Thursday 30 November 2023

ပဲပြားပေါင်း

 





ဒီနေ့တော့ နှမ်းဆီမွှေး ပဲငံပြာရည်တို့နဲ့ သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် ပဲပြားကို အချိုအရသာ ပေါင်းထားပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပြားအပျော့ - 250 g
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  3. နှမ်းဖြူ - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်မိတ် - အနေတော် သုံးပင်
  5. ချင်းတက် - လပ်တစ်ဆစ်ခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဝက်
  8. ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  11. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  12. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ပဲပြားကို ရေဆေးကာ ပန်းကန်ထဲ ထည့်ထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ  ဓါးပြားရိုက်ထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အမျှင်လေးတွေ လှီးထားပါ
  • ပန်းကန်တစ်လုံးထဲမှာ ဆား နှမ်းဖြူ နှမ်းဆီမွှေး ချင်း ကြက်သွန်မိတ် ကြက်သွန်ဖြူ ပဲငံပြာရည်အနောက် ပဲငံပြာရည် အကြည် ခရုဆီနှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောပြီး သမအောင် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာများ ထည့်ထားသော ဇလုံထဲကို လောင်းထည့်ပေးပါ
  • ပန်းကန်တစ်လုံးထဲမှာ ပဲပြား ကြက်သွန်ဖြူ နှင့် အရသာ စပ်ထားသော ပဲငံပြာရည်တို့ကို ထည့်ပေးပါ
  • ထိုပန်းကန်ကို ပေါင်းအိုးထဲထည့်ပြီး အဖုံးအုပ်ပေးပါ
  • ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကို နှိပ်ပေးပြီး သုံးမိနစ် ပေါင်းပေးပါ
  • ပဲပြားပေါင်းချိန် သုံးမိနစ် ပြည့်တာနဲ့ ပေါင်းအိုးမှ လေထုတ်မည့် ခလုတ်ကို နှိပ်ပေးပြီး လေကုန်အောင် နှိပ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ပဲပြားပေါင်းစဉ် ထွက်လာသော အရည်မှာ အရမ်းကို ချိုတဲ့အတွက် အရည်သောက်ဆမ်းလေး ပြင်ပေးနိူင်ပါတယ်
  • ပြီးတာနဲ့ ပဲပြားပေါင်း ပန်းကန်ကို ပေါင်းအိုးအပြင်သို့ ထုတ်ပေးပြီး ပူပူလူလူလေး သုံးဆောင်နိူင်ပါပြီ။

Wednesday 29 November 2023

ကင်မ်ချီ ထမင်းကြော်

 



ဒီနေ့တော့ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ ကင်မ်ချီ ထမင်းကြော်လေး ကြော်ဖြစ်ပါတယ် မိုးလေအေးအေးလေးနဲ့ ချမ်းနေတဲ့ ရာသီဥတုနဲ့တော့ ထမင်းကြော်လေးက အံကိုက်ပါဘဲ။

ကင်မ်ချီ လုပ်ပြီးသား အဆင်သင့် ရှိရုံနဲ့ ထမင်းကြော်ကို ကြော်လို့ပါတယ် ကင်မ်ချီ လုပ်ပြီးသားထဲမှာ အရသာ အစုံပါ၀င်ပြီးသား ဖြစ်တဲ့အတွက် အရသာပြည့်စုံတဲ့ ထမင်းကြော်တမယ် ရလာမှာဖြစ်လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ ထမင်းကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး (ထမင်းချက်ရန်)
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
  5. ကင်မ်ချီ - ထမင်းစားဇွန်း ငါးဇွန်းသာသာ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  • ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲ ထည့်ပေးပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  • ချက်ထားသော ထမင်းကျက်တာနဲ့ ထမင်းကို အအေးခံပြီး ဖွထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းယောင်သန်းလာတာနဲ့ ကင်မ်ချီကိုထည့်ပြီး ရောကြော်ပေးပါ
  • နှစ်ချက် သုံးချက်လောက် ဆက်တိုက် မွှေပြီးတာနဲ့ အအေးခံထားသော ထမင်းဖြူ ဆား အရသာမှုန့်နှင့် ငါးငံပြာရည်ထည့်ပြီး အထက်အောက် သမအောင်မွှေပေးပါ
  • အားလုံး အရသာ သမသွားတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာရှိလွန်းတဲ့ ကင်မ်ချီ ထမင်းကြော်ကို မိမိ နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Tuesday 28 November 2023

ဝက်သားပြား ကင်မ်ချီဟင်းချို

 


အခုရက်ထဲ ချဉ်ငံစပ်လေးတွေ စားချင်တာနဲ့ ဒီနေ့တော့ ကင်မ်ချီဟင်းချို ချက်သောက်ဖြစ်ပါတယ် ချက်ရတာလဲ လွယ်ပါတယ်
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကင်မ်ချီ ချည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကင်မ်ချီ - ထမင်းစားဇွန်း ငါးဇွန်း (လုပ်ပြီးသားကင်မ်ချီ)
  2. ဝက်သားပြား - မိမိနှစ်သက်သလောက်သုံးပါ
  3. ပဲပြားအပျော့ - နှစ်တုံး
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. တရုတ်မုန့်ညှင်းဖြူ - မိမိနှစ်သက်သလောက်
  6. အပ်မှို - မိမိနှစ်သက်သလောက်
  7. အမဲသား - အနေတော် လေးတုံးခန့်
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  10. ချင်း - လက်တဆစ်ခန့်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  13. သံပုရာသီး - တစ်ခြမ်း
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကင်မ်ချီနှင့် ဝက်သားပြားကို အဆင်သင့် ပြင်ထားပါ
  • မုံလာဥနီကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • တရုတ်မုန့်ညှင်းဖြူကို အနေတော်လှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ပဲပြားကို ရေဆေးပြီ ခပ်ထူထူ အတုံးလေးတွေ လှီးထားပါ
  • အပ်မှိုကို ရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • အမဲသားကို ရေဆေးပြီး အိုးထဲထည့်ကာ ရေအနည်းငယ်ထည့်ပြီး ပြုပ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ  ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ ပြုပ်ပြီး ထည့်ထားသော အမည်းသား လှီးထားသော မုံလာဥနီ  ကြက်သွန်ထောင်း ကင်မ်ချီနှင့် မုန့်ညှင်းဖြူနှင့် ရေတို့ကိုထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဝက်သားပြား ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်ကာ တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အရသာကို မြည်းပေးပါ
  • ပြီးတာနဲ့ သံပုရာရည် အပ်မှိုနှင့် ပဲပြားတို့ကို ထည့်ပေးပြီး ရေဆူအောင် တည်ပေးကာ မီးပိတ်ပေးပါ
  • အရသာ ရှိလွန်းတဲ့ ဝက်သားပြုပ် ကင်မ်ချီဟင်းချိုကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Sunday 26 November 2023

ဆိတ်သား လက်ဖက်နှပ်

 




မာမာ မနေ့က လက်ဖက်အသားလေးတွေ ပိုနေတာနဲ့ ဆိတ်သားပြုပ်ကြော်လေးတွေကို အသားနွှင်ကာ နှပ်ဖြစ်ပါတယ် စားလို့အရမ်းကောင်းပြီး ထမင်းပူပူလေးနဲ့ဘဲစားစား ဒီအတိုင်းလေးဘဲစားစား စားလို့အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ လက်ဖက်ဆိတ်သား နှပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. လက်ဖက်အညွန့် 
  2. ဆိတ်သားပြုပ်ကြော်
  3. ငရုတ်သီးစိမ်း
  4. ဆီ (ခပ်များများသုံးပါ)
  5. ဆား
  6. အရသာမှုန့်
  7. ဆား (လက်ဖက်အသားဆေးရန်)
  8. သံပုရာသီး 
ပြင်ဆင်ပြုလုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဘက်ဖက်အသားနှင့်ဆားတို့ကိုထည့်ပြီး နယ်ပေးပါ
  • ခပ်နာနာလေး နယ်ပေးပြီးတာနဲ့ ရေနှင့် ငါးထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ လက်ဖက်အသားထဲမှ ရေများကုန်တဲ့အထိ ညှစ်ပေးပါ
  • ​ဆိတ်သားပြုပ်ကြော်ကို အအေးခံကာ ခပ်ပါးပါး အရှည်မြှောင်းလေးတွေ နွှင်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးကာ လေးစိတ် စိတ်ထားပါ
  • ပါဝင်ပစ္စည်းများကို မဆင်သင့် ပြင်ထားပါ
လက်ဖက်အသားနှပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပေးပါ
  • ပြီးတာနဲ့ ဆီနှင့် သံပုရာရည်ညှစ်ပေးပြီး အရသာဝင်အောင် နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ ပန်းကန်လုံးထဲမှာ လက်ဖက်အရသာနှပ်ပြီးသားထည့်ကာ ဆီမြုပ်အောင်ထည့်ပြီး နှပ်ထားရင် ဆိတ်သား လက်ဖက်အသား နှပ်ပြီးသားကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

Saturday 25 November 2023

ချင်းလက်ဖက်နှပ်

 





မာမာ ကျန်ခဲ့တဲ့ လေးငါးရက်လောက်က လက်ဖက်အညွန့်လေးတွေကို ချင်း ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့နဲ့ နှပ်ဖြစ်ခဲ့ပါတယ်။

စားလို့အရမ်းကောင်းပြီး ထမင်းပူပူလေးနဲ့ဘဲစားစား ဒီအတိုင်းလေးဘဲစားစား စားလို့အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဘက်ဖက်အသား နှပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. လက်ဖက်အညွန့် 
  2. ကြက်သွန်ဖြူ
  3. ချင်း
  4. ငရုတ်သီးစိမ်း
  5. ဆီ (ခပ်များများသုံးပါ)
  6. ဆား
  7. အရသာမှုန့်
  8. ဆား (လက်ဖက်အသားဆေးရန်)
  9. သံပုရာသီး 
ပြင်ဆင်ပြုလုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဘက်ဖက်အသားနှင့်ဆားတို့ကိုထည့်ပြီး နယ်ပေးပါ
  • ခပ်နာနာလေး နယ်ပေးပြီးတာနဲ့ ရေနှင့် ငါးထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ လက်ဖက်အသားထဲမှ ရေများကုန်တဲ့အထိ ညှစ်ပေးပါ
  • ​ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အရှည်မြှောင်းလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး အကွင်းလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးကာ လေးစိတ် စိတ်ထားပါ
  • ပါဝင်ပစ္စည်းများကို မဆင်သင့် ပြင်ထားပါ
လက်ဖက်အသားနှပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပေးပါ
  • ပြီးတာနဲ့ ဆီနှင့် သံပုရာရည်ညှစ်ပေးပြီး အရသာဝင်အောင် နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ ပန်းကန်လုံးထဲမှာ လက်ဖက်အရသာနှပ်ပြီးသားထည့်ကာ ဆီမြုပ်အောင်ထည့်ပြီး နှပ်ထားရင် ချင်း လက်ဖက်အသား နှပ်ပြီးသားကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

