Tuesday 28 November 2023

ဝက်သားပြား ကင်မ်ချီဟင်းချို

 


အခုရက်ထဲ ချဉ်ငံစပ်လေးတွေ စားချင်တာနဲ့ ဒီနေ့တော့ ကင်မ်ချီဟင်းချို ချက်သောက်ဖြစ်ပါတယ် ချက်ရတာလဲ လွယ်ပါတယ်
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကင်မ်ချီ ချည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကင်မ်ချီ - ထမင်းစားဇွန်း ငါးဇွန်း (လုပ်ပြီးသားကင်မ်ချီ)
  2. ဝက်သားပြား - မိမိနှစ်သက်သလောက်သုံးပါ
  3. ပဲပြားအပျော့ - နှစ်တုံး
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. တရုတ်မုန့်ညှင်းဖြူ - မိမိနှစ်သက်သလောက်
  6. အပ်မှို - မိမိနှစ်သက်သလောက်
  7. အမဲသား - အနေတော် လေးတုံးခန့်
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  10. ချင်း - လက်တဆစ်ခန့်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  13. သံပုရာသီး - တစ်ခြမ်း
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကင်မ်ချီနှင့် ဝက်သားပြားကို အဆင်သင့် ပြင်ထားပါ
  • မုံလာဥနီကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • တရုတ်မုန့်ညှင်းဖြူကို အနေတော်လှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ပဲပြားကို ရေဆေးပြီ ခပ်ထူထူ အတုံးလေးတွေ လှီးထားပါ
  • အပ်မှိုကို ရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • အမဲသားကို ရေဆေးပြီး အိုးထဲထည့်ကာ ရေအနည်းငယ်ထည့်ပြီး ပြုပ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ  ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ ပြုပ်ပြီး ထည့်ထားသော အမည်းသား လှီးထားသော မုံလာဥနီ  ကြက်သွန်ထောင်း ကင်မ်ချီနှင့် မုန့်ညှင်းဖြူနှင့် ရေတို့ကိုထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဝက်သားပြား ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်ကာ တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အရသာကို မြည်းပေးပါ
  • ပြီးတာနဲ့ သံပုရာရည် အပ်မှိုနှင့် ပဲပြားတို့ကို ထည့်ပေးပြီး ရေဆူအောင် တည်ပေးကာ မီးပိတ်ပေးပါ
  • အရသာ ရှိလွန်းတဲ့ ဝက်သားပြုပ် ကင်မ်ချီဟင်းချိုကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment