Friday 21 September 2012

ပဲသီးကြော်


ဒီနေ့တော့ ပဲတောင့်ရှည်လေးတွေ ဝယ်လာပြီး ကြက်ဥနဲ့ ကြော်ထားပါတယ် အသီးအရွက်ကြိုက်တဲ့ သူတွေအတွက် ထမင်းမြိန်ရာ ဟင်းတမယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှေဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲတောင့်ရှည် - နှစ်ဆယ့်ငါးတောင့်
  2. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  3. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ကြက်ဥ - တစ်လုံး

ပြင်ဆင်ပုံ
  1. ပဲသီးကို ရေဆေးပြီး ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  3. ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  4. ဆီပူလာတာနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါ
  5. ကြက်သွန်နွမ်းတာနဲ့  ပဲသီးများကို ထည့်ကြော်ပါ
  6. ပဲသီးများ ထည့်ပြီးတာနဲ့ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး မွှေပေးပါ
  7. ပဲသီးများ အနည်းငယ် နွမ်းလာတာနဲ့ ကြက်ဥကိုဖောက်ထည့်ပြီး မွှေပေးပါ
  8. ကြက်ဥကျက်သွားတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပြီး ပဲသီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးနိုင်ပါပြီ။

4 comments:

  1. အလွယ်ဟင်းလေးတွေက ကျွန်မအတွက်တော့ အရမ်းဘဲ အသုံးဝင်ပါတယ် အစ်မရေ.. ^_^
    မိုးသောက်ဖြူ

    ReplyDelete
    Replies
    1. ငွေကုန်သက်သာသလို စားလို့လဲကောင်းတဲ့ဟင်းလေးပါ
      အချိန်ကုန်သက်သာသလို ကျန်းမာရေးနဲ့လဲညီညွတ်တဲ့ဟင်းလေးပါညီမလေးရေ
      ညီမလေးအတွက်အသုံးဝင်တယ်ဆိုလို့ ပျော်နေပါတယ်

      Delete
  2. အရည်လေးပါ ခပ်ခပ်သောက်ချင်တယ်

    ReplyDelete
    Replies
    1. ချိုချိုလေးနော် စု

      Delete