
  5. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀စ်က်

ပြင်ဆင်ပုံ
  • ငါးခြောက်ကို အကောင်လိုက်ရေ နာရီ၀က်လောက် စိမ်ထားပြီး လက်နှစ်ဆစ်အရွယ်လေးများ တုံးထားပါ
  • ပြီးတာနဲ့ ငါးခြောက်ကို ငံပြာရည်နှင့်အရသာမှုန့်ထည့်ကာ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ငါးခြောက်ကို အရင်ဆုံး ကြွတ်သွားအောင် ကြော်ပြီး ဆယ်ထားပါ
  • ငါးခြောက်ကြော်ထားသော ဆီထဲမှာဘဲ ကြက်သွန်နီကိုအရင် နွမ်းအောင်ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းမှ ကြက်သွန်ဖြူနှင့် ချင်းကို ထည့်ကြော်ပါ
  • ကြက်သွန်များ အရမ်းမကြွတ်ခင် ငရုတ်သီးမှုန့် အချိုမှုန့်နှင့် ငံပြာရည်တို့ကို ထည့်မွှေပါ
  • ကြက်သွန်များ ကြွတ်လာပြီဆိုတာနဲ့ ကြော်ပြီးဆီစစ်ထားသော ငါးခြောက်ကြော်ကို ရောမွှေပေးပါ
  • ငါးခြောက်ကြော် အေးသွားပါက ကြွတ်ပြီး မွှေးနေသော ငါးခြောက်ကြော် စပ်စပ်လေး ရပါပြီ။

Wednesday, 13 November 2024

သရက်သီးစိမ်း ငါးပိချက်

မာမာ ဒီတစ်ခါတော့ သရက်သီးစိမ်း တစ်လုံးဝယ်လာပြီး ငပိချက်လေး ချက်ပါတယ် ခပ်စပ်စပ်လေး စားချင်တဲ့အတွက် ကိုရီးယားကလာတဲ့ ငရုတ်သီး လုံးခြမ်းခွဲလေးနဲ့ ချက်ထားတဲ့အတွက် စားလို့အရမ်းကောင်းပါတယ်။

ကိုရီးယားကလာတဲ့ ငရုတ်သီးက အရောင် အရမ်းရဲပြီး အစပ်လဲ အရမ်းပြင်းပါတယ် မာမာက အစပ်ကြိုက်တဲ့အတွက် အဆင်ပြေပေမဲ့ အစပ်မစားနိူင်တဲ့ သူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး။

ဒါကြောင့်မို့လို့  မာမာပြင်ဆင်ပြီး ချက်ထားတဲ့ သရက်သီးစိမ်း ငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါ၀င်ပစ္စည်းများ
  1. သရက်သီးစိမ်း - အနေတော် တစ်လုံး
  2. ပုဇွန်ခြောက် - အကောင်ကြီးကြီး ငါးကျပ်သားခန့်
  3. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  4. ကြက်သွန်ဖြူ - အနေတော်အမွှာ နှစ်ဆယ်ခန့်
  5. ငရုတ်သီး လုံးခြမ်းကွဲ -  ထမင်းစားဇွန်း လေးဇွန်း (ကိုရီးယား ငရုတ်သီးအစပ်မှုန့်ကို သုံးထားပါတယ်)
  6. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း (အငံကြိုက်ပါက ပိုထည့်ပေးပါ)
  9. ဆား - ထမင်းစားဇွန်း တစ်ဝက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အခွံခွာပြီး ရေစင်အောင်ဆေးကာ မထူမပါးလေးတွေ ပေါက်ပြီး လှီးထားပါ
  • ပုဇွန်ခြောက်ကို ရေတစ်ထပ်ဆေးကာ ရေနာရီ၀က်လောက် စိမ်ထားပြီးမှ ညက်နေအောင် ထောင်းပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီး လုံးကြမ်းခွဲကို ထည့်ပြီး ၂မိနစ်လောက် ကြော်ပေးပါ။
  • ကြော်နေစဉ် ငရုတ်သီးများ အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ငရုတ်သီးနံ့ မွှေးလာပါက ပုဇွန်ခြောက်ထောင်း ဆား ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ
  • မကြာမကြာ မွှေပေးပြီး သရက်သီးစိမ်းကို ထည့်မွှေပေးပါ
  • သရက်သီးများ နူးအိလာစေရန် ရေမြုပ်အောင်ထည့်ပြီး တည်ပေးကာ အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ထည့်ထားသော ရေများခမ်းလာကာ သရက်သီးများ နူးအိလာပြီး ဆီပြန်ထွက်လာတဲ့အထိ မီးအေးအေးနဲ့  တည်ပေးပါ 
  • အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ကြက်သွန်ဖြူများကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ။
  • သရက်သီးစိမ်း ပုဇွန်ခြောက် ငါးပိချက်ကို ခပ်ငံငံလေး ကြိုက်ပါက ငါးငံပြာရည်ကို ပိုထည့်ပေးပါ။
  • သရက်သီးစိမ်း ပုဇွန်ခြောက် ငါးပိချက် မွှေးမွှေးလေး ရလာတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Thursday, 15 August 2024

