ဒီနေ့တော့ နှမ်းဆီမွှေး ပဲငံပြာရည်တို့နဲ့ သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် ပဲပြားကို အချိုအရသာ ပေါင်းထားပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပဲပြားအပျော့ - 250 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- နှမ်းဖြူ - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်မိတ် - အနေတော် သုံးပင်
- ချင်းတက် - လပ်တစ်ဆစ်ခန့်
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဝက်
- ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
ပြင်ဆင်ပုံ
- ပဲပြားကို ရေဆေးကာ ပန်းကန်ထဲ ထည့်ထားပါ
- ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ကြက်သွန်မိတ်ကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အမျှင်လေးတွေ လှီးထားပါ
- ပန်းကန်တစ်လုံးထဲမှာ ဆား နှမ်းဖြူ နှမ်းဆီမွှေး ချင်း ကြက်သွန်မိတ် ကြက်သွန်ဖြူ ပဲငံပြာရည်အနောက် ပဲငံပြာရည် အကြည် ခရုဆီနှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောပြီး သမအောင် ပြင်ထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ အရသာများ ထည့်ထားသော ဇလုံထဲကို လောင်းထည့်ပေးပါ
- ပန်းကန်တစ်လုံးထဲမှာ ပဲပြား ကြက်သွန်ဖြူ နှင့် အရသာ စပ်ထားသော ပဲငံပြာရည်တို့ကို ထည့်ပေးပါ
- ထိုပန်းကန်ကို ပေါင်းအိုးထဲထည့်ပြီး အဖုံးအုပ်ပေးပါ
- ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကို နှိပ်ပေးပြီး သုံးမိနစ် ပေါင်းပေးပါ
- ပဲပြားပေါင်းချိန် သုံးမိနစ် ပြည့်တာနဲ့ ပေါင်းအိုးမှ လေထုတ်မည့် ခလုတ်ကို နှိပ်ပေးပြီး လေကုန်အောင် နှိပ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
- ပဲပြားပေါင်းစဉ် ထွက်လာသော အရည်မှာ အရမ်းကို ချိုတဲ့အတွက် အရည်သောက်ဆမ်းလေး ပြင်ပေးနိူင်ပါတယ်
- ပြီးတာနဲ့ ပဲပြားပေါင်း ပန်းကန်ကို ပေါင်းအိုးအပြင်သို့ ထုတ်ပေးပြီး ပူပူလူလူလေး သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment