ဒီနေ့တော့ ဘိန်းမုန့်စားချင်တာနဲ့ ဆန်နဲ့ ကောက်ညှင်းမှုန့်ကို ရောကာ ဘိန်းမုန့်လေး လုပ်ဖြစ်ပါတယ် စားလို့အရမ်းကောင်းပြီး လုပ်ရတာ လွယ်ကူလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဆန်စိမ်းမှုန့် - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
- ကောက်ညှင်းမှုန့် - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
- ဘိန်းစေ့ - မိမိနှစ်သက်သလောက် သုံးပေးပါ
- အုန်းသီးအနု - မိမိနှစ်သက်သလောက် သုံးပေးပါ
- မြေပဲလှော် - မိမိနှစ်သက်သလောက် သုံးပေးပါ
- ထန်းလျှက်ရည် ကျိုပြီးသား - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
- ရေ - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
- ထောပါတ် - ထမင်းစားဇွန်း လေးဇွန်း
- ကြက်ဥ - တစ်လုံး
- Baking soda - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- Nan - stick pan - အိုးအေသး တစ်လုံး
ပြင်ဆင်ပုံ
- ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့် ဆန်မှုန့်နှင့် baking soda တို့ကိုထည့်ပြီး မွှေပေးပါ
- ကြက်ဥကို ဇလုံတစ်လုံးထဲမှာ ခလောက်ထားပါ
- ထန်းလျှက်ရည်ကို အဆင်သင့် ပြင်ထားပါ
- ထောပါတ်ကို အရည်ဖျော်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဆန်မှုန့် ဇလုံထဲကို ရေနည်းနည်းချင်း ထည့်ပေးပြီး မွှေပေးပါ
- ရေခပ်ပျစ်ပျစ်လေး ရလာတာနဲ့ ခလောက်ထားသော ကြက်ဥနှင့် ထန်းလျှက်ရည်တို့ ထည့်ပြီး ခပ်ပျစ်ပျစ်လေး ရလာအောင် မွှေပေးပါ
- မုန့်နှစ်ရည် ခပ်ပျစ်ပျစ်လေး ရလာတာနဲ့ အဖုံးအုပ်ပြီး ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ ငါးနာရီလောက်ထည့်ပေးထားပါ
- မြေပဲလှော် အုန်းသီး ခြစ်ပြီးသား နှမ်းလှော် ဘိန်းစေ့နှင့် ထောပါတ်တို့ကို အဆင်သင့် ပြင်ထားပါ
- မုန့်နှစ်ဖောက်ထားတာ ရပြီဆိုတာနဲ့ ဒယ်အိုးထဲကို ထောပါတ်ဆီ ထည့်ပေးပြီး အပူပေးပါ
- ထောပါတ်ဆီ ပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်ရည်ကို သမအောင် မွှေပေးပြီး ယောက်ချိုဇွန်း တစ်ဇွန်းခွးစာ ခပ်ပြီး ထည့်ပေးပါ
- ပြီးတာနဲ့ အုန်းသီး နှမ်းလှော် ဘိန့်စေ့နှင့် မြေပဲတို့ကို ထည့ျေးပွီး အဖုံးအုပ်ထားပါ
- မိနစ်ဝက် သာသာလောက် ရလာတာနဲ့ အဖုံးဖွင့်ပြီး ကြည့်ပေးပါ
- အပေါ်ယံလေး တင်းလာတာနဲ့ အထက်အောက် လှန်ပေးပြီး အဖုံးခန ပြန်အုပ်ပေးပါ
- နောက်ထပ် မိနစ်ဝက်လောက်နေရင် ဘိန်းမုန့် ပူပူလေး ရပါပြီ
- အထက်ပါ နည်းအတိုင်း မုန့်ရည်ကုန်တဲ့အထိ လုပ်ပေးပြီးပါက ဘိန်းမုန့် ချိုစိမ့်စိပြီမ့်လေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါ။
No comments:
Post a Comment