ငါးခြောက်အစပ်ကြော်

မာမာ ဒီနေ့တော့ ငါးခြောက်ကို ခပ်စပ်စပ်လေး ကြော်ပါတယ် မာမာဝယ်လာတဲ့ ငါးခြောက်က ဆားအရမ်းပေါ့တဲ့အတွက် ရေစိမ်ပြီးတဲ့ အခါမှာ ငါးငံပြာရည်နဲ့ အရသာမှုန့်လေးရယ် ပြန်နယ်ပြီး ကြော်ပါမှ အဆင်ပြေပါတယ်။
ထမင်းပူပူလေးနဲ့ အရမ်းကို လိုက်ဖက်သလို ထမင်းကြမ်းလေးနဲ့လဲ လိုက်ဖက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငါးခြောက် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးခြောက် - 400 g
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ
  4. ချင်း - လက်တဆစ် သာသာ
  5. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀စ်က်

ပြင်ဆင်ပုံ
  • ငါးခြောက်ကို အကောင်လိုက်ရေ နာရီ၀က်လောက် စိမ်ထားပြီး လက်နှစ်ဆစ်အရွယ်လေးများ တုံးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ငါးခြောက်ကို အရင်ဆုံး ကြွတ်သွားအောင် ကြော်ပြီး ဆယ်ထားပါ
  • ငါးခြောက်ကြော်ထားသော ဆီထဲမှာဘဲ ကြက်သွန်နီကိုအရင် နွမ်းအောင်ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းမှ ကြက်သွန်ဖြူနှင့် ချင်းကို ထည့်ကြော်ပါ
  • ကြက်သွန်များ အရမ်းမကြွတ်ခင် ငရုတ်သီးမှုန့် အချိုမှုန့်နှင့် ငံပြာရည်တို့ကို ထည့်မွှေပါ
  • ကြက်သွန်များ ကြွတ်လာပြီဆိုတာနဲ့ ကြော်ပြီးဆီစစ်ထားသော ငါးခြောက်ကြော်ကို ရောမွှေပေးပါ
  • ငါးခြောက်ကြော် အေးသွားပါက ကြွတ်ပြီး မွှေးနေသော ငါးခြောက်ကြော် စပ်စပ်လေး ရပါပြီ။

Saturday, 10 August 2024

ငပိရည်ဖျော်

မာမာဒီနေ့တော့ အရင်တစ်ပါတ်က ငါးဒေါင်ဇင်းနဲ့ ငါးဇရစ်ငါးလေးတွေကို ငပိလုပ်ထားတဲ့ ငါးလေးငပိကို ကျိုဖြစ်ပါတယ် ငါးလေးငပိက ကျိုလိုက်ရင် ခပ်စိမ်းစိမ်း အရောင်လေး ရသလို ပိုပြီးလဲ မွှေးပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ စပ်ပေ့ဆိုတဲ့ ငရုတ်သီး အစိမ်းရောင်လေး တွေကိုသုံးပြီး ငါးပိရည်ကို စပ်စပ်မွှေးမွှေးလေး ဖျော်ထားပါတယ်။

