မာမာအရင်တုံးက မျှစ်ချဉ်ဆိုရင် ဟင်းချက်တာဘဲ စားဘူးတာပါ ကရင်ပြည်နယ် ကော့ဘိန်းမှာ နေတုံးကမှ သားကြီးရဲ့ ဆရာမလက်ရာ မျှစ်ချဉ်သုပ်ကျွေးမှ စားဘူးခဲ့တာပါ။
အဲဒီကစပြီး စားလို့အရမ်းကောင်းလို့ မကြာမကြာ သုပ်စားဖြစ်ပါတယ် ဒီနေ့လဲ ထမင်းမြိန်မြိန်စားဖို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မျှစ်ချဉ် - နှစ်ဆယ်သား
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းနှင့်တစ်ဝက်
- ငရုတ်သီးအလှော်မှုန့် - ထမ်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- မြေပဲလှော်ထောင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းနှင့်တစ်ဝက်
ပြင်ဆင်ပုံ
- မျှစ်ချဉ်ကို ရေသုံးထပ်လောက် ဆေးပေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဇလုံတစ်လုံးထဲမှာ မျှစ်ချဉ်လှီးပြီးသားနှင့် လိုအပ်သော အစာများ ထည့်ပေးပြီး ခပ်ဖွဖွလေး နယ်ပေးပါ
- အရသာ နယ်ပေးပြီးတာနဲ့ အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို ပြင်ပေးပါ
- ပြီးတာနဲ့ ချဉ်ငံစပ် မျှစ်ချဉ်သုပ် မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
နည်းအသစ်ကလေးတွေ မှတ်သားသွားပါတယ်.. ^_^
ReplyDeleteကျေးဇူးပါညီမလေးရေ :)
Deleteစားဘူးသေးဘူး မမမာ ရေ .. ရေဆေးပြီးရင်သုပ်လို့ ရပြီပေါ့နော်.. မျှစ်စိမ်းဆိုတော့ မကောက်ဘူးလားဟင် မမမာ..
ReplyDeleteချိုရေ အချဉ်တည်ပြီးသားမို့ဘာမှမဖြစ်ပါဘူး ရေလေးနိုင်နိုင်ဆေးပြီးသုပ်စားကြည့်နော် ကောင်းတယ်:)
Deleteနေမကောင်းလို့commentမရေးနိုင်ဖြစ်နေတယ်မမမာရေ မျှစ်ချဉ်သုပ်လေးစားချင်လိုက်တာ သီတာ
ReplyDeleteသီတာရေ
Deleteနေမြန်မြန်ကောင်းပါစေလို့ ဆုတောင်းပေးပေးမယ်နော်
မျှစ်ချဉ်သုပ်လေးကိုနေကောင်းမှစားနော်
အစိမ်းသုတ်ပဲစားဖူးသေးတယ် မမမာ မျှစ်ချဉ်မစားဖူးဘူး
ReplyDeleteအရမ်းကောင်းတယ် စုရဲ့
Deleteသုပ်စားကြည့်နော်
မမရေ SHARE သွားတယ်နော် စားချင်စရာကောင်းလို့
ReplyDeleteMINN MINN
ရပါတယ် Minn Minn ရေ
Deleteလာလည်တဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်နော်
စား ဖူး တယ် မ မ။မျစ် ပြုပ် ကို သုတ် တာ။ ပင် စိမ်း ရွက် ပါး ပါး လှီး ပီး ထဲ့ သေး တယ်။တ ကယ် မွန် စာ တ မျိုး ပဲ
ReplyDeleteမမလဲ မွန်ရွာတွေမှာနေခဲ့ဘူးတုံးက စားဖူးလို့အရမ်းနှစ်သက်ခဲ့တဲ့အစာလေးပါ ညီမလေးရေ
Deleteforget to write my name ma ma..it was me "chaw"
ReplyDeleteညီမလေးချောရေ ကျေးဇူးပါနော်
Delete