Saturday 29 September 2012

ပုဇွန်ခြောက် ငံပြာရည် အချိုကြော်

ပုဇွန်ခြောက်ငံပြာရည်အချိုကြော်
ပုဇွန်ခြောက် ငံပြာရည် အချိုကြော်လေး ကြော်ထားပါတယ် အစပ်မစားသူတွေအတွက် စားလို့အဆင်ပြေမဲ့ အရန်ဟင်းလေးပါ နေ့လည်နေ့ခင်းဘဲဖြစ်ဖြစ် မနက်စောစောစာဘဲဖြစ်ဖြစ် ပါင်မုန့်လေးနဲ့စားရင်လဲ အရမ်းကောင်းတဲ့ အကြော်လေးပါ။

ကျန်ခဲ့တဲ့ရက်ကတော့ ငရုတ်သီးနဲ့စပ်စပ်လေး ကြော်ဖြစ်ပါတယ် ဒီနေ့တော့ စိတ်ကူးရသလို အချိုလေးကြော်စားဖြစ်ပါတယ် ။

ကြာကြာအထားခံတဲ့အတွက် လေလုံပုလင်းလေးနဲ့ထဲ့ပြီးထားရင်လဲ ရတာမို့ မအားတဲ့ရက်လေးတွေမှာ ဟင်းမချက်ဖြစ်ရင် အဆင်သင့် စားလို့ရအောင်လို့ တစ်ခါထဲ ခပ်များများကြော်ပြီး ပုလင်းနဲ့ထည့်ထားဖို့အတွက် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက်မှုန့် - တစ်ဆယ့်ငါးကျပ်သား
  2. ကြက်သွန်နီ - ငါးဆယ်သား
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ကိုးမွှာ
  4. ဆီ - လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံးခွဲ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  7. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပါးပါးလှီးထားသောကြက်သွန်နီနှင့်ကြက်သွန်ဖြူ
ပုဇွန်ခြောက်မှုန့်နှင့်ငံပြာရည်
မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာကြက်သွန်နီကိုညိုပြီး
ကျွတ်လာတဲ့ထိကြော်ကာဆယ်ပြီးဆီစစ်ပေးထားပါ
မီးရှိန်နဲနဲဖြင့် အပူပေးထားသော ဆီပူမှာကြက်သွန်ဖြူကိုလဲ
ညိုပြီး ကျွတ်လာတဲ့ထိကြော်ကာ ဆယ်ပြီးဆီစစ်ပေးထားပါ
ဆီအိုးထဲတွင် ထမင်းစားဇွန်းငါးဇွန်းစာလောက် ဆီကိုချန်၍
ပုဇွန်ခြောက်မှုန့်နှင့် ဟင်းချိုမှုန့် ငံပြာရည်တို့ကိုထဲ့ပြီး
မေီးအးအေးနှင့်ကျွတ်လာတဲ့ထိမွှေပြီး ကြော်ပေးပါ
အားလုံးအေးသွားပါက ဇလုံကျယ်ကျယ်ထဲတွင်ထဲ့ပြီး ရောမွှေပေးပါ
ပုဇွန်ခြောက်ငံပြာရည်အချိုကြော်လေးရပါပြီ

9 comments:

  1. ဟိုတစ်ရက်က ပုဇွန်ခြောက်ငံပြာရည် အစပ်ကြော်လေး အားပေးခဲ့တယ်။ ဒီကနေ့တော့ ပုဇွန်ခြောက်ငံပြာရည် အချိုကြော်လေးနဲ့ ကြံမဆိုင်ဟင်းချိုလေး တွဲဘက်အားပေးသွားတယ် မာမာရေ။
    ဒီကနေ့ သားငယ်အိမ်ပြောင်းဘို့ အလုပ်ရှုပ်တော့မယ်ဆိုတော့ စောစောစီးစီး အားဖြည့်သွားပြီး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. အိမ်နီးရင်လာပြီးဝိုင်းကူလုပ်ပေးပါတယ် တီတင့်ရယ်
      အဲလိုမျိုးဆို အရမ်းဝါသနာပါတာ

      လေးစားခင်မင်လျှက်
      မာမာ

      Delete
    2. မာမာရဲ့ စိတ်ရင်းလေးကို လေးစားပါတယ်ကွယ်း)

      တီတင့်

      Delete
  2. အစ်မရဲ့ ငံပြာရည်ကြော်တွေ၊ ငါးပိကြော်တွေ ကြည့်ပြီး ကြော်မယ် ကြော်မယ်နဲ့ မကြော်ဖြစ်သေးဘူး.. ကြေးအိုးနဲ့ ဘာဆာငါးတော့ လုပ်စားဖြစ်တယ်။ မန္တလေးပဲကြော်လဲ ကြော်ဦးမလို့.. အားရင် လုပ်ဦးမယ်အစ်မရယ်.. ငံပြာရည်ကြော်လေး ကြည့်ပြီး ဗိုက်ဆာလာတယ်.. (^_^)

    ReplyDelete
    Replies
    1. ထမင်းမိန်လွန်းလို့ ဝလာရင်ဒုက္ခဘဲနော် ညီမလေးမိုး ရေ

      Delete
  3. ငံပြာရည်အချိုကြော်လေးကြော်စားအုန်းမယ် သီတာ

    ReplyDelete
    Replies
    1. ကြော်စာနော် သီတာ
      ဟင်းတစ်မျိုးထဲနဲ့အလုပ်ဖြစ်လို့ မီးဖိုဆောင်ချွေတာရာလဲရောက်ပါတယ် :)

      Delete
  4. ဟိုနေ့ကအစပစားပြီးပြီ် ဒီနေ့ကျအချိုထပ်စားမယ်

    ReplyDelete
    Replies
    1. အရသာတစ်မျိုးစီပေါ့ စုရေ
      စားနော်

      Delete