 ငါးပိရည် တစ်ခါကျိုတိုင်း အိမ်ထဲမှာ ကျန်နေတတ်တဲ့ အနံ့တွေက လေလုံတဲ့ အိမ်တွေမှာ တော်တော်နဲ့ မပျောက်တတ်တဲ့အတွက် မာမာကတော့ တစ်ခါကျိုရင် ခပ်များများလေးကျိုပြီး လေလုံဗူးလေးတွေထဲ ထည့်ထားကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားပြီး သိမ်းထားတတ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါလဲ ငါးပိရည် မွှေးမွှေးလေးနဲ့ ငါးပိရည်ဖျော် မွှေးမွှေးစပ်စပ်လေးရဲ့ ဖျော်စပ်ပုံ ဖျော်စပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးလေးငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ကိုးကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အမွှာလေးတွေထွင်ပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ အခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံအခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ပုဇွန်ထုတ်များကိုလဲ ရေဆေးကာ ဒယ်အိုးထဲမှာ ရေမြုပ်ရုံလေး ထည့်ပေးပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ အခွံများ ခွာထားပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီ ပုဇွန်ထုတ်နှင့် ငရုတ်သီးစိမ်းတို့ကို မညက်တစ်ညက် ထောင်းပေးထားပါ
  • ပြီးတာနဲ့ ကျိုပြီးအရိုးစစ်ထားသော ငါးပိရည် ပန်းကန်ထဲသို့ အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနှင့် ထောင်းထာသော ပုဇွန်ထုတ် ငါးပိရည်ဖျော်ကို ထည့်ဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော် စိမ်းစိမ်းလေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Thursday, 8 August 2024

မန်ကျည်းသီးစိမ်း ငပိချက်

မန်ကျည်းသီးစိမ်းလေးတွေ ပေါ်လာတဲ့ ရာသီရောက်လာပြီမို့လို့ ထမင်းမြိန်မြိန် စားရလေအောင် ပုဇွန်ခေါင်းချိုးလေးတွေနဲ့ ငါးပိချက်လေး ချက်ပါတယ် ရာသီစာလေး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. မန်ကျည်းသီးစိမ်း - အနေတော် ၁၅တောင့်ခန့်
  2. ပုဇွန်ခေါင်းချိုး - နှစ်ဆယ်သား
  3. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး (ခပ်ပါးပါး လှီးရန်)
  4. ကြက်သွန်နီ - အနေတော် နှစ်လုံး (ထောင်းရန်)
  5. ကြက်သွန်ဖြူ  အမွှာကြီးကြီး - ငါးမွှာ (ထောင်းရန်)
  6. ကြက်သွန်ဖြူ   အမွှာသေးသေး - ဆယ်မွှာ (ငါးပိချက်ထဲထည့်ရန်)
  7. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း လေးဇွန်း
  9. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  10. ငါးငံပြာရည် - ထမင်းစားဇွန်း ခြောက်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  13. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း 
ပြင်ဆင်ပုံ
  • မန်ကျည်းသီးစိမ်း အခွံမှာ ကပ်နေသော အညိုရောင် အပေါ်ယံများ ကျွတ်သွားအောင် ဓါးနှင့် ခြစ်ပေးပါ။
  • မန်ကျည်းသီးစိမ်းက အနည်းငယ် ရင့်တဲ့အတွက် အစေ့များထုတ်ရန် ထက်ခြမ်းခြမ်းကာ အစေ့များ ထုတ်ပေးပါ။
  • ပြီးတာနဲ့ ရေသုံးထပ်လောက်ဆေးပြီး ရေစစ်ကာ မညက်တစ်ညက် ထောင်းပေးထားပါ။
  • ပုဇွန်ကို ရေဆေးပြီး ခေါင်းဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းကို ဖယ်းထားပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရဆေးထားပါ။
  • ကြက်သွန်နီ နှစ်လုံးကို ထောင်းရန်အတွက် အခွံခွာပြီး ရေဆေးထားပါ။
  • ကြက်သွန်ဖြူ  အမွှာကြီးများကို ထောင်းရန်အတွက် အခွံခွာပြီး ရေဆေးထားပါ။
  • ကြက်သွန်ဖြူ  အမွှာသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီး အကြမ်းမှုန့်ကို ပြင်ထားပါ။
  • ပြီးတာနဲ့ ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ထောင်းပေးပါ။
  • နနွင်းမှုန့် ဆီ ငံပြာရည် အရသာမှုန့်တို့ကို ပြင်ထားပါ။
ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့် ထည့်ပေးပါ။
  • ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီကို နွမ်းအောင်ထည့်ပြီး ကြော်ပေးပါ။
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ကြော်ပေးပါ။
  • ငရုတ်သီးနံ့သင်းလာတာနဲ့ ငရုတ်သီး အကြမ်းမှုန့်နှင့် ပုဇွန်များကို ထည့်မွှေပေးပါ။
  • ပုဇွန်များ မာလာတာနဲ့ ငံပြာရည်နှင့် အရသာမှုန့်ကိုထည့်မွှေပေးပါ။
  • ပြီးတာနဲ့ ထောင်းထားသော မန်ကျည်းသီးစိမ်းကို ထည့်မွှေပေးပြီး ၅မိနစ်လောက် ကြော်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ။
  • ရေခမ်းပြီး ဆီမပြန်ခင်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။
  • အရသာ မြည်းပြီးတာနဲ့ဆီပြန်ပြီး အနည်းငယ် ခြောက်လာအောင် မီးအေးအေးနဲ့ တည်ပေးပါ။
  • ပြီးတာနဲ့ ကြက်သွန်ဖြူ အမွှာသေးများနှင့် ငရုတ်သီးစိမ်းလေးတွေ ထည့်မွှေပေးကာ မီးပိတ်ပေးပါ။
  • ချဉ်ငံစပ်မွှေး မန်ကျည်းသီးစိမ်း ငါးပိချက်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 6 August 2024

