Saturday 29 September 2012

ပုဇွန်ခြောက် ငံပြာရည် အချိုကြော်

ပုဇွန်ခြောက်ငံပြာရည်အချိုကြော်
ပုဇွန်ခြောက် ငံပြာရည် အချိုကြော်လေး ကြော်ထားပါတယ် အစပ်မစားသူတွေအတွက် စားလို့အဆင်ပြေမဲ့ အရန်ဟင်းလေးပါ နေ့လည်နေ့ခင်းဘဲဖြစ်ဖြစ် မနက်စောစောစာဘဲဖြစ်ဖြစ် ပါင်မုန့်လေးနဲ့စားရင်လဲ အရမ်းကောင်းတဲ့ အကြော်လေးပါ။

ကျန်ခဲ့တဲ့ရက်ကတော့ ငရုတ်သီးနဲ့စပ်စပ်လေး ကြော်ဖြစ်ပါတယ် ဒီနေ့တော့ စိတ်ကူးရသလို အချိုလေးကြော်စားဖြစ်ပါတယ် ။

ကြာကြာအထားခံတဲ့အတွက် လေလုံပုလင်းလေးနဲ့ထဲ့ပြီးထားရင်လဲ ရတာမို့ မအားတဲ့ရက်လေးတွေမှာ ဟင်းမချက်ဖြစ်ရင် အဆင်သင့် စားလို့ရအောင်လို့ တစ်ခါထဲ ခပ်များများကြော်ပြီး ပုလင်းနဲ့ထည့်ထားဖို့အတွက် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက်မှုန့် - တစ်ဆယ့်ငါးကျပ်သား
  2. ကြက်သွန်နီ - ငါးဆယ်သား
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ကိုးမွှာ
  4. ဆီ - လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံးခွဲ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  7. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပါးပါးလှီးထားသောကြက်သွန်နီနှင့်ကြက်သွန်ဖြူ
ပုဇွန်ခြောက်မှုန့်နှင့်ငံပြာရည်
မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာကြက်သွန်နီကိုညိုပြီး
ကျွတ်လာတဲ့ထိကြော်ကာဆယ်ပြီးဆီစစ်ပေးထားပါ
မီးရှိန်နဲနဲဖြင့် အပူပေးထားသော ဆီပူမှာကြက်သွန်ဖြူကိုလဲ
ညိုပြီး ကျွတ်လာတဲ့ထိကြော်ကာ ဆယ်ပြီးဆီစစ်ပေးထားပါ
ဆီအိုးထဲတွင် ထမင်းစားဇွန်းငါးဇွန်းစာလောက် ဆီကိုချန်၍
ပုဇွန်ခြောက်မှုန့်နှင့် ဟင်းချိုမှုန့် ငံပြာရည်တို့ကိုထဲ့ပြီး
မေီးအးအေးနှင့်ကျွတ်လာတဲ့ထိမွှေပြီး ကြော်ပေးပါ
အားလုံးအေးသွားပါက ဇလုံကျယ်ကျယ်ထဲတွင်ထဲ့ပြီး ရောမွှေပေးပါ
ပုဇွန်ခြောက်ငံပြာရည်အချိုကြော်လေးရပါပြီ

Friday 28 September 2012

ပုဇွန် ပျားရည်ကြော်

ပုဇွန်ပျားရည်ကြော်
မာမာဒီနေ့တော့ ပုဇွန်ပျားရည်ကြော်လေး ကြော်ထားပါတယ် ထမင်းပူပူနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့ ဟင်းလေးပါ ပျားရည်နံ့လေးမွှေးသလို ငရုတ်ကောင်းမှုန့်နဲ့ နှမ်းလေးလဲ ထဲ့ထားတာကြောင့် အရသာလေးက တမျိုးထူးခြားပါတယ်။

ဒီနည်းလေးကိုသမီးလေးက အင်တာနက်ထဲက ရှာပေးထားပြီး လွယ်လဲလွယ်တဲ့အတွက် ချက်ဖြစ်ခဲ့တာပါ
ထမင်းမိန်မိန်သုံးဆောင်နိုင်ဖို့ ချက်နည်းလေး မျှဝေပါမယ်
လေးယောက်စာ
  • အခွံခွာပြီးကြောမှ အမဲကြောင်းများ ထုတ်ထားသောပုဇွန်ထုတ် - သုံးဆယ်သား
  • ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ပျားရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • နှမ်း - အနည်းငယ်
ဂျုံအရသာနယ်ရန်
  • Self raising flour - ထမင်းစားဇွန်းတဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တဝက်
  • ကြက်ဥ - တလုံး
ကော်မှုန့်နှင့်အတူပုဇွန်ပျားရည်ကြော်ရန်ပြင်ထားပေးပါ

