ကြက်အူချောင်းဟင်း |
ဒီနေ့တော့မာမာ ဟင်းချက်နောက်ကျသွားပါတယ် အလုပ်အရမ်းများသလိုဈေးသွားစရာလဲရှိနေလို့ပါ အခုဈေးကပြန်ရောက်ရောက်ချင်းဘဲ အမြန် အလွယ် ကြက်အူချောင်းဟင်း မွှေးမွှေးလေးကိုချက်လိုက်ပါတယ်။
ကြက်အူချောင်းအစား ဝက်အူချောင်း အမဲသားအူချောင်းတို့နဲ့လဲ ချက်လို့ရပါတယ် curry powder မှုန့်လေးနဲ့ချက်ထားလို့ မွှေးလဲမွှေး စားလို့လဲအရမ်းကောင်းပါတယ် မာမာချက်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်။
လေးယောက်စာပါဝင်ပစ္စည်းများ
- ကြက်အူချောင်း - လေးချောင်း
- ခပ်သေးသေးလှီးထားသောကြက်သွန်နီ - အနေတော် တဥ
- ခပ်သေးသေးလှီးထားသောမုံလာဥနီ - အနေတော် တဥ
- ဂျုံမှုန့် - ထမင်းစားဇွန်း တဇွန်း
- ဟင်းချက်အမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
- ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
- သကြား - ထမင်းစားဇွန်း တဇွန်း
- ဗီနီကာ - လက်ဖက်ရည်ဇွန်း တဇွန်း
- ဆီ - ထမင်းစားဇွန်း တဇွန်း
- ရေ - 500 ml
ကြက်အူချောင်းကိုခရင်းနှင့်အပေါက်လေးများရအောင်လိုက်ပြီး ဖောက်ပေးပါ |
ရေအေးထဲ့ပြီးမီးပူပူမှာလေးမိနစ်လောက်ပြုပ်ပေးပါ ကျက်သွားပါက အအေးခံပြီးအပြင်ခွံများနွာပေးပါ |
ဟင်းချက်ရန်လိုအပ်တာများကိုပြင်ပေးထားကာ ကြက်အူချောင်းများကိုအနေတော်ပိုင်းဖြတ်ပေးပါ |
မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာကြက်သွန်နီနှင့် မုံလာဥနီတို့ကိုမိနစ်ဝက်လောက်ထဲ့ကြော်ပေးပါ |
ဟင်းချက်မှုန့်ကိုထဲ့ပြီးလေးငါးချက်လောက်ဆက်တိုက်မွှေပေးပါ |
ဂျုံ ဆား သကြား ဗီနီကာတို့ကိုထဲ့ပြီးလေးငါးချက်မွှေပေးပါ |
ငါးချက်လောက်မွှေပြီးတာနဲ့ရေကိုထဲ့ကာပျစ်လာတဲ့အထိမွှေပေးပါ |
ရေပျစ်လာပါကလှီးထားသောကြက်အူချောင်းကိုထဲ့ကာ သုံးမိနစ်လောက်မွှေပေးပြီးအပေါ့အငံမြည်းကာမီးပိတ်ပေးပါ |
ထမင်းမိန်စေသောကြက်အူချောင်းဟင်းမွှေးမွှေးလေးရပါပြီ |
မမမာအလုပ်မြန်မြန်ပြီးပါစေလို့ဆုတောင်းပေးပါတယ်ဒါမှပာင်းတွေအများကြီးစားရမှာကြက်အူချောင်းပာင်းမွှေးမွှေးလေးအိမ်သယ်သွားတယ်နော် သီတာ
ReplyDeleteစာရိုက်တာဘယ်လိုဖြစ်သွားလည်းမသိဘူး မမမာအလုပ်မြန်မြန်ပြီးပါစေ သီတာ
ReplyDeleteသီတာရေ ကျေးဇူးပါနော်
Deleteမမမာလဲဒီရက်ထဲအလုပ်များနေလို့ ဖြစ်သလိုလေးတွေနဲ့စားနေရတယ်လေ :)
သီတာတို့ကိုအားလဲနာလှနေပါပြီ
သီတာတောင်းပေးတဲ့ဆုလေးမြန်မြန်ပြည့်ချင်နေပါပြီ
ကျေးဇူးပါ သီတာ
ဗိုက်ဆာတယ် ဗိုက်ဆာတယ် ဗိုက်ဆာတယ်
ReplyDeleteအာ့လိုမျိုးလေး အရမ်းကြိုက်တယ် :))
လာလည်ရင်ချက်ကျွေးမယ် လာလည်နော်
Deleteအစ်မရေ.. နေ့တိုင်းလာလာ အားပေးပါတယ်နော်.. မိုးလဲ အလုပ်များနေလို့ပါ.. ^_^
ReplyDeleteကျေးဇူးပါညီမလေးရေ
Deleteမမမာလဲအလုပ်မအားလို့တာဝန်မကျေတွေဖြစ်နေတယ်လေ
လာအားပေးတဲ့အတွက်ကျေးဇူးပါနော် ညီမလေးရေ
ကြိုက်တယ် ကြိုက်တယ် စားမယ် မမမာ
ReplyDeleteစားပါနော် စုရေ
Deleteအမြန်အလွယ်ဟင်းလေးပေမဲ့စားလို့အရမ်းကောင်းပါတယ်