ငပိစဉ်းကော ငပိချက်

မာမာ အရင်တစ်ပါတ်က ငါးရံ့ငပိရည်ကျိုကို ငပိချက်လေး ချက်ဖြစ်ပါတယ် ထမင်းမြိန်စေတဲ့ ငပိချက်တစ်မျိုးဖြစ်လို့ မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငါးရံ့ ငပိရည်ကျို - အနေတော် နှစ်တုံးခွဲ
  2. ကြက်သွန်နီ - အနေတော် ငါးဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ခြောက်မွှာ
  4. ငရုတ်သီးစိမ်း - ရှစ်တောင့်ခန့်
  5. ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း လေးဇွန်းမောက်မောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ချက်ပြုပ်ပံု
  • ငါးရံ့ငပိက ငပိရည်ကျိုဖို့ လုပ်ထားတဲ့အတွက် အငံလေးပါတယ်
  • ဒါကြောင့်မို့လို့ ရေနဲ့ ငါးထပ် ခြောက်ထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတဲ့ ငပိကို စဉ့်နီတုန်းပေါ်တင်ပြီး ညက်နေအောင် စဉ်းပေးပါ
  • ကြက်သွန်နီကို အခွံခွါပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းတဲ့အထိ ထည့်ကြော်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ ငရုတ်သီး လုံးခြမ်းခွဲကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ပြီးတာနဲ့ စင်းထားသော ငပိကို ထည့်မွှေပေးပါ
  • ငပိနံ့ သင်းလာတာနဲ့ အရသာမှုန့်နှင့် ငပိမြုပ်အောင် ရေထည့်ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  • ငပိချက်အိုး ဆီပြန်လာပါက ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ထည့်မွှေပေးပြီး မီးပိတ်ကာ သုံးဆောင်နိူင်ပါပြီ။

Saturday, 29 June 2024

ဒညင်းသီး ငပိချက်

မာမာ ဒီနေ့တော့ ဒညင်းသီးလေးတွေ ဝယ်လာပြီး ဒညင်းသီးနဲ့ ငပိချက် ခပ်စပ်စပ်လေး ချက်ပါတယ် ထမင်းစားလို့တော့ မြိန်အုံးမှာ သေချာပါတယ်။ ဒါကြောင့်မို့လို့  မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဒညင်းသီး - အလုံး သုံးဆယ်ခန့်
  2. ငရုတ်သီးစိမ်း အနီရောင် - အတောင့် သုံးဆယ်ခန့် (အစပ်မစားလျှင် လျော့ထည့်ပါ)
  3. ကြက်သွန်နီ - အနေတော် တစ်ဥ (ထောင်းရန်)
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာခန့် (ထောင်းရန်)
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ဒညင်းသီးကို ရေမြုပ်အောင်ထည့်ပြီး နူးပြီးစေးပိုင်လာတဲ့အထိ ပြုပ်ပေးပါ
  • ဒညင်းသီး နူးတာနဲ့ အခွံခွာ ထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ညက်နေအောင် ရောပြီးထောင်းပေးပါ
  • ထောင်းရမှာ ပျင်းရင်လဲ ကြိတ်စက်ထဲမှာ ထည့်ကြိတ်ပေးပါ
  • ငံပြာရည်နှင့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဒညင်းသီး ငါးငံပြာရည် အရသာမှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းထောင်း  နနွင်းမှုန့်နှင့် ရေ တို့ကိုထည့်ပြီး တည်ပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
  • ပြီးတာနဲ့ ရေကို မိမိစိတ်ကြိုက် အနေတော် ထားချင်ရင်လဲ ထားနိူင်ပြီး ရေခမ်းတာ ကြိုက်ရင်လဲ ရေခမ်းအောင် တည်ပေးပြီး မီးပိတ်ပေးပါ
  • ဒညင်းသီး ငရုတ်သီးစိမ်း  ငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Wednesday, 19 June 2024