ဂျုံ ဆား ငရုတ်ကောင်းမှုန့်တို့ကိုရောမွှေပြီးအလယ်မှချိုင့်လေးလုပ်ကာခ
လောက်ထားသောကြက်ဥကိုထဲ့ပြီးဖြေးဖြေးချင်းမွှေပေးပါ

ရေထဲ့ပြီးပျစ်လာတဲ့ထိဖြေးဖြေးချင်းမွှေပေးပါ

ပုဇွန်ကိုအခွံခွာကြောမှခွဲကာအမဲကြောင်းလေးကိုထုတ်ပြီး
ကော်မှုန့်ထဲထဲ့ပြီးလူးပေးကာအရသာစပ်ထားသောဂျုံနှစ်ထဲသို့စိမ်ပါ

မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာရွှေအိုရောင်သန်းလာတဲ့ထိကြော်ပေးပါ

ပုဇွန်ကြော်ဆီစစ်ပြီးဆယ်ထားတုံးမှာ ပျားရည်ကိုဆီထမင်းစားဇွန်း
တဇွန်းနှင့်ရောကာ မီးအေးအေးဖြင့်တည်ကာအပူပေးပါ

ပုဇွန်မုန့်နှစ်ကပ်ကြော်ထဲသို့နှမ်းစေ့လေးများဖြူးကာအပူပေးထားသော
ပျားရည်ကိုလောင်းချပေးပြီးပါကပျားရည်ပုဇွန်ကြော်လေးရပါပြီ

Thursday 27 September 2012

ပုဇွန်ခြောက် ငံပြာရည်ကြော် စပ်စပ်လေး


ပုဇွန်ခြောက် ငံပြာရည်ကြေ

ပုဇွန်ခြောက်မှုန့်လေးနဲ့ ငံပြာရည်ကြော်ကို စပ်စပ်လေးကြော်ထားမို့  ထမင်းကြော်လေးနဲ့ လိုက်ဖက်သလို ရိုးရိုးထမင်းလေးနဲ့လဲ လိုက်ဖက်ပါတယ် ပေါင်မုန့်လေးနဲ့လဲ တွဲဖက်ပြီးသုံးဆောင်လို့ရတဲ့ ပုဇွန်ခြောက်ကြော်အစပ်လေးမို့ ချက်နည်းလေး မျှဝျေပးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ
  • ပုဇွန်ခြောက်မှုန့် - ဆယ့်ငါးကျပ်သား
  • ကြက်သွန်နီ - လေးဆယ်သား
  • ကြက်သွန်ုဖြူ - အမွှာကြီးကြီး ဆယ့်ရှစ်မွှာ
  • ငရုတ်သီးလုံးကြမ်းခွဲမှုန့် - ထမင်းစားဇွန်း လေးဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း လေးဇွန်းခွဲ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပါးပါးလှီးထားသောကြက်သွန်နီနှင့်ကြက်သွန်ဖြူ

ငရုတ်သီးမှုန့် ငံပြာရည် ပုဇွန်ခြောက်မှုန့်

ကြက်သွန်နီကိုကျွတ်လာတဲ့ထိ ကြော်ပြီးမှဆယ်ကာဆီစစ်ပေးပါ

ပါ
မီးရှိန်းကိုလျှော့ကာကြက်သွန်ဖြူကို ကျွတ်အောင်ကြော်၍ဆယ်ကာဆီစစ်ပေးပါ

ဆီများကို ထမင်းစားဇွန်းရှစ်ဇွန်းလောက်ဘဲချန်ုပြီး ငရုတ်သီးလုံးကြမ်းခွဲမှုန့်
ကိုလဲမီးရှိန်လျှော့ကာ ညိုလာတဲ့ထိကြော်ပေးပါ
ငရုတ်သီးနံ့သင်းလာပါပုဇွန်ခြောက်မှုန့် ငံပြာရည်နှင့်ဟင်းချိုမှုန့်တို့
ကိုတစ်ခါထဲထည့်ပြီး မီးအေးအေးနှင့်ကြော်ပေးပါ

