ပါဝင်ပစ္စည်းများ
- ငါးရံ့ ငပိရည်ကျို - အနေတော် နှစ်တုံးခွဲ
- ကြက်သွန်နီ - အနေတော် ငါးဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ခြောက်မွှာ
- ငရုတ်သီးစိမ်း - ရှစ်တောင့်ခန့်
- ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း လေးဇွန်းမောက်မောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ချက်ပြုပ်ပံု
- ငါးရံ့ငပိက ငပိရည်ကျိုဖို့ လုပ်ထားတဲ့အတွက် အငံလေးပါတယ်
- ဒါကြောင့်မို့လို့ ရေနဲ့ ငါးထပ် ခြောက်ထပ်လောက် ဆေးပေးပါ
- ရေဆေးပြီးတဲ့ ငပိကို စဉ့်နီတုန်းပေါ်တင်ပြီး ညက်နေအောင် စဉ်းပေးပါ
- ကြက်သွန်နီကို အခွံခွါပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးပေးပါ
- ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းတဲ့အထိ ထည့်ကြော်ပါ
- ကြက်သွန်နီ နွမ်းတာနဲ့ ငရုတ်သီး လုံးခြမ်းခွဲကို မွှေးလာတဲ့အထိ ကြော်ပေးပါ
- ပြီးတာနဲ့ စင်းထားသော ငပိကို ထည့်မွှေပေးပါ
- ငပိနံ့ သင်းလာတာနဲ့ အရသာမှုန့်နှင့် ငပိမြုပ်အောင် ရေထည့်ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
- ငပိချက်အိုး ဆီပြန်လာပါက ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ထည့်မွှေပေးပြီး မီးပိတ်ကာ သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment