Saturday 25 November 2023

ချင်းလက်ဖက်နှပ်

 





မာမာ ကျန်ခဲ့တဲ့ လေးငါးရက်လောက်က လက်ဖက်အညွန့်လေးတွေကို ချင်း ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့နဲ့ နှပ်ဖြစ်ခဲ့ပါတယ်။

စားလို့အရမ်းကောင်းပြီး ထမင်းပူပူလေးနဲ့ဘဲစားစား ဒီအတိုင်းလေးဘဲစားစား စားလို့အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဘက်ဖက်အသား နှပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. လက်ဖက်အညွန့် 
  2. ကြက်သွန်ဖြူ
  3. ချင်း
  4. ငရုတ်သီးစိမ်း
  5. ဆီ (ခပ်များများသုံးပါ)
  6. ဆား
  7. အရသာမှုန့်
  8. ဆား (လက်ဖက်အသားဆေးရန်)
  9. သံပုရာသီး 
ပြင်ဆင်ပြုလုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဘက်ဖက်အသားနှင့်ဆားတို့ကိုထည့်ပြီး နယ်ပေးပါ
  • ခပ်နာနာလေး နယ်ပေးပြီးတာနဲ့ ရေနှင့် ငါးထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ လက်ဖက်အသားထဲမှ ရေများကုန်တဲ့အထိ ညှစ်ပေးပါ
  • ​ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အရှည်မြှောင်းလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး အကွင်းလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးကာ လေးစိတ် စိတ်ထားပါ
  • ပါဝင်ပစ္စည်းများကို မဆင်သင့် ပြင်ထားပါ
လက်ဖက်အသားနှပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပေးပါ
  • ပြီးတာနဲ့ ဆီနှင့် သံပုရာရည်ညှစ်ပေးပြီး အရသာဝင်အောင် နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ ပန်းကန်လုံးထဲမှာ လက်ဖက်အရသာနှပ်ပြီးသားထည့်ကာ ဆီမြုပ်အောင်ထည့်ပြီး နှပ်ထားရင် ချင်း လက်ဖက်အသား နှပ်ပြီးသားကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment