ဒါကြောင့်မို့လို့ မာမာက ငါးပိရည်ကျိုကို ပုဇွန်ထုတ်မီးကင် ကြက်သွန်ဖြူမီးကင် ငရုတ်သီးစိမ်းမီးကင်လေးတွေနဲ့ ထောင်းပြီး အဖျော်လုပ်ထားပြီး သခွားသီးသုပ်ဖို့ ပြင်ထားပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် သခွားသီးသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- သခွားသီး အလုံးကြီးကြီး - တစ်လုံး (တစ်ကီလိုခွဲခန့်)
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ပင်စိမ်းရွက် - နှစ်သက်သလောက်
- ပုဇွန်ထုတ် - အကောင်ကြီးကြီး ကိုးကောင်
- ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းရည်သောက်ပန်းကန် တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
- ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
- သခွားသီးကို အခွံခွာပြီး အစေ့များ မပါအောင် အပြင်ဖက်မှစပြီး သခွားခြစ်နှင့် ခြစ်ထားပါ
- အထဲမှ အစေ့များ ပေါ်လာပါက ဆက်မခြစ်တော့ဘဲ ပြစ်လိုက်ပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ပင်စိမ်းရွက်ကို ရေဆေးထားပါ
- သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
- ပုဇွန်ထုတ်ကို မီးကင်ပြီး အခွံခွာထားပါ
- ကြက်သွန်ဖြူကို မီးကင်ပြီး အခွံခွာကာ ရေဆေးထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မီးကင်ထားပါ
- ငါးငပိရည်ကို ကျိုပေးပြီး အရိုးစစ်ထားပါ
- အဆင်သင့် ဖြစ်တာနဲ့ ပုဇွန်ထုတ် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မညက်တညက် အနေအထားရအောင် ထောင်းပေးပါ
- ပြီးတာနဲ့ ငါးပိရည်ပန်းကန်ထဲကို ငရုတ်သီး အလှော်မှုန့် ပုဇွန်ထောင်းနှင့် အရသာမှုန့်တို့ထည့်ပြီး ဖျော်ပေးပါ
သခွားသီးသုပ်ပုံ
- ဇလုံကြီးကြီးထဲမှာ ခြစ်ထားသော သခွားသီး သံပုရာရည် ကြက်သွန်နီ ပင်စိမ်းရွက်နှင့် ငါးပိရည်ဖျော် တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
- ပိုနေသော ငါးပိရည်ဖျော်ပြီးသားကို ထမင်းပွဲမှာ တို့စရာနှင့် တွဲဖက်စားသုံးရန် သိမ်းထားပါ
- သခွားသီးသုပ် အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
- ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်းစားရင်လဲ အရမ်းကောင်းလွန်းတဲ့ သခွားသီးသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ
No comments:
Post a Comment