Tuesday 23 October 2012

ပုဇွန်ထုတ် ချဉ်ပေါင်ကြော်ချဉ်ငံစပ်


မာမာ ကြော်လိုက်တဲ့ ချဉ်ပေါင်ကြော်လေးပါ ခြံထွက်လေးမို့ ပီတိနဲ့စားရတဲ့ ဟင်းတမယ်ပါ အရမ်းကို တန်ဖိုးရှိပါတယ် နေ့စဉ်အသီးအရွက်ပါမှ အဆင်ပြေတဲ့ မာမာတို့ မိသားစုအတွက် မြတ်မြတ်နိုးနိုးနဲ့ စား
ကြတဲ့ ဟင်းလေးဆိုလဲ မမှားဘူး။

ကြော်နည်းလေးက လွယ်သလို အိမ်ရှင်မတွေအတွက် မိမိအိမ်မှာ ရှိနေတတ်တဲ့ မီးဖိုဆောင်သုံး ပစ္စည်းလေးတွေနဲ့ဘဲ ကြော်ထားမို့ အရမ်းလဲလွယ်ပြီး အရမ်းလဲမြန်ပါတယ် ကြော်ပြီးရင်လဲ ငွေကုန်သက်သာသလောက် ထမင်းမိန်စေလွန်းတဲ့ ဟင်းလေးပါ။

ပါဝင်ပစ္စည်းများ

  1. အရိုးထွင်ပြီး ရေဆေးထားသော ချဉ်ပေါင်ရွက် အနေတော်ဇလုံး - တလုံြး
  2. ပြုပ်ပြီးလှီးထာသောမျှစ် - အနေတော်ဟင်းပြင်ပန်းကန် တလုံး
  3. ကြက်သွန်ဖြူ - ၆မွှာ (အနေတော်အစိတ်လေးများလှီပေးပါ)
  4. ပါးပါးလှီးထားသော ကြက်သွန်နီ - တစ်လုံး
  5. ရနွေးစိမ်ပြီး ခေါင်းဖြုတ်ထားသော ပုဇွန်ထုပ် - နှစ်ဆယ်သား
  6. ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်ဝက်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ငရုတ်သီးစိမ်း - ငါးတောင့်

ကြော်ရန်အဆင်သင့်ပြင်ပေးထားပါ
ဆီပူပူထဲနနွင်းမှုန့်ထဲ့ပြီးကြက်သွန်နီနှင့်ငရုတ်သီးမှုန့်ထဲ့ကြော်ပါ
နှစ်မိနစ်လောက်ကြော်ပြီးပုဇွန်ကိုထဲ့၍တမိနစ်ခွဲလောက်ကြော်ပါ
ချဉ်ပေါင်ရွက် ငံပြာရည် ဟင်းခတ်မှုန့်ထဲ့ပြီးတမိနစ်လောက်ကြော်ပါ
အားလုံးနွမ်းသွားပါကမျှစ်ထဲ့ပြီးနှစ်မိနစ်လောက်ကြော်ပေးပါ
မီးပိတ်ပြီးပါကကြက်သွန်ဖြူနှင့်ငရုတ်သီးစိမ်းတို့ကိုထဲ့မွှေပေးပါ
ထမင်းမိန်စေမဲ့ ချဉ်ပါင်ကြော်ချင်ချင်စပ်စပ်လေးရပါပြီ
စိတ်လက်ရွှင်လန်းစွာ ထမင်းနဲ့ သုံးဆောင်ရန် အသင့်ရပါပြီ

10 comments:

  1. ချဉ်ပေါင်ကြော်လေး အားပေးသွားပါတယ်..
    အစ်မက ငါးပိကြော်၊ ငါးပိချက်၊ ချဉ်ပေါင်ကြာ် စတာတွေမှာ ကြက်သွန်ဖြူကို နောက်ဆုံးမှ အုပ်တယ်နော်.. ^_^

    ReplyDelete
    Replies
    1. ကြက်သွန်ဖြူကိုအစောကြီးထဲ့အုပ်ရင်ပျော့သွားပြီးအရသာမကောင်းဘူး ညီမလေး
      နောက်ဆုံးမှအုပ်တော့ ကြွတ်ကြွတ်လေးနဲ့ပိပြီးလဲမွှေးတယ်လေ။

      Delete
  2. ချဉ်ပေါင်ကြော် ကြိုက်တယ် အားပေးသွားပါတယ်
    ချဉ်ပေါင်ရွက်လေးတွေက ခြံထွက်မို့ စိမ်းပြီး နုဖတ်နေတာပဲနော် မမမာ
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. အဲဒိအပင်လေးအရမ်း သနားဖို့ကောင်းတယ်
      ထွက်လာလိုက် အခူးခံရလိုက်နဲ့လေ
      မမမာရဲ့ဒဏ်ကို သူတော်တော်ခံနေရှာပါတယ် :)

      Delete
  3. ရှယ်ပဲ မမမာ စားချင်တယ်

    ReplyDelete
    Replies
    1. ထမင်းမိန်ဆေးလေးပေါ့စုရေ စားနော်

      Delete
  4. Replies
    1. စားပါညီမလေးရေ ..

      Delete
  5. စားသွားပါစုရေ

    ReplyDelete
  6. ချစ်ခင်ပွန်းက ပုစွန်နဲ့ချဉ်ပေါင်ကြော်တာ စားချင်တယ်ဆိုလို့ .. မမာဘလော့ကိုမွှေသွားပီ အမရေ :)
    ပုစွန်ဟင်းလျာများထဲမှာ သွားရှာနေမိလို့.. မတွေ့တော့ တစ်ပတ်လှည့်ပြီး အသီးရွက်ကြော်မှာ လာကြည့်လိုက်တယ်.. ဟူး ဟူးး နောက်ဆုံးတော့တွေ့ပီ
    ဒီညလက်စွမ်းပြလိုက်ပါဦးမယ်

    ReplyDelete