Wednesday 19 September 2012

ကြက်သား ပန်းဂေါ်ဖီကြော်


မာမာ ဒီနေ့တော့ အမြန်ပြီးစေတဲ့ ဟင်းလေးတစ်မယ် ချက်ပြီး လာပို့ထားပါတယ် ထမင်းလဲမိန်စေသလို အသားရော အသီးအရွက်ပါ တစ်ခါထဲပါစေတဲ့ ဟင်းလေးမို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို တခါထဲ အရသာ၂မျိုး စားလို့ရနိုင်တာမို့ ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။


လေးယောက်စာ
ကြက်သားအရသာနယ်ရန်
  • ကြက်သား - နှစ်ဆယ်သား
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ကြော်ရန်
  • ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  • ပန်းဂေါ်ဖီ - တရုတ်ဟင်းပြင် ပန်းကန် တလုံးစာ
  • ခပ်ထူထူလှီးထားသော ကြက်သွန်နီ - တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - လေးမွှာ
  • ခပ်ထူထူလှီးထားသော ကြက်သွန်မိတ် - နှစ်ပင်
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ

ကြက်သားအရသာနယ် ကြက်သွန်ဖြူ ကြက်သွန်နီ
 ကြက်သွန်မိတ် ပန်းဂေါ်ဖီ

ကြက်သားအရသာနယ်ကို ဆီပူပူမှာလေးမိနစ်လောက်
ကြော်ပေးပြီးမှ ကြက်သွန်ဖြူ နီကို မိနစ်ဝက်လောက်ကြော်ပါ

ကြက်သွန်များနွမ်းသွားမှ ပန်းဂေါ်ဖီ ဆား
ဟင်းခတ်မှုန့်တို့ကိုထဲ့ကာ တမိနစ်လောက်ထဲ့ကြော်ပေးပါ

ကြက်သားကျက်ပြီး ပန်းဂေါ်ဖီများနွမ်းသွားပါက ပဲငံပြာရည်နှင့်
ကြက်သွန်မိတ်ကိုထဲ့ကာ မိနစ်ဝက်လောက်ကြော်ပေးလျှင်ရပါပြီ
ပီ

4 comments:

  1. အခုတစ်လော အသားချည်းမစားချင်တာနဲ့ အတော်ပဲ မာမာရေ။
    ကြက်သားပန်းဂေါ်ဖီကြော် ချိုချိုမွှေးမွှေးလေးအားပေးသွားတယ်နော်။
    လွတ်သွားတဲ့ဟင်းလျာတွေလည်း အချိန်ရသလောက်အားပေးသွားတယ်။
    လောလောဆယ်အလုပ်များနေသေးတယ် ဟိဟိ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ကြက်သားပန်းဂေါ်ဖီကြော်ချိုချိုမွှေးမွှေးလေးစားသွားပါတယ် မမမာအလုပ်မြန်မြန်ပြီးပါစေ သီတာ

    ReplyDelete
    Replies
    1. သီတာရေ
      မမမာအလုပ်များနေလို့ နေ့စဉ်ဟင်းလေးတွေလဲ ပျက်နေရတယ်နော်
      အားနာလိုက်တာ

      Delete
  3. မမမာရေ စားမယ်နော်

    ReplyDelete