ဒီနေ့တော့ သင်္ဘောသီး ကြက်ခြေထောက်လေးတွေ ဝယ်လာပြီး ဆေးကြောသန့်စင်ကာ ကျက်နေအောင်ပြုပ်ပြီး ချဉ်ငံစပ်လေး ထောင်းစားဖြ စ်ပါတယ်။
နေ့လည်နေ့ခင်းဆို တစ်ယောက်ထဲဆိုတော့ တစ်ခါတစ်ရံ အစားလေး တစ်ခုခု လုပ်စားပြီး အပျင်းဖြေရတဲ့ ရက်လေးတွေလဲ ရှိတတ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ကြက်ခြေထောက် ထောင်း နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပြုပ်ပြီးသာ ကြက်ခြေထောက် - ဆယ်ချောင်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ယိုးဒယား ငါးပိရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ယိုးဒယား ပုဇွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ယိုးဒယား ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- သံပုရာသီး - တစ်လုံး
- ထန်းလျှက်ခဲ - အနေတော် တစ်ခဲ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ငရုတ်သီး အခြောက်တောင့် - ငါးတောင့်ခန့်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ကို ထည့်ထောင်းပေးပါ
- မညက်တစ်ညက် အနေအထားလေး ရလာတာနဲ့ အရသာမှုန့် သုံးရမဲ့ ငါးပိရည်နှင့် ငံပြာရ ည်တွေကို ထည့်ပေးပြီး ဇွန်းနှင့်မွှေပေးပါ
- ပြီးတာနဲ့ သံပုရည်ညှစ်ထည့်ကာ ပြုပ်ထားသော ကြက်ခြေထောက်များကို ထည့်မွှေပေးပါ
- အားလုံးအရသာ သမသွားတာနဲ့ အရသာကို မြည်းပေးပြီး ချိုချဉ်ငံစပ် အရသာကို မြည်းပေးကာ လိုအပ်တာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုရင်တော့ ချဉ်ငံစပ် ကြက်ခြေထောက်ထောင်းလေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီရှင်။