Thursday 23 November 2023

ပလာတာ ပဲရည်သုပ်

 






ဒီနေ့တော့ ပလာတာလေးတွေ လုပ်ဖြစ်တာနဲ့ ပလာတာ ပဲရည်သုပ်လေး သုပ်စားဖြစ်ပါတယ် လိုအပ်တာလေးတွေကတော့ စမူဆာ  ပဲရည်သုပ်ထဲက အတိုင်းပါဘဲ။

စမူဆာအစား ပလာတာ ပြောင်းပြီး ထည့်လိုက်ရုံပါဘဲ မိသားစု အားလပ်ရက်လေးမှာ သုပ်စားနိုင်အောင် မာမာပြင်ဆင်ပြီး ချက်ထားတာလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ 
  1. ပလာတာ - အခု နှစ်ဆယ်
  2. ဆင်ခေါင်းပဲ - 400 g (ပြုပ်ပြီးသား)
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - ခပ်ပါးပါး သုံးပြား
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  7. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  8. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်(ပဲဆီသတ်ရန်)
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း လေးဇွန်း (ပဲဆီသတ်ရန်)
  15. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  16. ကြက်သွန်နီ - အနေတော် နှစ်လုံး
  17. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  18. သံပုရာသီး - နှစ်လုံး
  19. ပူစီနံ - မိမိနှစ်သလောက်

ပဲ အာလူးဟင်းအတွက် ပြင်ဆင်ပုံ
  • Ready made ဆင်ခေါင်းပဲ ပြုပ်ပြီးသား ဗူးကိုဖောက်ပြီး ပဲများကို ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  နှင့်ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ရှစ်စိတ် စိတ်ပြီး ရေဆေးထားပါ
  • မန်ကျည်းမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေအနည်းငယ်နှင့် စိမ်ထားပါ
  • ဆင်ခေါင်းပဲ ငါးငံပြာရည် အာလူး ဆား အရသာမှုန့် ဆီ မဆလာနှင့် နနွင်းမှုန့်တို့ကို အဆင်သင့် ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ အာလူးကို တစ်မိနစ်လောက် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်ကို ထည့်မွှေပေးပြီး အာလူးနူးအောင် တည်ပေးပါ
  • အာလူးနူးတာနဲ့ ဆင်ခေါင်းပဲ အရသာမှုန့် ဆားနှင့် မန်ကျည်သီးမှည့် အရည်နှင့် ရေမြုပ်အောင် ထည့်ပေးကာ တည်ပေးပြီး အရသာ မြည်းပေးပါ
  • ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး ရေခမ်းကာ နီးတာနဲ့ မဆလာအုပ်ကာ မီးပိတ်ပေးထားပါ

ပဲဟင်းရည်အတွက် ပါ၀င်ပစ္စည်းမျာ
  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  2. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (ပဲရည်အိုးထဲထည့်ဖို့ ဆီသတ်ရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  6. ကြက်သွန်နီ - ခပ်သေးသေး ဆယ်ငါးလုံး
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ရေ - တရုတ်ဟင်းပြင်ပန်းကန် နှစ်လုံးသာသာ
ပဲဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကုလားပဲ အစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးသာသာထည့်ပြီး ပဲမှုန့်များ ကျေသွားအောင် ချေထားပေးပါ
  • ကြက်သွန်ဖြူ  နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ရောပြီးထောင်းထားပါ
  • ကြက်သွန်နီများကို အခွံခွာပြီး ရေဆေးထားပါ
  • ဆား ရေ ဆီ နနွင်းမှုန့်နှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထဲ့ကြော်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ မီးပိတ်ပေးပြီး မီးဖိုပေါ်က ဖယ်ပေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ အရည်ဖျော်ထားသော ပဲအရည်များကို ထည့်ပေးပြီး မီးဖိုပေါ် တင်ပေးပါ
  • ပဲအရည်များ အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  • ပဲရည်များ ပြစ်လာပြီး ပဲစိမ်းနံ့ ပျောက်လာပါက ရေနှင့် ကြက်သွန်နီတို့ကို ထည့်မွှေပေးပါ
  • ပဲရည် ခပ်ကျဲကျဲလေး ရလာတာနဲ့ ဆီသတ်ထားသော ငရုတ်သီး ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ကြက်သွန်များ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ မီးခပ်နွေးနွေးလေးနဲ့ မီးဖိုပေါ်မှာ ပဲဟင်းရည်အိုးကို တင်ထားပေးပါ။

