Tuesday 9 October 2012

ပုဇွန်ကြော်

ပုဇွန် တန်ပူရာမှုန့်နှစ်လူးကြော်

ပုဇွန်ကိုအရသာနယ်ပြီးဆယ်မိနစ်လောက်နှပ်ထားပေးပါ

တန်ပူရာမှုန့်အခြောက်ကိုပုဇွန်ပေါ်တွင်ဖြူးပြီး အသာအရာနယ်ပေးပါ

နယ်ပြီးသွားသောပုဇွန်ကိုငါးမိနစ်လောက် ထပ်ပြီးနှပ်ထားပေးပါ

မီးအနေတော်နှင့်အပူပေးထားသောဆီပူမှာ တကောင်ချင်းစီထဲ့ပါ

အပေါ်ယံအခွံရွှေအိုရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ

ကြွတ်ကြွတ်မွှေးမွှေး ပုဇွန်ကြော်လေးရပါပြီ


အိမ်ကြော် အာလူးကြော်လေးနဲ့တွဲဖက်ပြီးစားကြပါမယ်

မာမာ ဒီနေ့တော့ ပုဇွန်လေးတွေကို တန်ပူရာမှုန့်အခြောက်နဲ့ လူးပြီးကြော်ထားပါတယ် စိုစိစိဟင်းတွေမကြိုက်တဲ့ မာမာ့ကလေးတွေအတွက် ဟင်းအခြောက်လေးတွေ ချက်ရတာချက်ရကျိုးနပ်တယ်လို့ ပြောလို့ရပါတယ် ဘာဖြစ်လို့လဲဆိုတော့ ခြောက်ခြောက်သွေ့သွေ့ ဟင်းလေးတွေ ချက်တဲ့နေ့ဆိုရင် ချက်သမျှဟင်း ကုန်တတ်လို့ပါဘဲ။

မာမာကြော်တဲ့နည်းလေး မျှဝေပေးပါမယ်
လေးယောက်စာ
  1. ခေါင်းဖြုတ်ထားသောပုဇွန် - နှစ်ဆယ်သား
  2. တန်ပူရာမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  3. ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံး
ပုဇွန်အရသာနယ်ရန်
  • ပုဇွန် - နှစ်ဆယ်သား
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

10 comments:

  1. ထမင်းပူပူလေးနဲ့စားလိုက်ရလို့ကတော့ ၂ ပန်းကန်အသာလေးပဲ တီတီ :))

    ReplyDelete
    Replies
    1. ထမင်းကို ဆီလေးနဲ့ပါနယ်ပေးမယ်နော် ပိုပြီးစားကောင်းအောင်လို့လေ :))

      Delete
  2. တီတင့်နှစ်သက်အစာတွေဖြစ်တဲ့ ပုဇွန်တင်ပူရာ ကြွတ်ကြွတ်လေး အာလူးကြော် ကြွတ်ကြွတ်လေး
    အားပေးသွားတယ် မာမာရေ။ ထမင်းပူပူ ဆီလေးဆမ်းပြီး လိုက်မှလိုက်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီတင့်ရေ
      ထမင်းဆီဆမ်းပြီးစားရတာကိုကြိုက်တယ်နော်..

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  3. အားမနာတော့ဘူးပါဆယ်ဆွဲသွားပါတယ် သီတာ

    ReplyDelete
    Replies
    1. အားမနာပါနဲ့ညီမလးရေ ယူသွားနော်

      Delete
  4. မမမာ ပုဇွန်တင်ပူရာ ကြွတ်ကြွတ်လေးနဲ့ အာလူးကြော် ကြွတ်ကြွတ်လေးကို
    အားပေးရင်း ပန်းရောင်စုံ လှလှလေးတွေကို ကြည့်သွားပါတယ်နော်း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ကျေးဇူးပါ မိုးစက်ဝိုင်ရေ

      Delete
  5. ကြိုက်တယ် မမမာ စားချင်တယ်

    ReplyDelete
    Replies
    1. စားပါနော် စုရေ

      Delete