ငါးပိကောင်ကြော်

ငါးပိကောင်လို့ဆိုပေမဲ့ အရမ်းငံမနေဘဲ စားလို့ကောင်းရုံ ငံမြမြနဲ့ ငါးဆားနယ်လေးပါဘဲ ၃ရက်လောက်ဘဲ ဆားနယ်ပြီး ရေစင်အောင် ပြန်ဆေးကာ ငရုတ်သီးတောင့် ငရုတ်သီးလုံးကြမ်းခွဲ ကြက်သွန်ဖြူတို့နဲ့ကြော်ထားတာမို့ စွဲမက်စရာ ငါးငပိကောင်ကြော်လေး တမျိုးပါဘဲ။

မာမာလုပ်တဲ့ ငါးပိကောင်လုပ်နည်းက အရမ်းကိုရိုးရှင်းပြီး လုပ်ရတာလဲ တော်လေးကို လွယ်တဲ့အတွက် မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးမြွေထိုး - 300 g
  2. ဆားကြမ်း - ထမင်းစာဇွန်းမောက်မောက် ၃ဇွန်းတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ။
  3. ပန်းကန်ပြားတစ်ချပ်ခံပြီး ဆားနယ်ထားသောငါးများကို စီပြီးထဲ့ပေးပါ။
  4. ငါးထဲ့ထားသော ပန်းကန်ပြားကို ပလပ်စတစ်အိတ်နဲ့လုံနေအောင်ပိတ်ပြီး အပေါ်မှအလေးတစ်ခုခုနဲ့ဖိထားပါ။
  5. ရိုးရိုးအိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  6. ၂ရက်၃ရက်အတွင်း ထားလိုက်ရင် ရပါပြီ။

ပြင်ဆင်ပုံ
  • ငါးကိုဆားအငံပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ။
  • အငံတော်တော်လေး ပေါ့စေချင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက်စိမ်ပြီးမှ ရေဆေးပေးပါ။
  • ဆီကိုမီးအလယ်အလတ်လောက်နဲ့အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့်အနည်းငယ် ထဲ့ပေးပါ။
  • ငါးကိုထဲ့ကြော်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ။
  • ကြော်ပြီးလို့ပိုသော ဆီထဲသို့ ငရုတ်သီးတောင့်ကို ညိုရောင်သန်းလာတဲ့ထိ ကြော်ပြီး ဆယ်ထားပါ။
  • ဆီများနေရင် နည်းနည်းဖယ်ပြီး မီးကိုထပ်ပြီးရှော့ကာ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ အမွှာကြီးကြီး ဆယ်မွှာလောက်ကို အဝါရောင်သန်းလာအောင် ကြော်လိုက်ပါ။
  • ကြက်သွန်ဖြူကြော် နဲနဲဝါလာတာနဲ့ငရုတ်သီးလုံးခြမ်းခွဲ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာကိုထဲ့မွှေပါ။
  • ငရုတ်သီးကြော်ထဲကို ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံလောက်နဲ့ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်လောက်ကို ထဲ့ပြီးကြော်ပေးပါ။
  • ကြော်ချိန်ခနအတွင်း ငရုတ်သီးအရောင် ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ကြော်ထားတဲ့ ငါးပိကောင်ကြော်ကို အိုးထဲမှာဘဲ ထဲ့မွှေပေးပါ။
  • မွှေပြီးတာနဲ့ ငရုတ်သီးတောင့်ကြော်နှင့်အတူ ပန်းကန်ထဲကို ပြောင်းထဲ့ပေးပြီး ထမင်းမိန်စေတဲ့ ငါးပိကောင်ကြော်လေးကို စားပွဲပြင်ပေးနိူင်ပါပြီ။