ပလာတာ သုပ်ရန်
  1. ပလာတာများကို ကပ်ကျေးဖြင့် ခပ်ထူထူလေးတွေ ညှပ်ထားပါ
  2. ချက်ထားသော ပဲဟင်းရည်ကို ပြင်ထားပါ
  3. ကြက်သွန်ကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  4. ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  6. ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  7. သံပုရာသီးကို ရေဆေးကာ အစိတ်တွေ စိတ်ထားပါ
တစ်ပွဲစာအတွက် ပြင်ဆင်ပုံ
  1. ပန်းကန်တစ်ခုထဲမှာ ပလာတာ ဂေါ်ဖီ အနည်းငယ် ကြက်သွန်နီ အနည်းငယ် ပဲအာလူးဟင်း အနည်းငယ် ငရုတ်သီးစိမ်း အနည်းငယ် ပူစီနံ အနည်းငယ် ထည့်ပေးပါ
  2. ပြီးတာနဲ့ သံပုရာသီး တစ်စိတ်ရဲ့ အရည်ညှစ်ကာ ပဲဟင်းရည်ကို မိမိနှစ်သက်သလောက် ဆမ်းပေးပြီး အရသာ အပေါ့အငံကို လိုသလိုပြင်ပေးပြီး ပလာတာ ပဲရည်သုပ်ကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။။

Wednesday 22 November 2023

စမူဆာ ပဲရည်သုပ်

 




ဒီနေ့တော့ စမူဆာလေးတွေ လုပ်ဖြစ်တာနဲ့ စမူဆာ ပဲရည်သုပ်လေး သုပ်စားဖြစ်ပါတယ် လိုအပ်တာလေးတွေကတော့ ကြက်ခြေထောက်ပဲရည်သုပ်ထဲက အတိုင်းပါဘဲ ကြက်ခြေထောက်အစား စမူဆာပြောင်းပြီး ထည့်လိုက်ရုံပါဘဲ မိသားစု အားလပ်ရက်လေးမှာ သုပ်စားနိုင်အောင် မာမာပြင်ဆင်ပြီး ချက်ထားတာလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ 
  1. စမူဆာ - အခု နှစ်ဆယ်
  2. ဆင်ခေါင်းပဲ - 400 g (ပြုပ်ပြီးသား)
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - ခပ်ပါးပါး သုံးပြား
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  7. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  8. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်(ပဲဆီသတ်ရန်)
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း လေးဇွန်း (ပဲဆီသတ်ရန်)
  15. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  16. ကြက်သွန်နီ - အနေတော် နှစ်လုံး
  17. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  18. သံပုရာသီး - နှစ်လုံး
  19. ပူစီနံ - မိမိနှစ်သလောက်

ပဲ အာလူးဟင်းအတွက် ပြင်ဆင်ပုံ
  • Ready made ဆင်ခေါင်းပဲ ပြုပ်ပြီးသား ဗူးကိုဖောက်ပြီး ပဲများကို ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  နှင့်ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ရှစ်စိတ် စိတ်ပြီး ရေဆေးထားပါ
  • မန်ကျည်းမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေအနည်းငယ်နှင့် စိမ်ထားပါ
  • ဆင်ခေါင်းပဲ ငါးငံပြာရည် အာလူး ဆား အရသာမှုန့် ဆီ မဆလာနှင့် နနွင်းမှုန့်တို့ကို အဆင်သင့် ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ အာလူးကို တစ်မိနစ်လောက် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်ကို ထည့်မွှေပေးပြီး အာလူးနူးအောင် တည်ပေးပါ
  • အာလူးနူးတာနဲ့ ဆင်ခေါင်းပဲ အရသာမှုန့် ဆားနှင့် မန်ကျည်သီးမှည့် အရည်နှင့် ရေမြုပ်အောင် ထည့်ပေးကာ တည်ပေးပြီး အရသာ မြည်းပေးပါ
  • ပြီးတာနဲ့ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီး ရေခမ်းကာ နီးတာနဲ့ မဆလာအုပ်ကာ မီးပိတ်ပေးထားပါ

ပဲဟင်းရည်အတွက် ပါ၀င်ပစ္စည်းမျာ
  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  2. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (ပဲရည်အိုးထဲထည့်ဖို့ ဆီသတ်ရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  6. ကြက်သွန်နီ - ခပ်သေးသေး ဆယ်ငါးလုံး
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ရေ - တရုတ်ဟင်းပြင်ပန်းကန် နှစ်လုံးသာသာ
ပဲဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကုလားပဲ အစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးသာသာထည့်ပြီး ပဲမှုန့်များ ကျေသွားအောင် ချေထားပေးပါ
  • ကြက်သွန်ဖြူ  နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ရောပြီးထောင်းထားပါ
  • ကြက်သွန်နီများကို အခွံခွာပြီး ရေဆေးထားပါ
  • ဆား ရေ ဆီ နနွင်းမှုန့်နှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထဲ့ကြော်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ မီးပိတ်ပေးပြီး မီးဖိုပေါ်က ဖယ်ပေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ အရည်ဖျော်ထားသော ပဲအရည်များကို ထည့်ပေးပြီး မီးဖိုပေါ် တင်ပေးပါ
  • ပဲအရည်များ အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  • ပဲရည်များ ပြစ်လာပြီး ပဲစိမ်းနံ့ ပျောက်လာပါက ရေနှင့် ကြက်သွန်နီတို့ကို ထည့်မွှေပေးပါ
  • ပဲရည် ခပ်ကျဲကျဲလေး ရလာတာနဲ့ ဆီသတ်ထားသော ငရုတ်သီး ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ကြက်သွန်များ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ မီးခပ်နွေးနွေးလေးနဲ့ မီးဖိုပေါ်မှာ ပဲဟင်းရည်အိုးကို တင်ထားပေးပါ။

စမူဆာ သုပ်ရန်
  1. စမူဆာများကို ကပ်ကျေးဖြင့် ခပ်ထူထူလေးတွေ ညှပ်ထားပါ
  2. ချက်ထားသော ပဲဟင်းရည်ကို ပြင်ထားပါ
  3. ကြက်သွန်ကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  4. ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  6. ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  7. သံပုရာသီးကို ရေဆေးကာ အစိတ်တွေ စိတ်ထားပါ
တစ်ပွဲစာအတွက် ပြင်ဆင်ပုံ
  1. ပန်းကန်တစ်ခုထဲမှာ စမူဆာနှစ်ခုစာ ဂေါ်ဖီ အနည်းငယ် ကြက်သွန်နီ အနည်းငယ် ပဲအာလူးဟင်း အနည်းငယ် ငရုတ်သီးစိမ်း အနည်းငယ် ပူစီနံ အနည်းငယ် ထည့်ပေးပါ
  2. ပြီးတာနဲ့ သံပုရာသီး တစ်စိတ်ရဲ့ အရည်ညှစ်ကာ ပဲဟင်းရည်ကို မိမိနှစ်သက်သလောက် ဆမ်းပေးပြီး အရသာ အပေါ့အငံကို လိုသလိုပြင်ပေးပြီး သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။။

Tuesday 21 November 2023

သခွားသီးသုပ် (နောက်တနည်း)

 



ဒီနေ့တော့ မာမာ ငါးငပိချက် ချက်ဖြစ်တာနဲ့ ငါးငပိချက်နဲ့ သခွားသီးသုပ်ကို ခပ်စပ်စပ်လေး သုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် ငါးငပိချက် သခွားသီးသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သခွားသီး အလုံးကြီးကြီး - တစ်လုံး (တစ်ကီလိုခွဲခန့်)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပင်စိမ်းရွက် - နှစ်သက်သလောက်
  4. ငါးငပိချက် - ထမင်းစားဇွန်း သုံးဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  8. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • သခွားသီးကို အခွံခွာပြီး အစေ့များ မပါအောင် အပြင်ဖက်မှစပြီး သခွားခြစ်နှင့် ခြစ်ထားပါ
  • အထဲမှ အစေ့များ ပေါ်လာပါက ဆက်မခြစ်တော့ဘဲ ပြစ်လိုက်ပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ငါးငပိချက်ကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို မီးကင်ပြီး အခွံခွာကာ ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မီးကင်ထားပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မညက်တညက် အနေအထားရအောင် ထောင်းပေးပါ
သခွားသီးသုပ်ပုံ
  • ဇလုံကြီးကြီးထဲမှာ ခြစ်ထားသော သခွားသီး သံပုရာရည် ကြက်သွန်နီ ပင်စိမ်းရွက်နှင့် ငါးပိချက်နှင့်ငရုတ်သီးစိမ်းထောင်း တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
  • သခွားသီးသုပ် အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်း စားရင်လဲ အရမ်းကောင်းလွန်းတဲ့ သခွားသီးသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။

Monday 20 November 2023

မှို ဝက်သားလုံးကြော်

 


ဒီနေ့တော့ အရသာ တစ်မျိုးလေးနဲ့ စားလို့အရမ်းကောင်းလွန်းတဲ့ ဝက်သားလုံးကြော်လေး ကြော်ဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်းလေးလဲ စားလို့ကောင်းပါတယ်။


ဒါကြောင့်မိုလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ စားလို့ကောင်းလွန်းတဲ့ ဝက်သားလုံးကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ


  1. ဝက်သား - 500 g (အသားကိုဘဲသုံးပါ)
  2. မှို - အနည်းငယ် ( မိမိနှစ်သက်တဲ့ မှိုကိုသုံးပါ)
  3. ကြက်သွန်ဖြူ   - အမွှာကြီးကြီး သုံးမွှာ
  4. င​ရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ချင်း - လက်တစ်ဆစ်ခန့် (ချင်းအရသာ ကြိုက်ပါက ပိုထည့်ပေးပါ)
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. နနွင်းမှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ခရုဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း  
  10. နှမ်းဆီမွှေး - ထမင်းစားဇွန်း တစ်ဇွန်း
  11. ပြောင်းကော်မှုန့် - ထမင်းစားဇွန်ူ နှစ်ဇွန်း
  12. အကြော်မှုန့် - ထမင်းစားဇွန်းလေးဇွန်း
  13. ကြက်ဥ - တစ်လုံး
  14. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • မှိုများကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်ဥကို ဇလုံတစ်လုံးထဲမှာ ခလောက်ထားပါ
  • အကြော်မှုန့်ကို ပန်းကန်ထဲမှာ ထည့်ထားပေးပါ
  • ဝက်သားကို ရေဆေးပြီး အတုံးလေးတွေ တုံးပေးပါ
  • ပြီးတာနဲ့ နနွင်းမှုန့် ဆား အရသာမှုန့် ပြောင်းကော်မှုန့် ခရုဆီ နှမ်းဆီမွှေး ချင်း နှင့်ကြက်သွန်ဖြူတို့နဲ့အတူ ကြိတ်စက်ထဲ ထည့်ပေးပါ
  • အသားများ ညက်သွားတဲ့အထိ ကြိတ်ပေးပါ
  • ဝက်သားများ ညက်သွားတာနဲ့ မှိုနဲ့ရောပြီး နယ်အပေးကာ လုံးလေးတွေ လုံးပေးပါ
  • ဝက်သားလုံးလေးတွေကို ကြက်ဥထဲမှာထည့်ပြီး နှစ်ပေးကာ  အကြော်မှုန့်ထဲမှာ လူးပေးပါ
  • အထက်ပါ ပုံစံအတိုင်း နှစ်ကြိမ်လုပ်ပေးပြီးတာနဲ့ ဝက်သားလုံးများကို ကြော်ဖို့ပြင်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး မီးဖိုပေါ်တင်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ဝက်သားလုံးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ဝက်သားလုံးလေးတွေ တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • ဝက်သားလုံး တစ်ခုလုံး ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ဝက်သားလုံးကြော် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday 18 November 2023

