Monday, 15 April 2024

ပလာတာနဲ့ ကြက်သားဟင်း






ဒီနေ့တော့ ကြက်သားနဲ့ အာလူးကို ဆီလည်ရေလည်လေး ချက်ပါတယ် ။ ဒီတော့ ပလာတာနဲ့ ကြက်သားဟင်းကို ထမင်းနဲ့ မစားဘဲ ပလာတာနဲ့ စားပါမယ် ပလာတာ လုပ်နည်းကိုတော့ https://mmlazp.blogspot.com/2016/09/blog-post_14.html ဒီလင့်လေးမှာ ကြည့်နိူင်ပါတယ်။

ပလာတာနဲ့ ကြက်သားဟင်းလေးက စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ (၁၀ယောက်စာ)
  1. ပလာတာ - တစ်ဆယ့်ငါးချပ်
  2. ကြက်သား - တစ်ကီလို  (အရိုးအသား တွဲသုံးပါ)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သား အရသာနယ်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ကြက်သား အရသာနယ်ရန်)
  7. ငရုတ်ပွခြောက် - ခြောက်တောင့် (သို့မဟုတ်)
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  9. ကြက်သွန်နီ - အနေတော် လေးလုံး (ငရုတ်သီးနှင့် ရောထောင်းရန်)
  10. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ကိုးမွှာ (ငရုတ်သီးနှင့် ရောထောင်းရန်)
  11. ချင်း - လက်တစ်ဆစ်ခန့် (ငရုတ်သီးနှင့် ရောထောင်းရန်)
  12. အာလူး - ကီလိုဝက်
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူးအရသာနယ်ရန်)
  14. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အာလူး အရသာနယ်ရန်)
  15. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူး အရသာနယ်ရန်)
  16. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (အာလူးကြော်ရန်နှင့် ဆီသတ်ရန်)
  17. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
  18. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
  19. ကရဝေးရွက် -နှစ်ရွက်
  20. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
  21. ဂေါ်ဖီထုပ် - တစ်စိတ်
  22. ကြက်သွန်နီ - အနေတော် ငါးလုံး
  23. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  24. သံပုရာသီး - ငါးလုံး
  25. ပူစီနံ - မိမိနှစ်သက်သလောက်

ကြက်သားချက်ရန်
  • ကြက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဇလုံထဲမှာ ကြက်သား နနွင်းမှုန့် ဆား အရသာမှုန့်နှင့် မဆလာတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီခန့် နှပ်ထားပေးပါ
ငရုတ်သီးထောင်းရန်
  • ငရုတ်ပွတောင့်ကို နာရီဝက်လောက် ရေစိမ်ပေးပြီး အညှာခြွေကာ ရေဆေးပေးပါ
  • မာမာကတော့ ငရုတ်ပွတောင့် မရှိတဲ့အတွက် ငရုတ်သီး အရောင်တင်မှုန့်ကို သုံးထားပါတယ်ကြ
  • က်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပေးပါ
  • ကြက်သွန်ဖြူ  နှင့် ချင်းကို အခွံခွာပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်ပွတောင့် (သို့မဟုတ်) ငရုတ်သီး အရောင်တင်မှုန့် ချင်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ရောပြီး ထောင်းပေးထားပါ
အာလူးကြော်ရန်
  • အာလူးများကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • ပြီးတာနဲ့ အာလူးမ်ားကို နနွင်းမှုန့် အရသာမှုန့်နှင့် ဆားတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ အာလူးကို ထည့်ကြော်ပေးပါ
  • အာလူးတစ်တုံးလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပေးထားပါ
ဟင်းချက်ရန်
  • အာလူးကြော်ထားသော ဆီအိုးထဲမွာ ပဲနံ့သာစေ့နှင့် ကရဝေးရွက်တို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ပြီးနှပ်ထားသော ကြက်သားများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သားများ လုံးမိအောင် မွှေပေးပါ
  • ကြက်သားအသား မာကျစ်လာတာနဲ့ အာလူးကို ထည့်ပေးပြီး ရေကိုနည်းနည်းချင်း ထည့်ပြီးချက်ပေးပါ
  • ကြက်သားနှင့်အာလူး နူးတဲ့အထိ ရေကိုနည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ
  • အာလူးနှင့် ကြက်သား နူးလာပါက ဆီလည်ရေလည် အနေအထား ရလာပါက ဆားနှင့် အရသာမှုန့်တို့ ထည့်ပြီး မွှေပေးပါ
  • ဟင်းရည် ပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမီတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိနှစ်သက်တဲ့ အရသာ ရလာတာနဲ့ ကြက်သားဟင်းရည် ရပြီဖြစ်တဲ့အတွက် မီးပိတ်ပေးပါ။
ပလာတာကြော်ရန်
  • ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ပလာတာကို တစ်ချပ်ချင်း ထည့်ကြော်ပေးပါ
  • တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး နောက်တစ်ဖက် ကျက်ပါက ဆယ်ပြီး ဆီစစ်ပေးထားပါ
စားပွဲပြင်ရန်
  • ကြော်ထားသော ပလာတာမ်ားကို ကပ်ကျေးဖြင့် အနေတော် ညှပ်ပေးထားပါ
  • ကြက်သားဟင်းရည် ပူပူနွေးနွေးကိုလဲ ပြင်ထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပန်းကန်ပြား တစ်ချပ်ထဲမှာ ပလာတာ ထည့်ပေးပြီး ကြက်သားဟင်းရည်ဆမ်းကာ ဂေါ်ဖီ ပူစီနံ ငရုတ်သီးစိမ်းနှင့် သံပုရာရည်တို့ကို ထည့်ပေးကာ ပလာတာ ပူပူလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment