|
ပုဇွန်ပျားရည်ကြော် |
မာမာဒီနေ့တော့ ပုဇွန်ပျားရည်ကြော်လေး ကြော်ထားပါတယ် ထမင်းပူပူနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့ ဟင်းလေးပါ ပျားရည်နံ့လေးမွှေးသလို ငရုတ်ကောင်းမှုန့်နဲ့ နှမ်းလေးလဲ ထဲ့ထားတာကြောင့် အရသာလေးက တမျိုးထူးခြားပါတယ်။
ဒီနည်းလေးကိုသမီးလေးက အင်တာနက်ထဲက ရှာပေးထားပြီး လွယ်လဲလွယ်တဲ့အတွက် ချက်ဖြစ်ခဲ့တာပါ
ထမင်းမိန်မိန်သုံးဆောင်နိုင်ဖို့ ချက်နည်းလေး မျှဝေပါမယ်
လေးယောက်စာ
- အခွံခွာပြီးကြောမှ အမဲကြောင်းများ ထုတ်ထားသောပုဇွန်ထုတ် - သုံးဆယ်သား
- ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
- ပျားရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- နှမ်း - အနည်းငယ်
ဂျုံအရသာနယ်ရန်
- Self raising flour - ထမင်းစားဇွန်းတဇွန်းခွဲ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
- ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တဝက်
- ကြက်ဥ - တလုံး
|
ကော်မှုန့်နှင့်အတူပုဇွန်ပျားရည်ကြော်ရန်ပြင်ထားပေးပါ
|
|
ဂျုံ ဆား ငရုတ်ကောင်းမှုန့်တို့ကိုရောမွှေပြီးအလယ်မှချိုင့်လေးလုပ်ကာခ
လောက်ထားသောကြက်ဥကိုထဲ့ပြီးဖြေးဖြေးချင်းမွှေပေးပါ
|
|
ရေထဲ့ပြီးပျစ်လာတဲ့ထိဖြေးဖြေးချင်းမွှေပေးပါ
|
|
ပုဇွန်ကိုအခွံခွာကြောမှခွဲကာအမဲကြောင်းလေးကိုထုတ်ပြီး
ကော်မှုန့်ထဲထဲ့ပြီးလူးပေးကာအရသာစပ်ထားသောဂျုံနှစ်ထဲသို့စိမ်ပါ
|
|
မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာရွှေအိုရောင်သန်းလာတဲ့ထိကြော်ပေးပါ
|
|
ပုဇွန်ကြော်ဆီစစ်ပြီးဆယ်ထားတုံးမှာ ပျားရည်ကိုဆီထမင်းစားဇွန်း
တဇွန်းနှင့်ရောကာ မီးအေးအေးဖြင့်တည်ကာအပူပေးပါ
|
|
ပုဇွန်မုန့်နှစ်ကပ်ကြော်ထဲသို့နှမ်းစေ့လေးများဖြူးကာအပူပေးထားသော
ပျားရည်ကိုလောင်းချပေးပြီးပါကပျားရည်ပုဇွန်ကြော်လေးရပါပြီ |
ပုဇွန်ကြော်လေးတွေ ဖတ်နေရတယ်.. ကျွန်မအတွက်တော့ နည်းသစ်လေး တွေရတာ ဝမ်းသာတယ် အစ်မရေ.. (^_^)
ReplyDeleteနည်းသစ်လေးတွေရရင်
Deleteတစ်မျိုးပြီးတစ်မျိုးကြော်လေ
ပြီးရင်ဧည့်သည်လာလုပ်ချင်တယ်
အလည်ခေါ်နော်
လာလည်ပါအစ်မရေ.. အမြဲဘဲ ဖိတ်ခေါ်ပါတယ်..။
Deleteပျားရည်ပုဇွန်ကြော် ကြိုက်တယ်။ ပုဇွန်တင်ပူရာကြော်လည်း ကြိုက်တယ်။ ကြော်နည်းလေးမှတ်သွားတယ်မာမာရေး)
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျေးဇူးပါတီတင့်ရေ
Deleteမာမာ့သမီးလေးအင်တာနက်ထဲကရှာပေးတဲ့နည်းလေးပါ
စားလို့အရမ်းကောင်းလွန်းလို့လေ
လေးစားခင်မင်လျှက်
မာမာ
TT က ဒီလို ကြော်ထှာဂို
ReplyDeleteတူမလေးက အကုန်ကြော်ပြီး ပြာရည်နဲ့ပြန်နယ်စားထှာ...
တီတီ ကြော်ထှာက ပိုကောင်းမှယ်....
ကောင်းတယ်နော်....အရမ်းကြိုက်တယ် :)))
မီးမီးလေးရှာပေးတဲ့နည်းလေးပါ တူမလေးရေ
Deleteစားလို့အရမ်းကောင်းလို့တင်ပေးလိုက်တာပါ :))
နည်းလေးယူသွားပါတယ်မမမာ သီတာ
ReplyDeleteလွယ်တယ် သီတာရေ
Deleteကြော်စားကြည့်နော်
မမမာရေ ဟင်းတူတယ်တော့
ReplyDeleteဟုတ်ပါ့ စုရေ
Deleteမမမာဒါလေးတင်ပြီးမှ စုဆီရာက်သွားတာ
ဟယ်..ဟင်းချင်းတူနေပြီလို့ဆိုပြီးပျော်သွားတယ်
နှမ်းနက်လေးနဲ့စားချင်သေးတယ် စုရေ