ပုဇွန်ခြောက်မှုန့်များကျွတ်လာပါက အအေးခံပေးထားပါ

ကြက်သွန်ုဖြူ နီကြော်နှင့် ပုဇွန်ခြောက်ငရုတ်သီးကြော်ျအးသွားက
ဇလုံတစ်လုံးထဲတွင် သမအောင်မွှေပေးပါ
ထမင်းလေးနဲ့ဘဲစားစား ပေါင်မုန့်လေးဘဲစားစားအရမ်း
လိုက်ဖက်တဲ့ ပုဇွန်ခြောက်ငံပြာရည် အစပ်ကြော်လေးရပါပြီ

Wednesday 26 September 2012

ကြက်သားချိုချဉ် အစိမ်းကြော်



မာမာဒီနေ့တော့ ကြက်ရင်ပုံသားလေးကို ရှိတဲ့အသီးအနှံလေးနဲ့ရောပြီး အစိမ်းကြော်လေးကြော်ထားပါတယ်
ချိုချိုချဉ်ချဉ် အရသာလေးမို့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။


ကြက်သားအရသာနယ်ရန်
  • ကြက်ရင်ပုံသား - နှစ်ဆယ်သား
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • သကြား - ထမင်းစားဇွန်း တဇွန်း
ကြော်ရန်
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • အဖတ်လေးများ ရအောင်လှီးထားသော ကြက်သွန်နီ - လက်ဖက်ရည်ပန်းကန် တလုံးစာ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  • ခပ်ထူထူလှီးထားသော ဂေါ်ဖီရွက် - လက်ဖက်ရည်ပန်းကန် တလုံးစာ
  • မုံလာဥနီ - တဥ
  • ရွှေပဲသီး - ငါးတောင့်
  • ခပ်ထူထူလှီးထားသော ခရမ်းချဉ်သီး - နှစ်လုံး
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း
အသီးအရွက်နှင့် ကြက်သားအရသာနယ်

မီးအနေတော်နှင့် အပူပေးထားသောဆီပူမှာ ကြက်သားကို
လေးမိနစ်လောက် အရင်ကြော်ပေးပြီးမှ ကြက်သွန်ုဖြူ နီတို့ကို
မိနစ်ဝက်လောက်ကြော်ပေးပါ

ကြက်သွန်များနွမ်းလာမှ ဂေါ်ဖီ မုံလာဥနီတို့ကိုထဲ့ပြီး
မိနစ်ဝက်လောက်ကြော်ကာ ဆား ဟင်းခတ်မှုန့် ခရမ်းချဉ်သီးနှင့်
ရွှေပဲသီးတို့ကို ထဲ့ကြော်ပေးပါ

အားလုံးသမသွားပြီးမှ ပဲငံပြာရည်ကို ထဲ့ပြီးမွှေပေးကာ
မိနစ်ဝက်လောက် ကြော်ပေးပြီးရင် ရပါပြီ

ထမင်းမိန်စေတဲ့ ကြက်သားချိုချဉ် သီးစုံအစိမ်းကြော် ရပါပြီ

Tuesday 25 September 2012

ဗူးညွန့်ဟင်းခါး


မာမာ ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ ဗူးညွန့်ဟင်းခါးလေး ချက်ထားပါတယ် မာမာ့အိမ်မှာ စိုက်ထားတာ တစ်ပင်ထဲသော ဗူးပင်လေးကနေ ခူးပြီးချက်ထားတဲ့ ခြံထွက်အော်ဂဲနစ် စစ်စစ်လေးမို့လို့  ချက်နည်းလေးကို မျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အကြောသင်ထားသော ဗူးညွန့် - အနေတော်ဇကာ တစ်လုံး
  2. ပုဇွန်ခြောက် - ဆယ်ကောင်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာေ
  4. ညက်နေအောင် ထောင်းထားသော ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

တစ်ပင်ထဲသောဗူးပင်လေးကအညွန့်လေးတွေပါ

ကြက်သွန်ဖြူနှင့်ဗူးညွန့်ကိုအကြောထွင်ပြီး
ရေစင်အောင်ဆေးပေးထားပါ

ပုဇွန်ခြောက်ကိုထောင်းပြီး ရေ တရုတ်ဟင်းရည်သောက်
ပန်းကန်တလုံးခွဲစာလောက်နှင့် ဆူအောင်တည်ပေးပါ
 ရေဆူလာပြီး ငါးမိနစ်လောက်မှာ ဆား အရသာမှုန့် 
ဗူးညွန့်များနှင့်ကြက်သွန်ုဖြူ
ငရုတ်ကောင်းထောင်းကိုထဲ့ပြီး တစ်မိနစ်လောက်ဆူပါစေ
ဗူးညွန့်ဟင်းခါးစိမ်းစိမ်းလေးရအောင် ဟင်းရည်အိုးကို
အဖုံးမအုပ်ဘဲထားပြီး မီးဖိုပေါ်မှချပေးကာ စားပွဲပြင်ပေးပါ

ဘော့ချိတ်ပုဇွန် မျှစ်ချဉ်ပေါင်ကြော် စပ်စပ်လေး


မာမာ့အိမ်က တစ်ပင်ထဲသော ချဉ်ပေါင်ပင်လေးပါ စိတ်ထဲက စားချင်လာတာနဲ့ ဆင်းခူးပြီး စပ်စပ်လေးကြော် ထားပါတယ် ချဉ်ပေါင်ကြော်ဆိုရင် ထမင်းမိန်လွန်းလို့ မာမာ့ကလေး၂ယောက် အရမ်းကြိုက်ကြပါတယ်။

ချဉ်ပေါင်ရွက်ဆိုရင် ကြော်ချင်ကြော် ချက်ခြင်ချက် နှစ်သက်ကြတဲ့ မာမာ့ကလေးတွေ အတွက်ကတော့ အရမ်းကို တန်ဖိုးရှိတဲ့ ဟင်းလေးပါ  အသားအများကြီး မစားတဲ့ကလေးတွေအတွက် မာမာညာတာပါတေးနဲ့ ပုဇွန်လေးတွေကို ပိုထဲ့ပြီး အသားဓါတ်လေးရအောင်လို့ ကြော်ပေးထားတာမို့ ဒီနေ့ချဉ်ပေါင်ကြော်က ရှယ်ပါဘဲ။

ချဉ်ပေါင်ရွက်က ချဉ်ပေါင်အဖြူမို့ အချဉ်အရသာ နဲနေတဲ့အတွက် ကင်ပွန်းချဉ်ရွက်လေး လက်တစ်ဆုပ်စာ လောက်လဲ မာမာထဲ့ကြော်ထားပါတယ် ချဉ်ချဉ်လေးစားရအောင်လို့ပါ။

လွယ်ကူမြန်ဆန်လွန်းတဲ့ ချဉ်ပေါင်ရွက်လေးကြော် ကြော်နည်းလေး မျှဝေပေးပါမယ်
ပါဝင်ရမှာလေးတွေက
  • ချဉ်ပေါင်ရွက် - အနေတော်ဇကာ တလုံးစာ
  • ကင်ပွန်းချဉ်ရွက် - လက်တဆုပ်စာ
  • ခေါင်းဖြုတ်ပြီးသား ဘော့ချိတ်ပုဇွန် - သုံးဆယ်သား
  • ပါးပါးလှီးထားသောကြက်သွန်နီ - ဟင်းထဲ့ပန်ကန် တလုံးစာ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  • ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း သုံးဇွန်း
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ပုဇွန်ငပိ - ထမင်းစားဇွန်း တဇွန်း
ပုဇွန်အရသာနယ်ရန်
  • ပုဇွန် - သုံးဆယ်သား
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် 
  • ငံပြာရည် -  လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်

အိမ်မှာစိုက်ထားတဲ့ တပင်ထဲသောချဉ်ပေါင်ပင်

ချဉ်ပေါင်ကြော်ရန်ပြင်ထားတာပါ

ဆီပူပူမှာကြက်သွန်နီကိုအရင်ကြော်ပြီးနွမ်းသွားမှ
ငရုတ်သီးခွဲကြမ်းမှုန့်ကိုထဲ့ပြီ့း တမိနစ်လောက်ကြော်ပေးပါ