ချဉ်ငံစပ် ငရုတ်ရွက်သုပ်

 







ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ငရုတ်ပင်တွေက ငရုတ်ရွက်တွေ ခူးပြီးတော့ ချဉ်ငံစပ် အသုပ်လေး သုပ်စားဖြစ်ပါတယ် ငရုတ်ရွက်က လက်ဖက်ရွက်ထက် စားလို့ကောင်းလွန်းတဲ့အတွက်  ငရုတ်ရွက်လေးတွေ အဆင်သင့်ရှိနေရင် သုပ်စားနိူင်အောင် မာမာသုပ်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

နူးညံ့ပြီး စားလို့လဲ အရမ်းကောင်းပါတယ် မာမာကတော့ ထမင်းနဲ့မစားဘဲ ရေနွေးကြမ်းလေးနဲ့ အမြည်းလုပ်လိုက်ပါတယ် အိမ်မှာငရုတ်ပင်လေးလဲရှိနေမယ် အရွက်တွေလဲ လှိုင်နေမယ်ဆိုရင်တော့ အရွက်အနုရော ခပ်ထွေထွေ အရွက်လေးတွေပါခူးပြီး နှစ်ရည်လောက်ပြုပ်ပြီး သုပ်စားကြည့်စေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. အရွက်များ ခြွေထားသော ငရုတ်ရွက် - အနေတော် ဇကာတစ်လုံး
  2. ခရမ်းချဉ်သီး - တစ်လုံး
  3. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  10. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ငရုတ်ရွက်ကို ရေစင်အောင်ဆေးပြီး နှစ်မိနစ်ပြုပ်ကာ ရေသွန်ပေးပါ
  • နောက်တစ်ကြိမ် ရေမြုပ်အောင် ထပ်ထည့်ပေးပြီး နောက်ထပ်နှစ်မိနစ် ထပ်ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ငရုတ်ရွက်ပြုပ် ခရမ်းချဉ်သီး ကြက်သွန်နီ နှမ်းလှော် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးလေးနဲ့ ငရုတ်ရွက်သုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Thursday 16 November 2023

ကြက်ရိုးပေါင်း ဟင်းချို

 


မနေ့က ဈေးသွားရင်းက ဟင်းချိုချက်ဖို့ ကြက်တောင်ပံလေးတွေ ဝယ်လာခဲ့ပြီး ကြက်တောင်ပံပေါင်း ဟင်းချိုလေး လုပ်စားဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မနေ့က လုပ်စားဖြစ်တဲ့ ကြက်တောင်ပံပေါင်း ဟင်းချိုရည် လုပ်နည်းလေးကို ဒီနေ့မှာ မျှဝေပေးလိုက် ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်တောင်ပံ -500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ချင်း - ခပ်ပါးပါး ငါးပြား
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. တရုတ်နံနံပင် - အနည်းငယ်
  7. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  8. ကြွေပန်းကန်လုံး - အနေတော် တစ်လုံး ( ဝက်ရိုးထည့်ရန်)
  9. ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
  • ကြက်တောင်ပံများကို ရေစင်အောင်ဆေးပြီး ပန်ကန်လုံး တစ်လုံးထဲမှာ ထည့်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြက်တောင်ပံပေါင်းဖို့ ပြင်ဆင်ပေးပါ
ကြက်တောင်ပံ ပေါင်းရန်
  • ပန်ကန်ထဲမှာ ထည့်ထားသော ကြက်တောင်ပံများ ဆား အရသာမှုန့် ချင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ် ထည့်ပေးပါ
  • ကြက်တောင်ပံ ပန်းကန်ထည့်မည့် ပေါင်းအိုးထဲကို ပေါင်းခံခုံလေး ထိတဲ့အထိ ရေထည့်ပေးပါ
  • ထိုပေါင်းခံ ခုံလေးပေါ်မှာ ပေါင်းခံမည့် ဇကာလေးကို တင်ပေးပါ
  • ထို ဇကာလေးလေး အပေါ်မှာ အရသာ နယ်ထားသော ကြက်တောင်ပံ ပန်းကန်ကို တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို သေသေချာချာ ပိတ်ပေးပြီး steam ခလုတ်ကိုနှိပ်ကာ မိနစ်လေးဆယ် နာရီခလုတ်ကို ချိန်ပေးကာ ပေါင်းပေးပါ
  • ကြက်တောင်ပံ ပေါင်းတဲ့အချိန် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပါ
  • ပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ ကြက်တောင်ပံ ပန်းကန်ထဲမှ ကြက်ပြုပ်ရည်ကို မိမိနှစ်သက်သလောက် ရေနွေးပူပူလေး ထပ်ရောက အရသာ မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုတာနဲ့ ကြက်တောင်ပံပေါင်း ပန်ကန်ကို အပြင်သို့ ထုတ်ပေးပါ
  • ပြီးတာနဲ့  တရုတ်နံနံနှင့် ငရုတ်ကောင်းမှုန့် ထည့်ပေးကာ သုံဆောင်နိူင်ပါပြီ။

