မာမာ ဒီနေ့တော့ ကြက်ရင်ပုံသားကို ခရုဆီနဲ့ ဆီပြန်ဟင်း ချက်ဖြစ်ပါတယ် ခရုဆီပါတဲ့အတွက် ကြက်သား အရသာက စားလို့ အရမ်းကောင်းပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကြက်ပေါင်သား - 500 g
- ထန်းလျှက်အပျော့ - ထမင်းစားဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
- ကြက်သွန်နီ - အနေတော် တစ်လုံး (အနှစ်ရရန် လှီးထည့်ပါ)
- ချင်း - လက်တစ်ဆစ်ခန့်
- စပါးလင် - တစ်ပင်
- ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ကြက်သားအရသာနယ်ရန်
- ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ့
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ထန်းလျှက်အပျော့ - ထမင်းစားဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာ၀င်အောင် နယ်ထားပါ
လိုသောပစ္စည်းများ ပြင်ဆင်ပုံ
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
- ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးထားပါ
- စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- စပါးလင်ရွက်များကို ရေဆေးပြီး ထုံးထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
- ကြက်သွန်နီ အနေတော် တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်နူတ်နုတ် လှီးထားပါ
- ခရုဆီကို အဆင်သင့် ပြင်ထားပါ
ပြင်ဆင်ပုံ
- အရသာ နယ်ထားသော ကြက်သားနှင့်ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
- ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်နှင့် ငရုတ်သီးအရောင်တင်မှုန့်ထောင်းတို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ကို နှစ်မိနစ်လောက် ထည့်မွှေပေးပါ
- ပြီးတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
- ကြက်သား အသားများ မာကျစ်လာတဲ့ထိ ဆီသတ်ပေးပါ
- ကြက်သား အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး အုံးအဖုံးအုပ်ကာ ကြက်သားနူးတဲ့အထိ ဆက်တည်ပေးပါ
- ကြက်သားနူးကာနီးမှ ခရုဆီကို ထည့်မွှေပေးပါ
- ရေခမ်းပြီး ဆီလည်ရေလည် ဖြစ်လာပါက အထက်အောက် သမအောင် မွှေပေးပြီး ဆီပြန်လာအောင် တည်ပေးပါ
- ဆီပြန်လာပါက ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment