Saturday 6 October 2012

အသုပ်မျိုးစုံ သုပ်စားရန် ကြက်သားဆီပြန်

ကြက်သားဆီပြန်
အသုပ်သုပ် စားကြမှာမို့လို့ ကြက်သားဟင်း ဆီပြန်ချက်ထားပါတယ် ခေါက်ဆွဲသုပ် နန်းကြီးသုပ် အသုပ်မျိုးစုံအတွက် အဆင်ပြေစေမဲ့ ဟင်းချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
  • ကြက်ရင်ပုံသား - သုံးဆယ်သား
  • ကြက်သွန်နီ - သုံးဆယ်သား
  • ကြက်သွန်ဖြူ - ငါးကျပ်သား
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ဆီ -  သုံးဆယ်သား
ကြက်သားအရသာနယ်ရန်
  • ဟင်းချက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ကြက်သားအရသာနယ်နှင့်ကြက်သွန်ဖြူ နီတို့ ပြင်ထားပါ
မီးအနေတော်နှင့်အပူပေးထားသော ဆီပူပူမှာ ကြက်သွန်ဖြူ နီတို့ကို
အရင်ထဲ့ပြီးနွမ်းသွားမှဟင်းချက်မှုန့်ကိုထဲ့ပြီးမွှေးလာတဲ့ထိ
ဆီသတ်ပေးပါ
ငရုတ်သီးဆီသတ်မွှေးလာပါကကြက်သားအရသာနယ်ကိုထဲ့ပြီး
ဆီသတ်ပေးပါ
ကြက်သားများမာလာတဲ့ထိ မွှေမွှေပေးပြီးဆီသတ်ပေးပါ
ကြက်သားများမာလာပါကကြာကြာအထားခံအောင်
ရေကိုမြုပ်တဲ့ထိထဲ့ပြီးတည်ပေးပါ
ရေခမ်းပြီးဆီပြန်လာပါကကြာကြာထားပြီး
အစားခံသည့်ကြက်သားဆီပြန်ဟင်းလေးရပါပြီ
ကြက်သားဆီပြန်လေးနဲ့သုပ်ထားတဲ့ နန်းပြားသုပ်လေးပါ

6 comments:

  1. နည်းလေးယူထားမယ်နော် အသုပ်မျိုးစုံလုပ်ရအောင် သီတာ

    ReplyDelete
    Replies
    1. အဆင်သင့်ရှိတော့စားချင်တဲ့အချိန်လေးသုပ်စားရတာအရမ်းကိုအဆင်ပြေပါတယ်ညီမလေးရေ
      အမကတော့များများချက်ပြီးခဲထားလိုက်တယ်လေ

      Delete
    2. စုလဲခဲထားဦးမယ် မမမာ

      Delete
    3. စုရေ
      စားချင်တဲ့အချိန်လေးမှာ အဆင်သင့်ရတော့အဆင်ပြေတာပေါ့နော်

      Delete
  2. တီမာ့ကြက်သားဟင်းကရှယ်ပဲ

    ReplyDelete
    Replies
    1. ကျေးဇူးပါဘဲ သမီးရေ

      Delete