Wednesday 15 November 2023

ဘေဘီမုန့်ညှင်းသုပ်






ဒီနေ့တော့ ဈေးကိုသွားရင်း ဘေဘီမုန့်ညှင်း သန်သန်ကြီးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘေဘီမုန့်ညှင်း - အပင်ကြီးကြီး သုံးပင်
  2. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်ဖြူ ဆီချက် အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  9. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  10. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (အရွက်ပြုပ်ရန်)
  13. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (အရွက်ပြုပ်ရန်)

ပြင်ဆင်ပုံ
  • ဘေဘီမုန့်ညှင်း အရင်းပိုင်း ရင့်နေတဲ့နေရာကို ဖယ်ပေးပြီး အပင်လိုက် ရေစင်အောင် ဆေးပေးပါ
  • အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဆားနှင့်ရေထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဘေဘီမုန့်ညှင်း အပင်များ ရေမြုပ်အောင်ထည့်ပြီး အဖုံးမအုပ်ဘဲ ပြုပ်ပေးပါ
  • အကြာကြီး ပြုပ်စရာ မလိုဘဲ ရေပွက်ပွက်ဆူပြီးသား ဖြစ်တဲ့အတွက် တစ်မိနစ်လောက်ဘဲ ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားပါက မထူမပါးလေးတွေ ရလာအောင် ဓါးဖြင့်လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ကိုက်လန် ကြက်သွန်နီ ပဲအကျက်မှုန့် ပုဇွန်ငခြောက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူ ဆီချက်ဖတ် ကြက်သွန်နီဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးနဲ့ ဘေဘီမုန့်ညှင်း ချဉ်ငံစပ် အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Monday 13 November 2023

ချဉ်ငံစပ် ပဲပင်ပေါက်သုပ်




ဒီနေ့တော့ ပဲပြားနဲ့ပဲပင်ပေါက်ကို ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းလို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲပင်ပေါက် - တစ်ဆယ်သား
  2. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  6. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီးအကျက်မှုန့် - မိမိနှစ်သက်သလောက်
  8. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  9. ​ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. နံနံပင် - မိမိနှစ်သက်သလောက်
  12. ကြက်သွန်နီ - အနေတော် တစ်လုံး

ပြင်ဆင်ပုံ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေနွေးဆူဆူမှာ နှစ်မိနစ်ခန့် စိမ်ပေးပြီး ရေနွေးသွန်ကာ ရေစစ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  • ငရုတ်သီးသိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကျန်ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ပဲပင်ပေါက် နှမ်းလှော် ပုဇွန်ခြောက်မှုန့် ကြက်သွန်နီ နံနံပင် အရသာမှုန့် ငါးငံပြာရည် ပဲအကျက်မှုန့် ငရုတ်သီးစိမ်း ငရုတ်သီး အကျက်မှုန့်နှင့် သံပုရာရည် ထမင်းစားဇွန်း တစ်ဇွန်းစာလောက်ကို ထည့်ပေးပါ
  • အားလုံးထည့်ပြီးတာနဲ့ အရသာ သမအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးပြီးတာနဲ့ မြည်းကြည့်ကာ လိုအပ်တဲ့ ချိုချဉ်ငံစပ်အရသာကို ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် ပဲပင်ပေါက် သုပ်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Sunday 12 November 2023

ကင်မ်ချီဟင်းချို

 




အခုရက်ထဲ ချဉ်ငံစပ်လေးတွေ စားချင်တာနဲ့ ဒီနေ့တော့ ကင်မ်ချီဟင်းချို ချက်သောက်ဖြစ်ပါတယ် ချက်ရတာလဲ လွယ်ပါတယ်
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကင်မ်ချီ ချည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကင်မ်ချီ - ထမင်းစားဇွန်း ငါးဇွန်း (လုပ်ပြီးသားကင်မ်ချီ)
  2. ပဲပြားအပျော့ - နှစ်တုံး
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. တရုတ်မုန့်ညှင်းဖြူ - မိမိနှစ်သက်သလောက်
  5. အပ်မှို - မိမိနှစ်သက်သလောက်
  6. အမဲသား - အနေတော် လေးတုံးခန့်
  7. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  9. ချင်း - လက်တဆစ်ခန့်
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. သံပုရာသီး - တစ်ခြမ်း
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကင်မ်ချီကို အဆင်သင့် ပြင်ထားပါ
  • မုံလာဥနီကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • တရုတ်မုန့်ညှင်းဖြူကို အနေတော်လှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ပဲပြားကို ရေဆေးပြီ ခပ်ထူထူ အတုံးလေးတွေ လှီးထားပါ
  • အပ်မှိုကို ရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • အမဲသားကို ရေဆေးပြီး အိုးထဲထည့်ကာ ရေအနည်းငယ်ထည့်ပြီး ပြုပ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ  ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ ပြုပ်ပြီး ထည့်ထားသော အမည်းသား လှီးထားသော မုံလာဥနီ  ကြက်သွန်ထောင်း ကင်မ်ချီနှင့် မုန့်ညှင်းဖြူနှင့် ရေတို့ကိုထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်ကာ တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အရသာကို မြည်းပေးပါ
  • ပြီးတာနဲ့ သံပုရာရည် အပ်မှိုနှင့် ပဲပြားတို့ကို ထည့်ပေးပြီး ရေဆူအောင် တည်ပေးကာ မီးပိတ်ပေးပါ
  • အရသာ ရှိလွန်းတဲ့ ကင်မ်ချီဟင်းချိုကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday 11 November 2023

ဝက်နံရိုးပေါင်း ဆီချက်ခေါက်ဆွဲ



ဒီတစ်ခါတော့ မိမိအိမ်လေးထဲမှာဘဲ အလွယ်တစ်ကူ လုပ်စားနိူင်ပြီး အရသာလည်းရှိ လုပ်နည်းလေးလဲ လွယ်ကူတဲ့အတွက်ဝက်နံရိုးပေါင်းဆီချက် လုပ်နည်းလေး မာမာပြင်ဆင်တဲ့ နည်းလေးကို မျှေ၀လိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်နံရိုး - ၅ခု
  2. ခေါက်ဆွဲ အခြောက် - 350 g
  3. လက်ဖက်စား ကြက်သွန်ဖြူကြော် - အနည်းငယ်
  4. မြေပဲလှော် - လိုသလောက် သုံးပေးပါ
  5. နှမ်းဖြူ - ထမင်းစားဇွန်း ၃ဇွန်းခန့်
  6. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးစာ
  7. ကြက်သွန်မြိတ် - လိုသလောက် သုံးပေးပါ
  8. ဟင်းခတ်မှုန့် - လိုသလောက် သုံးပေးပါ
  9. ပဲငံပြာရည်အကြည် - လိုသလောက် သုံးပေးပါ
  10. နာနတ်ပွင့် - တစ်ပွင့်
  11. ချင်း ခပ်ပါးပါး - ၇ပြားခန့်
  12. ကြက်သွန်ဖြူ - ၄မွှာ
  13. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  14. ပဲ ငံပြာရည် အပျစ် - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ခေါက်ဆွဲအခြောက်ကို သုံးမည်ဆိုပါက ပြုပ်ပြီးရေဆေးကာ ရေစစ်ထားပါ
  • ဒယ်အိုးကို အပူပေးကာ ဆီကိုနနွင်း မထည့်ဘဲ ဆီပူလာအောင် အပူပေးပါ
  • ဆီပူလာတာနဲ့ နှမ်းကိုထည့်ကာ မိနစ်၀က်လောက်ဘဲ ချက်ပေးကာ မီးဖိုပေါ်မှ ဖယ်ထားပါ
  • ကြက်သွန်မြိတ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • မြေပဲလှော်ကို အခွံချွတ်ပြီး မညက်တစ်ညက် ထောင်းထားပါ
  • ကြော်ပြီးသား ကြက်သွန်ဖြူကြော်ကို မညက်တညက် ထောင်းထားပါ
ဝက်နံရိုး ပေါင်းရန်
  • ဝက်နံရိုးကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် အနည်းငယ် ဆားတို့နှင့် နယ်ထားပါ 
  • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံပြီး ရေဆေးကာ ဓားပြားရိုက်ပေးပါ
  • အပူခံနိုင်သော ကြွေပန်းကန်လုံး တစ်ခုထဲမှာ အရသာ နယ်ထားသော ဝက်နံရိုး နာနတ်ပွင့် ချင်းနှင့် ကြက်သွန်ဖြူ တို့ထည့်ပေးပါ 
  • ဝက်နံရိုးပန်းကန် ဝင်ဆန့်နိူင်မည့် ဇောက်နက်သော အိုးထဲမှာ ရေထည့်ပြီး ဝက်နံရိုးပန်းကန် ထည့်ပေးပါ
  • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ဘဲသားပန်းကန်ထဲ မ၀င်စေရန် ဝက်နံရိုးပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး တစ်ခုခံပေးပါ
  • ပြီးတာနဲ့ အိုးကိုအဖုံးဖုံးပြီး ဝက်နံရိုး နူးအိလာတဲ့အထိ ပေါင်းပေးပါ
  • ဝက်နံရိုး ပေါင်းနေစဉ် အောက်ဖက်မှ ပေါင်းရည်မှာ မကြာမကြာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ရေထပ်ထပ် ဖြည့်ပေးပါ
  • ဝက်နံရိုး စပေါင်းစဉ် ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ဝက်နံရိုး ပေါင်းစဉ် ထွက်လာတဲ့ အရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
  • ထိုအရည်များကို ဆီချက်ခေါက်ဆွဲပွဲ ပြင်ဆင်ရာမှာ ပြန်သုံးပေးပါ
  • ဝက်နံရိုး နူးအိလာပြီ ဆိုရင်တော့ ဆီချက်ခေါက်ဆွဲ ပြင်ဆင်နိူင်ပါပြီ။
ဆီချက်ပွဲပြင်ရန်
  • ဇလုံပန်းကန် တစ်လုံးထဲမှာ ခေါက်ဆွဲဖတ် လက်တစ်ဆုတ်စာ ဝက်နံရိုး ချက်ထားသော နှမ်းဆီချက် အနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် ကြက်သွန်မိတ် မြေပဲလှော်ထောင်း အနည်းငယ် ပဲငံပြာရည် အကြည်အနည်းငယ် ငံပြာရည် အပျစ်အနည်းငယ်နှင့် ဝက်နံရိုး  ပေါင်းရည် အနည်းငယ်ထည့်ပြီး ပြင်ဆင်ပေးပါ
  • အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဝက်နံရိုးပေါင်း ဆီချက် မွှေးမွှေးလေးကို မိမိနှစ်သက်ရာ အချဉ်ပွဲနှင့် စားသုံးနိူင်ပါပြီ။