Friday 28 December 2012

ထောပါတ် အာလူးကတ်တလိတ်









မာမာမနေ့က အစားအသောက်တွေ ချက်ကြပြုပ်ကြတဲ့ TV လိုင်းကို ဖွင့်ကြည့်ရင်းက သူတို့တွေ အာလူးကတ်တလိတ် လုပ်နေတာ တွေ့လိုက်ရပါတယ် စိတ်ထဲက စားချင်သွားတာနဲ့ ဒီနေ့တော့ အာလူးလေးပြုပ်ပြီးအခွံခွာကာ ထုထောင်းပြီးကြော်လိုက်ပါတယ်။

တော်တော်စားလို့ ကောင်းတဲ့ အကြော်လေးပါ ဒါကြောင့်မို့ သူတို့ကြော်တဲ့အတိုင်း မျှဝေလိုက်ပါတယ် ကြော်ကထဲက မွေးနေလို့ စားလို့လဲ အရမ်းကောင်းမယ်ဆိုတာ သိလိုက်ပါတယ်။

မာမာ့ကလေးတွေကတော့ ငယ်ငယ်လေးထဲက အာလူးကြိုက်ကြတဲ့ ကလေးတွေမို့ အာလူးကို ဘယ်လိုဘဲချက်ချက် ကြိုက်ကြပါတယ် ဒီနေ့ကြော်တဲ့ အကြော်လေးမှာတော့ မာမာက စားဖိုမှူး သူတို့က ဟင်းမြည်းတဲ့ ပရိတ်သတ်တွေပါ။

ကြော်ပြီးတဲ့အခါ မြည်းခိုင်းတော့ အင်း.....တော်တော်လေး ကောင်းတာဘဲတဲ့..မေမေဘယ်က နည်းရလဲတဲ့ TV အစီအစဉ်က လာတာကိုကြည့်ပြီး လိုက်လုပ်တာလို့ပြောတော့ လက်မလေးတွေထောင်ပြီး ပြကြပါတယ်။

ပါဝင်ပစ္စည်းများ
  1. အားလူး - 700 g 
  2. တန်ပူရာအကြော်မှုန့် - 100 g
  3. ထောပါတ် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  4. ဂျုံမျုန့် - 100 g
  5. ပေါင်မှန့်ခြောက်အမှုန့် - 100 g
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. နံနံပင်- ၅ပင်ခန့်
  10. ဆီ - လိုသလောက်
  11. ကြက်ဥ - နှစ်လုံး
  12. ဆီ - အနည်းငယ် (လက်ကိုသုတ်ရန်)

ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • ထောပါတ်ကို ပြင်ထားပါ
  • ပေါင်မုန့်ခြောက် အမှုန့်ကို ပန်းကန်ပြားထဲ ထည့်ထားပါ
  • ဂျုံမှုန့်ကို ပန်းကန်ပြားထဲ ထည့်ထားပါ
  • ကြက်ဥကို ပန်းကန်လုံး တစ်ခုထဲမှာ ခလောက်ပေးထားပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပေးပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အာလူးကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက ထောပါတ်ထည့်ပေးကာ သမသွားအောင် ထည့်နယ်ပေးပါ
  • ပြီးတာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး လက်နှင့်ဆုတ်လုံးပေးပါ
  • အားလုံးဆုတ်လုံးပေးပြီးပါက လက်ဝါးနှစ်ဖက်ကို ဆီသုတ်ပေးကာ အာလူးလုံး တစ်လုံးချင်းယူကာ လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ၀ိုင်းသွားအောင် လုံးပေးပါ
  • အာလူးလုံးလေးများ အဆင်သင့်ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးကာ ဆီပူလာပါက မီးကိုအနည်းငယ် လျှော့ထားပါ
  • ထိုအာလူးလုံးလေးများကို အရင်ဆုံး ဂျုံမှုန့် ပန်းကန်ထဲမှာ လူးပေးပါ
  • ပြီးတာနဲ့ ကြက်ဥပန်းကန်ထဲမှာ ထပ်လူးပေးပါ
  • ကြက်ဥထဲမှာ လူးပြီးတာနဲ့ ပေါင်မုန့်ခြောက် ပန်းကန်ထဲမှာ လူးပေးပါ
  • ပြီးတာနဲ့ မီးအနည်းငယ် လျှော့ထားသော ဆီပူအိုးထဲကို အာလူးလုံးများ တစ်လုံးခြင်းစီထည့်ပြီ ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • အာလူးကတ်တလိတ်ကြော် တစ်လုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ထောပါတ်နံ့မွှေးမွှေးလေးနဲ့အာလူး ကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။

11 comments:

  1. အာလူးဆိုရင်လဲ ဘယ်လိုလုပ်လုပ် ကြိုက်တယ် အစ်မ..
    အာလူးကက်တလိတ်ကတော့ ကလေးဘဝထဲက အသဲစွဲ.. ^_^

    ReplyDelete
    Replies
    1. အမတို့လဲ အာလူးဆိုရှယ်ကြိုက်တာ ညီမလေးရေ

      Delete
  2. အာလူးကက်တလိတ် ကြိုက်တယ် မမမာ
    အိမ်မှာလုပ်စားရင် ထောပတ်မထည့်ဘူး
    အခု မမမာနည်းလေးက ပိုစားကောင်းမယ်နော် အဲဒီအတိုင်းကြော်စားဦးမယ်း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ထောပတ်လေးထည့်တော့မွှေးပြီးစားရတာ ပိုကောင်သွားတယ် မိုးစက်ဝိုင်ရေ

      Delete
  3. အမြဲကြိုက်တယ်

    ReplyDelete
    Replies
    1. စားနော် ညီမလေးရေ

      Delete
  4. အာလူးကက်တလိတ်ကို အသားထည့်တာဖြစ်ဖြစ် အသီးအရွက်ထည့်တာဖြစ်ဖြစ်
    အလွတ်ဖြစ်ဖြစ် အကြိုက်ချည်းပဲ မာမာရေ။ အိပ်ခါနီးတောင် စားချင်လာပြီ :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ပါ့တီတင့်ရေ
      အာလူးကတ်တလိတ် ကအသဲစွဲလေ..

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  5. မမမာရေ အမြဲတမ်း လေးစား ခင်မင် ကျေးဇူးတင်နေပါတယ်။ ထာဝရ ပျော်ရွှင်ပါစေနော်.

    ReplyDelete
    Replies
    1. မမမာကလဲ ခင်မင်တတ်သူပါ
      တောင်းပေးတဲ့ဆုလေးကို ရယူပိုင်ဆိုင်လိုက်ပြီနော်..
      khin khin gyi လဲပျော်ရွှင်ပါစေ...

      Delete
    2. မမမာ ပေးတဲ့ဆုလေးကို ရယူပိုင်ဆိုင်လိုက်ပါပီနော်။
      ရွှင်လန်းချမ်းမြည့် ပါစေရှင်။

      Delete