Friday, 7 June 2024

မန်ကျည်းသီးမှည့် ငပိချက်

မာမာဒီနေ့တော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ မန်ကျည်းသီးမှည့် ငပိချက် စိုစိုအိအိလေး ချက်ဖြစ်ပါတယ် ထမင်း ပူပူလေးနဲ့ နယ်ဖတ်ပြီး စားလို့ အရမ်းကောင်းပြီး ထမင်းစားလို့ မြိန်စေပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ မန်ကျည်းသီးမှည့် ငပိချက် စိုစိုအိအိ ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက် - တစ်ဆယ်သား
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ကြက်သွန်နီ - ခပ်ကြီးကြီး ဆယ်လုံး
  4. ကြက်သွန်ဖြူ - ငါးကျပ်သား
  5. မျှင်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
  6. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း သုံးဇွန်းသာသာခန့်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငရုတ်သီး အစိမ်းမှုန့်  - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  9. ငရုတ်သီးခွဲခြမ်း - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း ဆယ်ဇွန်း
  11. ဆီ - ဆယ့်ငါးကျပ်သား

ပြင်ဆင်ပုံ

  • ပုဇွန်ခြောက်ကို ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ဆယ်မွှာလောက်ကို အခွံခွာပြီး ရေဆေးထားပါ
  • မျှင်ငပိကို ရေနည်းနည်းနဲ့ အရည်ဖျော်ထားပါ
  • မန်ကျည်းမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ချက်ပြုပ်နည်း
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့် နှစ်မျိုးတို့ကို ထည့်ကြော်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပြီး ငရုတ်သီး အစိမ်းနံ့ ပျောက်ကာ အရောင်ပြောင်းလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကို ထည့်မွှေပါ
  • ပုဇွန်ခြောက်နံ့ မွှေးလာပါက အရသာမှုန့် နှင့် ရေစိမ်ထားတဲ့ မျှင်ငပိနှင့် မကျည်းအနှစ်ကို အဖတ်များဖယ်ပြီး ထည့်ပေးပါ
  • မျှင်ငပိအနံ့ မွှေးလာပါက အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • စိုစိုအိအိ အနေအထားလေး ရလာပါက မီးပိတ်ပေးကာ ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့  မန်ကျည်းသီးမှည့် ငပိချက် စိုစိုအိအိ  စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
မှတ်ချက် ။ ။ မာမာက တစ်ခါထဲ ခပ်များများလေး ချက်တာဖြစ်တဲ့အတွက် ပါဝင်ပစ္စည်းများ  များပါတယ်။

Saturday, 25 May 2024

ခရမ်းကြွတ်သီး ငပိချက်

မာမာဒီနေ့တော့ ခရမ်းကြွတ်သီးလေးတွေ ဝယ်လာပြီး ငပိချက်လေး ချက်ဖြစ်ပါတယ် ငရုတ်သီးစိမ်းနဲ့ ငပိချက် ယောင်ယောင်လေး ချက်မှာ ဖြစ်တဲ့အတွက် မာမာက ဆီမထည့်ဘဲ ချက်ထားပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းကြွတ်သီး - အလုံးနှစ်ဆယ်ခန့်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
  5. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. သံပုရာသီး - အနေတော် တစ်လုံး
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ

  • ခရမ်းကြွတ်သီးများကို အညှာခြွေပြီး ရေဆေးကာ ထက်ဝက်ခြမ်းပြီး ရေများများထည့်ကာ တစ်နာရီခန့် ရေစိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ရေများသွန်ပြီး ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် အနေအထား ထောင်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ရေယောက်ချိုဇွန်း  နှစ်ဇွန်းစာခန့် ထည့်ကာ အပူပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့  ပုဇွန်ငါးပိ ငရုတ်သီးစိမ်း ကြက်သွန်နီတို့ကို ထည့်ပေးကာ ရေပွက်ပွက်ဆူလာအောင် တည်ပေးပါ 
  • ရေပွက်ပွက် ဆူလာတာနဲ့ ရေထဲကို အရသာ နယ်ထားသော  ခရမ်းကြွတ်သီးများကို ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ခရမ်းသီးများ နူးလာအောင် ရေလိုအပ်ပါက ထပ်ထည့်ပြီး တည်ပေးပါ
  • ခရမ်းသီးများ နူးလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို  ထည့်ပေးပါ
  • နောက်ထပ် ရေပွက်ပွက် ဆူလာပါက ငါးငံပြာရည်နှင့် သံပုရာရည် ထည့်ပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ခရမ်းကြွတ်သီး ငပိချက်လေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Saturday, 18 May 2024

ပုဇွန်ထုတ် ငပိရည်ဖျော်

ငပိရည် ကျိုနည်းလေးတွေ အမျိုးမျိုး ရှိကြပါတယ် မာမာကတော့ ငပိရည် ကျိုတဲ့အခါ နနွင်းမှုန့် ထည့်ကျိုတာကလွဲပြီး တစ်ခြား အမွှေးအကြိုင်တွေ ထည့်ကျိုတာ မကြိုက်ပါဘူး။ 

ဒါကြောင့်မို့လို့ မာမာ့လို ငပိရည် ကြိုက်ကြတဲ့သူတွေ ရှိကြတဲ့အတွက် ငါးပိရည် ကျိုနည်းလေး လာလာပြီး မေးတတ်ကြလွန်းလို့ မာမာကျိုထားတဲ့ နည်းလေးနဲ့ ဒီနေ့တော့ ပုဇွန်ထုတ် မီးကင်နဲ့ ငပိရည် ဖျော်စရာ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် အကောင်ကြီးကြီး ငါးကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်ကို မီးကင်ပေးကာ ရေဆေးပြီး အံများကို ခွာထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ အညှာခြွေပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ ကျွမ်းယောင်သန်းတဲ့လာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက်လေး ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပုဇွန်ထုတ်နှင့် ပါ၀င်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Thursday, 9 May 2024

ငပိရည်ကျိုနဲ့ ငပိရည်ဖျော်နည်း

ငပိရည် ကျိုနည်းလေးတွေ အမျိုးမျိုး ရှိကြပါတယ် မာမာကတော့ ငပိရည် ကျိုတဲ့အခါ နနွင်းမှုန့် ထည့်ကျိုတာကလွဲပြီး တစ်ခြား အမွှေးအကြိုင်တွေ ထည့်ကျိုတာ မကြိုက်ပါဘူး။ 

ဒါကြောင့်မို့လို့ မာမာ့လို ငပိရည် ကြိုက်ကြတဲ့သူတွေ ရှိကြတဲ့အတွက် ငါးပိရည် ကျိုနည်းလေး လာလာပြီး မေးတတ်ကြလွန်းလို့ မာမာကျိုထားတဲ့ နည်းလေးနဲ့ အသားမပါတဲ့ ငပိရည် ဖျော်စရာ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  3. ကြက်သွန်နီ - အနေတော် သုံးလုံး
  4. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ အညှာခြွေပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ ကျွမ်းယောင်သန်းတဲ့လာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက်လေး ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပါ၀င်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Saturday, 27 April 2024

ငါး ငရုတ်သီးစိမ်း ငပိချက်

 မာမာဒီနေ့တော့ ကပ်ကတစ်ငါး အသားလွှာပြီးသား တစ်ကီလို ဝယ်လာပြီး တစ်ဝက်ကို ငရုတ်သီးစိမ်း ခပ်များများလေးနဲ့ ငါးငပိချက်လေး ချက်ပါတယ်။ 

မာမာက ဆီမထည့်ဘဲ ချက်ထားပြီး ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးငပိချက် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး အသားလွှာပြီးသား - တစ်ပြား (ကီလိုဝက်ခန့်)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
  5. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ

  • ငါးအသားပြားကို ရေဆေးပြီး ရေစစ်ပေးထားပါ
  • ရေစစ်သွားတာနဲ့ အနေတော် အတုံးလေးတွေတုံးကာ ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် အနေအထား ထောင်းထားပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ရေယောက်ချိုဇွန်း လေးဇွန်းကို ထည့်ပြီး အပူပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့  ပုဇွန်ငါးပိ ငရုတ်သီးစိမ်း ကြက်သွန်နီတို့ကို ထည့်ပေးကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ 
  • ရေပွက်ပွက် ဆူလာတာနဲ့ ရေထဲကို အရသာ နယ်ထားသော ငါးများကို ထည့်ပေးပါ
  • ငါးအသား မာလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို  ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ငါးငပိချက် ချက်မှာဖြစ်တဲ့အတွက် ၇နှစ်မိနစ်လောက်ဘဲ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်ထည့်ပေးကာ မိမိစိတ်ကြိုပ် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ငပိချက် ချက်မှာ ဖြစ်တဲ့အတွက် ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • က ကတစ်ငါး ငပိချက် အရသာ အနေတော် ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။