Monday 13 November 2023

ချဉ်ငံစပ် ပဲပင်ပေါက်သုပ်




ဒီနေ့တော့ ပဲပြားနဲ့ပဲပင်ပေါက်ကို ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းလို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲပင်ပေါက် - တစ်ဆယ်သား
  2. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  6. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီးအကျက်မှုန့် - မိမိနှစ်သက်သလောက်
  8. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  9. ​ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. နံနံပင် - မိမိနှစ်သက်သလောက်
  12. ကြက်သွန်နီ - အနေတော် တစ်လုံး

ပြင်ဆင်ပုံ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေနွေးဆူဆူမှာ နှစ်မိနစ်ခန့် စိမ်ပေးပြီး ရေနွေးသွန်ကာ ရေစစ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  • ငရုတ်သီးသိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကျန်ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ပဲပင်ပေါက် နှမ်းလှော် ပုဇွန်ခြောက်မှုန့် ကြက်သွန်နီ နံနံပင် အရသာမှုန့် ငါးငံပြာရည် ပဲအကျက်မှုန့် ငရုတ်သီးစိမ်း ငရုတ်သီး အကျက်မှုန့်နှင့် သံပုရာရည် ထမင်းစားဇွန်း တစ်ဇွန်းစာလောက်ကို ထည့်ပေးပါ
  • အားလုံးထည့်ပြီးတာနဲ့ အရသာ သမအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးပြီးတာနဲ့ မြည်းကြည့်ကာ လိုအပ်တဲ့ ချိုချဉ်ငံစပ်အရသာကို ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် ပဲပင်ပေါက် သုပ်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

2 comments:

  1. Grateful for the inspiration and actionable tips in your recent post.

    ReplyDelete
  2. A shining example of excellence! Your post is both insightful and well-crafted. Thank you for sharing your valuable perspective.

    ReplyDelete