ဒီနေ့တော့ စျေးကအပြန် ဝယ်လာတဲ့ ဗူးသီးကို ဗူးသီးကြော်ချက်လေးချက်ပါတယ် ချက်ရတာလဲ လွယ်ကူပြီး ငရုတ်ကောင်းနံ့ မွှေးမွှေးလေးနဲ့ သောက်လို့ကောင်းလွန်းတဲ့အတွက် မာမာချက်တဲ့ ကြော်ချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
- ဗူးသီး - ခပ်ကြီးကြီး တစ်စိတ်
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ကြက်သားပြုပ်ပြီးသား - အနေတော် နှစ်တုံး
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက် တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
- ဗူးသီးစိတ်ကို အခွံခွာကာ အစိတ်လိုက် ရေဆေးပေးပါ
- ရေဆေးပြီးမှ အနေတော် အစိတ်လေးတွေ စိတ်ပေးကာ ခပ်ထူထူလေးတွေ လှီးပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ထူထူလေးတွေ လှီးပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပြုပ်ပြီးသား ကြက်သားကို အသားနွှင်ထားပါ
- ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကို ထည့်ပေးပါ
- ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နွမ်းတယ်ဆိုရုံလေး ကြော်ပေးပါ
- ကြက်သွန်များ နွမ်းလာတာနဲ့ လှီးထားသော ဗူးသီးကို ထည့်ကြော်ပါ
- ဗူးသီးကို နွမ်းအောင်ကြော်ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးခွဲ ကြက်သားပြုပ်ပြီးသားနှင့် ကြက်သားမှုန့်တို့ကိုထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူပြီး ဗူးသီးနူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်နှင့် ဆားထည့်မွှေကာ အရသာမြည်းပြီး လိုသလိုပြင်ကာ သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment