မာမာ မနေ့က လက်ဖက်အသားလေးတွေ ပိုနေတာနဲ့ ဆိတ်သားပြုပ်ကြော်လေးတွေကို အသားနွှင်ကာ နှပ်ဖြစ်ပါတယ် စားလို့အရမ်းကောင်းပြီး ထမင်းပူပူလေးနဲ့ဘဲစားစား ဒီအတိုင်းလေးဘဲစားစား စားလို့အရမ်းကောင်းပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ လက်ဖက်ဆိတ်သား နှပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- လက်ဖက်အညွန့်
- ဆိတ်သားပြုပ်ကြော်
- ငရုတ်သီးစိမ်း
- ဆီ (ခပ်များများသုံးပါ)
- ဆား
- အရသာမှုန့်
- ဆား (လက်ဖက်အသားဆေးရန်)
- သံပုရာသီး
ပြင်ဆင်ပြုလုပ်ပုံ
- ဇလုံတစ်လုံးထဲမှာ ဘက်ဖက်အသားနှင့်ဆားတို့ကိုထည့်ပြီး နယ်ပေးပါ
- ခပ်နာနာလေး နယ်ပေးပြီးတာနဲ့ ရေနှင့် ငါးထပ်လောက် ဆေးပေးပါ
- ရေဆေးပြီးတာနဲ့ လက်ဖက်အသားထဲမှ ရေများကုန်တဲ့အထိ ညှစ်ပေးပါ
- ဆိတ်သားပြုပ်ကြော်ကို အအေးခံကာ ခပ်ပါးပါး အရှည်မြှောင်းလေးတွေ နွှင်ထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
- သံပုရာသီးကို ရေဆေးကာ လေးစိတ် စိတ်ထားပါ
- ပါဝင်ပစ္စည်းများကို မဆင်သင့် ပြင်ထားပါ
လက်ဖက်အသားနှပ်ပုံ
- ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပေးပါ
- ပြီးတာနဲ့ ဆီနှင့် သံပုရာရည်ညှစ်ပေးပြီး အရသာဝင်အောင် နယ်ပေးပါ
- အရသာ သမသွားတာနဲ့ အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ ပြင်ပေးပြီးတာနဲ့ ပန်းကန်လုံးထဲမှာ လက်ဖက်အရသာနှပ်ပြီးသားထည့်ကာ ဆီမြုပ်အောင်ထည့်ပြီး နှပ်ထားရင် ဆိတ်သား လက်ဖက်အသား နှပ်ပြီးသားကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment