Wednesday 26 September 2012

ကြက်သားချိုချဉ် အစိမ်းကြော်



မာမာဒီနေ့တော့ ကြက်ရင်ပုံသားလေးကို ရှိတဲ့အသီးအနှံလေးနဲ့ရောပြီး အစိမ်းကြော်လေးကြော်ထားပါတယ်
ချိုချိုချဉ်ချဉ် အရသာလေးမို့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။


ကြက်သားအရသာနယ်ရန်
  • ကြက်ရင်ပုံသား - နှစ်ဆယ်သား
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • သကြား - ထမင်းစားဇွန်း တဇွန်း
ကြော်ရန်
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • အဖတ်လေးများ ရအောင်လှီးထားသော ကြက်သွန်နီ - လက်ဖက်ရည်ပန်းကန် တလုံးစာ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  • ခပ်ထူထူလှီးထားသော ဂေါ်ဖီရွက် - လက်ဖက်ရည်ပန်းကန် တလုံးစာ
  • မုံလာဥနီ - တဥ
  • ရွှေပဲသီး - ငါးတောင့်
  • ခပ်ထူထူလှီးထားသော ခရမ်းချဉ်သီး - နှစ်လုံး
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း
အသီးအရွက်နှင့် ကြက်သားအရသာနယ်

မီးအနေတော်နှင့် အပူပေးထားသောဆီပူမှာ ကြက်သားကို
လေးမိနစ်လောက် အရင်ကြော်ပေးပြီးမှ ကြက်သွန်ုဖြူ နီတို့ကို
မိနစ်ဝက်လောက်ကြော်ပေးပါ

ကြက်သွန်များနွမ်းလာမှ ဂေါ်ဖီ မုံလာဥနီတို့ကိုထဲ့ပြီး
မိနစ်ဝက်လောက်ကြော်ကာ ဆား ဟင်းခတ်မှုန့် ခရမ်းချဉ်သီးနှင့်
ရွှေပဲသီးတို့ကို ထဲ့ကြော်ပေးပါ

အားလုံးသမသွားပြီးမှ ပဲငံပြာရည်ကို ထဲ့ပြီးမွှေပေးကာ
မိနစ်ဝက်လောက် ကြော်ပေးပြီးရင် ရပါပြီ

ထမင်းမိန်စေတဲ့ ကြက်သားချိုချဉ် သီးစုံအစိမ်းကြော် ရပါပြီ

6 comments:

  1. ဒီနေ့ကြော်မယ်မမမာရေဘာပာင်းချက်ရမလဲစဉ်းစားနေတာ သီတာ

    ReplyDelete
    Replies
    1. ထမင်းမိန်တယ် သီတာရေ

      Delete
  2. ကြက်သားချိုချဉ် သီးစုံအစိမ်းကြော်လေးနဲ့ ဗူးညွန့်ဟင်းခါးပူပူးလေး လိုက်မှလိုက်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီတင့်ရေ
      အသားများများမစားကြတဲ့ မာမာတို့မိသားစုရဲ့အကောင်းဆုံးဟင်းလေးတွေကို အားပေးသွားလို့
      ကျေးဇူးအများကြီးတင်ပါတယ်

      Delete
  3. ကောင်းမှကောင်းပဲ မမမာ စားသွားပြီ

    ReplyDelete
    Replies
    1. စားပါ စုရေ
      အားမနာနဲ့နော်

      Delete