ပါဝင်ပစ္စည်းများ
- ပုဇွန်ခြောက်မှုန့် - ဆယ့်ငါးကျပ်သား
- ကြက်သွန်နီ - လေးဆယ်သား
- ကြက်သွန်ုဖြူ - အမွှာကြီးကြီး ဆယ့်ရှစ်မွှာ
- ငရုတ်သီးလုံးကြမ်းခွဲမှုန့် - ထမင်းစားဇွန်း လေးဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း လေးဇွန်းခွဲ
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
- ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် နှစ်လုံး
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပါးပါးလှီးထားသောကြက်သွန်နီနှင့်ကြက်သွန်ဖြူ |
ငရုတ်သီးမှုန့် ငံပြာရည် ပုဇွန်ခြောက်မှုန့် |
ကြက်သွန်နီကိုကျွတ်လာတဲ့ထိ ကြော်ပြီးမှဆယ်ကာဆီစစ်ပေးပါ | ပါ |
မီးရှိန်းကိုလျှော့ကာကြက်သွန်ဖြူကို ကျွတ်အောင်ကြော်၍ဆယ်ကာဆီစစ်ပေးပါ |
ဆီများကို ထမင်းစားဇွန်းရှစ်ဇွန်းလောက်ဘဲချန်ုပြီး ငရုတ်သီးလုံးကြမ်းခွဲမှုန့် ကိုလဲမီးရှိန်လျှော့ကာ ညိုလာတဲ့ထိကြော်ပေးပါ |
ငရုတ်သီးနံ့သင်းလာပါပုဇွန်ခြောက်မှုန့် ငံပြာရည်နှင့်ဟင်းချိုမှုန့်တို့ ကိုတစ်ခါထဲထည့်ပြီး မီးအေးအေးနှင့်ကြော်ပေးပါ |
ပုဇွန်ခြောက်မှုန့်များကျွတ်လာပါက အအေးခံပေးထားပါ |
ကြက်သွန်ုဖြူ နီကြော်နှင့် ပုဇွန်ခြောက်ငရုတ်သီးကြော်ျအးသွားက ဇလုံတစ်လုံးထဲတွင် သမအောင်မွှေပေးပါ |
ထမင်းလေးနဲ့ဘဲစားစား ပေါင်မုန့်လေးဘဲစားစားအရမ်း လိုက်ဖက်တဲ့ ပုဇွန်ခြောက်ငံပြာရည် အစပ်ကြော်လေးရပါပြီ |
နေ့လည်ကျရင် ထမင်းပူပူနဲ့စားဖို့ ပုဇွန်ခြောက်ငံပြာရည် အစပ်ကြော်လေး နည်းနည်းယူသွားပါတယ်နော်အမ...
ReplyDeleteယူသွားနော် ညီမလေး
Deleteအဆောင်မှာနေတုန်းကဆို ပေါင်မုန့်၊ ဘီစကစ်တို့နဲ့ ညှပ်စားတာတောင် သတိရသွားတယ်။
ReplyDeleteမမမာစိတ်ရှည်လက်ရှည်ကြော်ထားတာ စားချင်စရာကောင်းလိုက်တာ :D
သားသားမီးမီးတို့အကြိုက်လေးမို့
Deleteစိတ်ရှည်လက်ရှည်လေးကြော်ပေးထားတာလေ zuzuရေ
မမမာလဲပေါင်မုန့်လေးနဲ့ညှပ်စားရတာကြိုက်တယ်
သီတာလည်းနည်းနည်းယူသွားမယ်နော်မမမာ
ReplyDeleteကြော်စားကြည့်နော် သီတာ
Deleteပုဇွန်ခြောက်ငံပြာရည်အစပ်ကြော်က တီတင့်သားငယ်ရဲ့ အနှစ်သက်ဆုံးအစားအစာပဲ မာမာရေ။ လူကြုံတိုင်းအဲဒါပဲ ကြော်ထည့်ပေးရတယ်လေ။ ထမင်းဖြူနဲ့နယ်ပြီး ကြက်ဥကြော်နဲ့ တစ်နှပ်စာကို ကျော်ဖြတ်လေ့ရှိတယ်း) မာမာကြော်ထားတာလေး ကြည့်ရတာ အရသာရှိမဲ့ပုံပဲ စားချင်စရာ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အိမ်မှာလဲသားနဲ့သမီးက အရမ်းကြိုက်တယ် တီတင့်
Deleteအဲဒီလိုအသားခြောက်ခြောက်လေးတွေကိုသူတို့ကပိုပြီးကြိုက်ကြတယ်လေ။
လေးစားခင်မင်လျှက်
မာမာ
အရမ်းကြိုက်တယ် မမမာ
ReplyDeleteကောင်းတယ် စု
Deleteထမင်းမိန်လို့လေ မကြာမကြာကြော်ပေးရတတ်တဲ့ဟင်းလေးပေါ့နော်
a ma ..how to cook့  ပုဇွန်ခြောက်ငံပြာရည်အစပ်ကြော် with မန်ကျည်းသီးမှည့်အနှစ် ?
ReplyDeleteI ate before but I don't know how to cook it...
Thank you
မကျီးသီးအနှစ်နဲ့ချက်ရင် အခုလို အခြောက်မကြော်တော့ဘဲ အိုးထဲမှာဘဲကြက်သွန်ကိုအရင်ကြော်ပြီးငရုတ်သီးကိုဆီသတ်ပေးပါ မွှေးလာရင်ပုဇွန်ခြောက်မှုန့် ငံပြာရည် ဟင်းချိုမှုန့်တို့ထဲ့ပြီးမွှေပေးပါ နောက်ဆုံမှမကျီးနှစ်လောင်းထဲ့ပြီး ရေမခမ်းခင်လေးမှာမီးပိတ်လိုက်ရင်ပုဇွန်ခြောက်ငံပြာရည် မကျီးနှစ်ချက် ချဉ်ချဉ်စပ်စပ်လေးရမှာပါ.. Khin Thandar ရေ...
Delete