Monday 29 October 2012

ဂေါ်ရခါးသီး ချဉ်ရည်ဟင်း


မုန့်ညှင်းရွက်နဲ့ ဂေါ်ရခါးသီးလေးတွေကို ချဉ်ရည်ဟင်းလေး ချက်ပါတယ် အရည်သောက် ချဉ်ချဉ်လေး သောက်ချင်တာကြောင့် ခပ်ချဉ်ချဉ်လေး ချက်ဖြစ်တဲ့ ဟင်းတစ်မျိုးမို့လို့  မာမာချက်တဲ့ နည်းလေး မျှဝေချင်ပါတယ်။

ဒီနေ့ချဉ်ရည်ဟင်းလေးကိုတော့ ပထမဆုံး လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ပြီး အိုးတစ်လုံးထဲကို အရင်ထည့်ပြီး အရသာများနယ်ကာ ရေလေးနဲနဲထဲ့ပြီး လုံးချက်လေး အရင်ချက်ပြီးမှ ရေကိုမိသားစု စားနိုင်သလောက်
ထဲ့ကာ ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. လှီးဖြတ်ကာ ရေဆေးထားသော မုန့်ညှင်းရွက် - အနေတော်ဇကာ တစ်လုံးမောက်မောက်
  2. အခွံခွာပြီး လှီးထားသော ဂေါ်ရခါးသီး - တစ်လုံး
  3. ခေါင်းဖြုတ်ထားသော ပုဇွန်ထုတ် - ဆယ့်ငါးကျပ်သား
  4. ခရမ်းချဉ်သီး - အနေတော် ငါးလုံး
  5. မကျည်းသီးအနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ထောင်းထားသော ကြက်သွန်ဖြူ - နှစ်မွှာ
  7. ထောင်းထားသော ကြက်သွန်နီ - တစ်ခြမ်း
  8. ထောင်းထားသောချင်း - လက်တဆစ်၏ တစ်ဝက်
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  12. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  13. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ

ပုဇွန်အရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • နနွင်းမှုန့် - လက်ဖက်ရည်ရည်ဇွန်း လေးပုံတစ်ပုံ

ချဉ်ရည်ဟင်းချက်ရန်ပြင်ထားပေးပါ


အားလုံးကိုရောပြီး နယ်ပေးကာရေအနည်းငယ်ထဲ့ပြီး လုံးချက်ချက်ပါ


လုံးမိသွားပါကဟင်းချိုမှုန့် ငံပြာရည် မကျည်းနှစ်နှင့် ရေလိုသလောက်ထဲ့ပါ


ဟင်းရည်ဆူလာပါက နံနံပင်အုပ်ပြီးနှစ်မိနစ်လောက် ဆက်တည်ပေးပါ


ငါးခြစ်ကြော် ငရုတ်သီးဆားထောင်းနှင့်ချဉ်ရည်ဟင်းရပါပြီ

8 comments:

  1. ကြည့်ရတာနဲ့တင် ထမင်းမြိန်လိုက်တာ အစ်မရေ.. ^_^

    ReplyDelete
    Replies
    1. စားပါ ညီမလေးရေ :)

      Delete
  2. ဗိုက်ဆာနေတဲ့ အချိန်ကြည့်လိုက်မိတော့
    ပိုပြီး ဗိုက်ဆာသွားပြီ မမမာရေ
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. မိုးစက်ဝိုင်ရေ
      ဗိုက်ဆာအောင်လုပ်မိလို့ sorry ပါနော် :)
      မမာနဲ့ထမင်းလာစားဖို့ဖိတ်ခေါ်ပါတယ်နော်

      Delete
  3. ဒါမျိုးဆိုလာထားဘဲမမာရေ။
    ထမင်းထပ်ချက်ရတော့မယ်။း)
    အို်င်အိုရာ

    ReplyDelete
    Replies
    1. အိုင်အိုရာရေ
      အရည်ဟင်းလေးပေမဲ့ သောက်သောက်စားစားနဲ့ထမင်းတော်တော်မိန်တယ်နော် :)

      Delete
  4. ဗိုက်ဆာလိုက်တာ မမမာရေ ဒီနေ့ဟင်းမချက်ဘူး

    ReplyDelete
    Replies
    1. မမမာလာပို့ပေးမယ်လေ ခနလေးစောင့်နော် စု ^-^

      Delete