ငရုတ်သီးနံ့သင်းလာပါကပုဇွန်ငပိကိုထဲ့ကာမွှေပြီး
မိနစ်ဝက်လောက်ကြော်ပေးပါ

ပုဇွန်ကိုထဲ့ပြီး၂မိနစ်လောက်ကြော်ပေးပြီးမှချဉ်ပေါင်ရွက်
 ကင်ပွန်းချဉ်ရွက် ငံပြာရည် ဟင်းချိုမှုန့်တို့ကိုထဲ့ကာ
တမိနစ်လောက်ကြော်ပေးပါ

ချဉ်ပေါင်များနွမ်းသွားမှမျှစ်ကိုထဲ့ပြီးတမိနစ်လောက်ကြော်ပေးပါ

အားလုံးသမသွားပါကကြက်သွန်ဖြူနှင့်ငရုတ်သီးစိမ်းများထဲ့ကာ
မွှေပြီးမီးပိတ်ပေးပါ

ချဉ်ပေါင်ကြော်ကိုအပေါ့အငံမြည်းပေးပြီးသုံးဆောင်နိုင်ပါပြီ

ထမင်းမိန်စေမည့် ချဉ်ပေါင်ကြော် စပ်စပ်လေးရပါပြီ

Sunday 23 September 2012

ကြက်အူချောင်းဟင်း မွှေးမွှေးလေး

ကြက်အူချောင်းဟင်း

ဒီနေ့တော့မာမာ ဟင်းချက်နောက်ကျသွားပါတယ် အလုပ်အရမ်းများသလိုဈေးသွားစရာလဲရှိနေလို့ပါ အခုဈေးကပြန်ရောက်ရောက်ချင်းဘဲ အမြန် အလွယ် ကြက်အူချောင်းဟင်း မွှေးမွှေးလေးကိုချက်လိုက်ပါတယ်။

 ကြက်အူချောင်းအစား ဝက်အူချောင်း အမဲသားအူချောင်းတို့နဲ့လဲ ချက်လို့ရပါတယ် curry powder မှုန့်လေးနဲ့ချက်ထားလို့ မွှေးလဲမွှေး စားလို့လဲအရမ်းကောင်းပါတယ် မာမာချက်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်။
လေးယောက်စာပါဝင်ပစ္စည်းများ
  • ကြက်အူချောင်း -  လေးချောင်း
  • ခပ်သေးသေးလှီးထားသောကြက်သွန်နီ - အနေတော် တဥ
  • ခပ်သေးသေးလှီးထားသောမုံလာဥနီ - အနေတော် တဥ
  • ဂျုံမှုန့် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချက်အမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဗီနီကာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း တဇွန်း
  • ရေ - 500 ml
ကြက်အူချောင်းကိုခရင်းနှင့်အပေါက်လေးများရအောင်လိုက်ပြီး
ဖောက်ပေးပါ
ရေအေးထဲ့ပြီးမီးပူပူမှာလေးမိနစ်လောက်ပြုပ်ပေးပါ ကျက်သွားပါက
အအေးခံပြီးအပြင်ခွံများနွာပေးပါ
ဟင်းချက်ရန်လိုအပ်တာများကိုပြင်ပေးထားကာ
ကြက်အူချောင်းများကိုအနေတော်ပိုင်းဖြတ်ပေးပါ
မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာကြက်သွန်နီနှင့်
မုံလာဥနီတို့ကိုမိနစ်ဝက်လောက်ထဲ့ကြော်ပေးပါ
ဟင်းချက်မှုန့်ကိုထဲ့ပြီးလေးငါးချက်လောက်ဆက်တိုက်မွှေပေးပါ
ဂျုံ ဆား သကြား ဗီနီကာတို့ကိုထဲ့ပြီးလေးငါးချက်မွှေပေးပါ
ငါးချက်လောက်မွှေပြီးတာနဲ့ရေကိုထဲ့ကာပျစ်လာတဲ့အထိမွှေပေးပါ
ရေပျစ်လာပါကလှီးထားသောကြက်အူချောင်းကိုထဲ့ကာ
သုံးမိနစ်လောက်မွှေပေးပြီးအပေါ့အငံမြည်းကာမီးပိတ်ပေးပါ
ထမင်းမိန်စေသောကြက်အူချောင်းဟင်းမွှေးမွှေးလေးရပါပြီ