Tuesday 11 September 2012

ဂဏန်းသား ထမင်းကြော်

ဂဏန်းထမင်းကြော်
မာမာဒီနေ့တော့ ဂဏန်းထမင်းကြော်ပါ စားချင်စိတ်ရှိတဲ့အချိန်မှာ ဂဏန်းသားလေးလဲ အဆင်သင့် ရှိနေတာနဲ့ကြော်ဖြစ်သွားတာပါ ဂဏန်းအနံ့ကို နိုင်အာင်တော့ ငရုတ်ကောင်းမှုန့်ထဲ့ပြီး ကြော်ပေးထားပါတယ်။
ဂဏန်းသားကို ချိုလို့ကြိုက်ပေမဲ့ ဂဏန်းနံ့ကိုမကြိုက်ပါဘူး ဒါကြာင့်မို့ ငရုတ်ကောင်းမှုန့်ကဲပြီး ကြော်ထားပါတယ်။
ပါဝင်ပစ္စည်းများ (လေးယောက်စာ)

  1. ထမင်း - ပေါင်းအိုးခပ် ဆန်ချင်ဗူး သုံးဗူးချက်စာ
  2. ပဲစိမ်းသီး - လက်ဖက်ရည်အကြမ်းပန်ကန် တစ်လုံးစာ
  3. လှီးထားသောမုံလာဥနီ - လက်ဖက်ရည်အကြမ်းပန်ကန် တစ်လုံးစာ
  4. ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - သုံးမွှာ
  5. ပါးပါးလှီးထားသောကြက်သွန်နီ - လက်ဖက်ရည်ပန်းကန်လုံး  တစ်လုံးစာ
  6. ဂဏန်းအသား - တစ်ဆယ့်ငါးကျပ်သား
  7. ဆား - လက်ဖက်ဇွန်း တစ်ဇွန်း
  8. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ရေနွေးဆူဆူမှာ သုံးမိနစ်လောက်ပြုပ်ထားသော ပဲစိမ်းသီး
 ပြုပ်ပြီးအသားထွင်ထားသော ဂဏန်းသား
 ပါးပါးလှီးထားသော ကြက်သွန်နီ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ
 လှီးထားသော မုံလာဥနီ
ချက်ပြီးအအေးခံကာမွထားသောထမင်း
ဆီပူပူမှာကြက်သွန်ဖြူ နှင့်ကြက်သွန်နီကိုဆီအရင်သတ်ပေးပြီးမှ
မုံလာဥနီကို မိနစ်ဝက်လောက်လောက်ကြော်ပေးပါ
မုံလာဥနီကိုကြော်ပြီး ပဲစိမ်းသီးကို မိနစ်ဝက်လောက်ထဲ့ကြော်ပေးပါ
ပြီးမှဂဏန်းသားကိုမိနစ်ဝက်လောက်ထဲ့ကြော်ပေးပါ
နောက်ဆုံးမှထမင်း ငရုတ်ကောင်းမှုန့် ဆားနှင့်ဟင်းချိုမှုန့်တို့ကို
ထဲ့ပြီး တမိနစ်လောက်ကြော်ပေးပါ
ဂဏန်းထမင်းကြော် စိမ့်စိမ့်လေးရပါပြီ
ဂဏန်းထမင်းကြော်လေးရပါပြီ

2 comments:

  1. ဗိုက်ဆာလိုက်တာ မမမာရာ

    ReplyDelete
    Replies
    1. စားသွားပါ စုရေ :))

      Delete