ဒီနေ့တော့ ကန်စွန်းရွက်ကြော် ကြော်ပါတယ် အသားမပါလဲ ထမင်းမြိန်စေတဲ့အတွက် နှစ်သက်မိတဲ့ ဟင်းလေးတစ်မျိုး ဆိုရင်လဲ မမှားပါဘူး ချက်ရတာလဲ အရမ်းကိုဘဲ မြန်လွန်းလို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နဘည်လေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကန်စွန်းရွက် - လက်တစ်ဆုတ်စာ တစ်စည်း
- ကြယ်သီးမှို - စားနိုင်သလောက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကန်စွန်းရွက် အပင်ရဲ့ ရင့်နေတဲ့ နေရာများကို ဖယ်ပြစ်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
- မှိုကို ရေဆေးပြီး ခါးပါးပါး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
- ဆီအငွေ့ တက်လာတာနဲ့ ဆားကိုအရင်ဆုံး ထည့်ကြော်လိုက်ပါ
- ဆားထည့်ပြီးတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပြီး မှိုကို ထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
- ပြီးတာနဲ့ ကန်စွန်းရွက်နှင့် အချိုမှုန့်တို့ကို ထည့်ကြော်ပေးပါ
- နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
- အရသာ ပြင်ပေးပြီးတာနဲ့ ကန်စွန်းရွက်ကြော် ပူနေတုန်းလေး ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိုင်ပါပြီ။
စိမ်းနေတာပဲနော် စားချင်စရာလေး ထမင်းပူပူလေးနဲ့ စားလိုက်ရရင်တော့......... မိုးစက်ဝိုင်
ReplyDeleteထမင်းပူပူလေးနဲ့အရမ်းကောင်းပေါ့ မိုးစက်ဝိုင်ရေ
Deleteကဇွန်းရွက်ကြော်စိမ်းစိမ်းလေးရအောင်ဆားအရင်ထည့်ရမယ်ဆိုတာမှတ်ထားတယ်မမမာရေ သီတာ
ReplyDelete:)သီတာလေးက မမေ့ဘူးနော် တော်လိုက်တာ
Deleteအရမ်းကြိုက်တယ် မမမာ
ReplyDeleteစားပါနော် စုရေ
Delete