Tuesday 11 September 2012

ကြက်သားကြွတ်ကြွတ် အချိုကြော်

ကြက်သားကျွတ်ကျွတ်အချိုကြော်
မာမာဒီနေတော့ ကြက်ပေါင်သားကြွတ်ကြွတ် အချိုကြော်လေးကြော်ထားပါတယ် အသားစိုစိစိတွေမကြိုက်တဲ့ကလေးတွေအတွက်တော့ အရမ်းကိုအဆင်ပြေတဲ့ကြက်ကြော်လေးပါ။

ကြက်သွန်ကြော်နံ့လေးမွှေးသလို ကြက်ကြော်နံ့လေးကလဲသင်းပါတယ် ဟင်းနံ့တွေကြောက်ရင်တွေအခုလိုလေးကြော်စားကြည့်စေချင်ပါတယ်။

အခုလိုအကျွတ်လေးကြော်မယ်ဆိုရင်တော့ ကြက်ပေါင်သားကအကောင်းဆုံးမို့ ကြက်ပေါင်လေးနဲ့ကြော်ကြရအောင်နော်။
ကြက်သားအရသာနယ်ပြီးပြုပ်ရန်
  • ကြက်ပေါင် - လေးချောင်း (လေးဆယ်သားခန့်)
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
ကြော်ရန်အတွက်
  • ကြက်သွန်နီ - ဥကြီးကြီး နှစ်ဥ (နှစ်ဆယ့်ငါးကျပ်သားခန့်)
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
*ကြက်သွန်နီကိုအရင်ကြော်ပေးပြီး ကြက်သွန်နီကြော်သောဆီနှင့်ပင်ကြက်သားကိုဆက်ကြော်ပေးပါ*

ကြက်ပေါင်သားကိုနှစ်ရည်ခမ်းအောင်ပြုပ်ပြီးအသားထွင်ပေးပါ
မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာကြွတ်ရွလာတဲ့ထိကြော်ပေးပါ
ကြွတ်တ်ရွလာပါကဆယ်ပြီးဆီစစ်ပေးထားပါ
ကြက်သွန်နီကိုပါးပါးလေးတွေလှီးပေးထားပါ
ကြွတ်လာတဲ့ထိကြော်ပေးပါ
ကြွတ်လာလျှင်ဆယ်ပြီးဆီစစ်ပေးပါ
နှစ်မျိုးလုံးဆီစစ်ပြီးအေးသွားပါကဇလုံကျယ်ကျယ်ထဲတွင်ထဲ့ကာ ရောသမမွှေပေးပါ
ရောမွှေပြီးသွားပါကနှစ်သက်လိုသုံးဆောင်နိုင်ပါပြီ
ကြက်ပေါင်သားကြွတ်ကြွတ် အချိုကြော်လေးရပါပြီ

8 comments:

  1. ရှယ်ဘဲ တီတီ
    အဲလိုဆိုအရမ်းကြိုက်
    လုပ်ရတာ လက်ဝင်သလောက် စားလိုက်ရင် ခဏလေးဘဲနော် :))

    ReplyDelete
    Replies
    1. မှန်လိုက်လေခြင်းကွယ် စားရင်ခနလေးဘဲနော်
ြ

      Delete
  2. စားချင်တယ် အစ်မရေ.. လုပ်စားဦးမယ်.. (^_^.)

    ReplyDelete
    Replies
    1. ကောင်းတယ်ညီမလေးရေ လုပ်စားကြည့်နော်

      Delete
  3. ဂဏန်းထမင်းကြော်ကို ကြက်ပေါင်ကြွတ်ကြွတ်အချိုကြော်နဲ့ အတူတကွ
    အားပေးသွားတယ် မာမာရေ (နည်းနည်းလောဘကြီးတယ်း))
    တီတင့်နယ်ဘက်ခရီးထွက်မှာမို့ ခဏပျောက်မယ်နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ တီတင့်ရေ
      လေးစားခင်မင်လျှက်
      မာမာ

      Delete
  4. အရမ်းကြိုက်တယ် မမမာရေ

    ReplyDelete
  5. ဒီတိုင်းလေးစားတာပိုကောင်းတယ် စုရေ

    ReplyDelete