Wednesday 15 November 2023

ဘေဘီမုန့်ညှင်းသုပ်






ဒီနေ့တော့ ဈေးကိုသွားရင်း ဘေဘီမုန့်ညှင်း သန်သန်ကြီးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘေဘီမုန့်ညှင်း - အပင်ကြီးကြီး သုံးပင်
  2. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်ဖြူ ဆီချက် အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  9. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  10. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (အရွက်ပြုပ်ရန်)
  13. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (အရွက်ပြုပ်ရန်)

ပြင်ဆင်ပုံ
  • ဘေဘီမုန့်ညှင်း အရင်းပိုင်း ရင့်နေတဲ့နေရာကို ဖယ်ပေးပြီး အပင်လိုက် ရေစင်အောင် ဆေးပေးပါ
  • အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဆားနှင့်ရေထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဘေဘီမုန့်ညှင်း အပင်များ ရေမြုပ်အောင်ထည့်ပြီး အဖုံးမအုပ်ဘဲ ပြုပ်ပေးပါ
  • အကြာကြီး ပြုပ်စရာ မလိုဘဲ ရေပွက်ပွက်ဆူပြီးသား ဖြစ်တဲ့အတွက် တစ်မိနစ်လောက်ဘဲ ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားပါက မထူမပါးလေးတွေ ရလာအောင် ဓါးဖြင့်လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ကိုက်လန် ကြက်သွန်နီ ပဲအကျက်မှုန့် ပုဇွန်ငခြောက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူ ဆီချက်ဖတ် ကြက်သွန်နီဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးနဲ့ ဘေဘီမုန့်ညှင်း ချဉ်ငံစပ် အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment