|
ကြက်သားပြုပ်ကြော် |
ကြက်သားပြုပ်ကြော်လေးကြော်ထားပါတယ် ကလေးတို့အတွက်ဟင်းတစ်ခွက်ပါ ကြက်ရင်ပုံသားကိုအစိမ်းအတိုင်း အသားမျှင်လေးတွေရအောင် ထွင်ပြီးကြော်ထားတာမို့ ကြော်ရတာလဲမြန်သလို စားရတာလဲကောင်းပါတယ်။
မာမာကတော့ သူ့ကိုပဲဆီသန့်သန့်လေးနဲ့ထဲ့ကြော်ပြီး ပိုတဲ့ဆီလေးနဲ့ထမင်းပူပူလေးနဲ့ပါတယ် ကလေးတို့သဘာဝ ထမင်းဆီဆမ်းစားရရင်အရမ်းနှစ်သက်ကြတာမို့ သားသားမီးမီးတို့နဲ့အတွက်ကြက်ပြုပ်ကြော်လေး ကြော်ကြည့်ရအောင်နော်။
ကြက်သားအရသာနယ်ရန်
- ကြက်ရင်ပုံသား - လေးဆယ်သား
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ကြော်ရန်
- ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံး
- ပါးပါးလှီးထားသောကြက်သွန်နီ - ဟင်းပြင်ပန်းကန်အနေတော် တစ်လုံးစာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
|
ကြက်သားအရသာနယ်နှင့်ကြက်သွန်နီ |
|
မီးအနေတော်နှပ့်အပူပေးထားသောဆီပူပူမှာနနွင်းမှုန့်ကိုအရင်ထဲ့ပြီး ကြက်သားအရသာနယ်ကိုရေလက်ဖက်ရည်ပန်းကန်လုံးတစ်လုံးတစ်ဝက်နှင့် ဆားထဲ့ပြီးပြုပ်ကြော်ကြော်ပေးပါ |
|
ကြက်သားပြုပ်သောရေများခမ်းသွားပါကကြက်သွန်နီထဲ့ပြီးကြော်ပေးပါ |
|
ကြက်သွန်နီများနွမ်းပြီးမွှေးလာပါကကြက်သားပြုပ်ကြော်မွှေးမွှေးလေးရပါပြီ |
|
ထမင်းမိန်စေမဲ့ကြက်သားပြုပ်ကြော်မွှေးမွှေးလေးပါ |
|
တွဲဖက်သုံးဆောင်စရာငပိရည်နှင့်တို့စရာလေးပါ |
ကြက်သားပြုတ်ကြော်လေး စားသွားပြီနော်.. ^_^
ReplyDeleteစားပါ ညီမလေးရေ
Deleteထမင်းဖြူ ဆီဆမ်း ကြက်သားပြုပ်ကြော်လေးနဲ့ စားရတာ သဘောကျတယ်
ReplyDelete(အသက်ကြီးလာတော့ ကလေးလိုပြန်ဖြစ်တာလား မသိဘူး မာမာရေ ဟိဟိ)
ငါးပိရည်တို့စရာကတော့ မပါမဖြစ် ဆိုဒ်ဒစ်လေးပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ဟဲတော့ တီတင့်ရယ်
Deleteမာမာလဲ အဲလိုဘဲ ထမင်းဆီဆမ်းလေးအရမ်းကြိုက်တယ်
ကလေးတွေကို အကြောင်းပြုပြီးမာမာလဲထမင်းဆီဆမ်းလေးနဲ့ ဒီနေ့တော့နှစ်ပန်းကန်လောက်စားဖြစ်သွားတယ် :)
ငပိရည်တို့စရာကလဲပါနေတော့ တောထမင်းတောဟင်းလေးတွေကြိုက်တဲ့ မာမာ့အတွက်တော့ရှယ်ပေါ့နော် :)
လေးစားခင်မင်လျှက်
မာမာ
စားချင်စရာလေး.... အောက်ဆုံးက တို့စရာလေးကလဲ စိတ်ဝင်စားစရာ...
ReplyDeleteကူးကူးရေ
Deleteထမင်းမိန်မိန်လေးသုံးဆောင်ဖို့ ငပိတို့စရာကလဲမပါရင်မဖြစ်ပြတ်ဘူးနော် :)
ရှလွတ် ရှလွတ် သရေကျတယ်မမမာရေ ငပိရည်လေးနဲ့နယ်ပြီးကြက်သားပြုပ်ကြော်လေးဝါးလိုက်ရရင် သီတာ
ReplyDeleteသီတာရေ
Deleteတစ်ရက်လောက်အိမ်လာလည်ပြီး ငပိတို့စရာလေးနဲ့ထမင်းလာစားပါလား
စကားလေးလဲပြောရင်းပေါ့ :)
အားပါးပါး ဂွတ်တယ် တီတီ ရှယ်ဘဲ
ReplyDeleteအခု ထမင်းစားချင်လာပီ :))
ဂွတ်တယ် ကြွတ်တယ် ရွတယ်ပေါ့ တူမလေးရယ်
Deleteအိမ်မှာထမင်းလာစားပါလား :)
ကြက်သားပြုပ်ကြော်လေးနဲ့ ငါးပိရည်တို့စရာလေးက ဆွဲဆောင်နေတယ် ဗိုက်ဆာလာပီ မမာရေး)
ReplyDeleteမိုးစက်ဝိုင်
ထမင်းစားဖိတ်ပါတယ်
Deleteမိုးစက်ဝိုင်ရေ....မမမာတို့အိမ်မှာလာစားပါလား :)