မာမာဒီနေ့ဈေးသွားတာ မုန့်ညှင်းစိမ်း အပင်လေးတွေ ရခဲ့လို့သတ်သတ်လွတ် ကြော်ထားပါတယ် အရွက်ရဲ့ အချိုအရသာကိုကြိုက်လို့ ဘာအသားမှ မထဲ့ဘဲ ကြော်ထားတာပါ လတ်ဆတ်လွန်းတာရယ် အသီးအရွက်ကြိုက်တာရယ် ကြောင့်လားတော့ မပြောတတ်ပါဘူး ထမင်းစားလို့ အရမ်းမြိန်ပါတယ်။
ပါဝင်ပစ္စည်းများ
- မုန့်ညှင်းစိမ်းအပင် - ခွန်နှစ်ပင်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- မုန့်ညှင်းစိမ်း အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
- ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
- ပြီးတာနဲ့ ရေစစ်ထားသော ကိုက်လန်များထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
- နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး စားသုံးနိုင်ပါပြီ။
ဟင်းသီးဟင်းရွက်တွေလတ်ဆတ်ရင်၊သူ့သဘာဝ အချိုဓာတ်လေးက ထမင်းကိုမြိန်စေတာအမှန်ပဲ မာမာရေ။ သက်သတ်လွတ်မုန့်ညှင်းဖူးကြော်လေး အားပြီးပြီး တီတင့်နှစ်ချိုက်တဲ့ သခွားမွှေးသီးလေးပါဆက်တိုက်အားပေးသွားပြီ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျေးဇူးပါဘဲ တီတင့်ရေ
Deleteအသီးအရွက်ကြော်လေးကသဘာဝအချိုလေးမို့ထမင်းမိန်စေတယ်နော်
မာမာ့ဟင်းလေးတွေကိုလာအားပေးတဲ့တီတင့်ကိုအရမ်းကိုကျေးဇူးတင်ပါတယ်နော်
လေးစားခင်မင်လျှက်
မာမာ
မုန်ညှင်းဖူးကလေးက စိမ်းစိုနေတာ စားချင်စရာ.. သခွားမွှေးသီးလေးကလဲ ကြည့်ရတာနဲ့တင် ရင်ထဲ အေးသွားတာဘဲ။
ReplyDeleteထမင်းမိန်လို့ အရမ်းကြိုက်တယ် ညီမလေးရေ
Deleteကျေးဇူးပါဘဲနော်
အားပေးသွားပါတယ်မမမာရေ စိမ်းစိမ်းလေးရော မွှေးမွှေးလေးရော သီတာ
ReplyDeleteကျေးဇူးပါ သီတာရေ
Deleteစိမ်းစိမ်းလေး အရမ်းကြိုက်တာ် မမမာ
ReplyDeleteကျွတ် ကျွတ် ကျွတ် ကျွတ်နဲ့အရမ်းစားလို့ကောင်းတယ် စု
Delete