Thursday 20 December 2012

ကြက်သားအာလူး ဆီလည်ရေလည်

ကြက်သားအာလူး ဆီလည်ရေလည်
ကြက်သားအာလူး ဆီလည်ရေလည်ချက်လေးပါ ရာသီဥတုပူချိန်ဆိုရေအရမ်းသောက်လွန်းတဲ့အတွက် အစားအသောက်ပျက်တတ်ကြပါတယ် ဒါကြောင့်မို့ မာမာဒီနေ့တော့အားလုံးထမင်းမိန်မိန်စားသုံးရအောင် ကြက်သားကိုဆီနဲနဲနဲ့ နာဂလူမျိုးတို့ရဲ့ ကာလသားချက်လေး ချက်ထားပါတယ်။

ဆီမစားတတ်ကြတဲ့ နာဂလူမျိုးတွေရဲ့ သူတို့ဆီလာတဲ့ ဧည့်သည်အတွက်စေတနာပါပါ ချက်ကျွေးခဲ့တဲ့ ဟင်းအရသာလေးမို့ ပါးစပ်ထဲမှာ အမြဲတမ်း စွဲမက်စေခဲ့တဲ့ ဟင်းအရသာလေးပါ။
မာမာချက်တဲ့ဟင်းလေးက ဆီများတယ်လို့ထင်ရပေမဲ့ တစ်ကယ်တမ်းကျတော့ ဆီမများပါဘူး ဟင်းရည်ရဲ့ အပေါ်ယံမှာဝေ့တက်နေတဲ့ ဆီအရောင်လောက်ပါဘဲ ချက်ကတည်းက ဆီလည်ရေလည်လေးမို့အောက်ဖက်မှာ အရည်သောက်ဆမ်းလေး လုပ်လို့ရအောင် ရေများများနဲ့ ချက်တဲ့ ဟင်းတစ်မျိုးပါ။

ကြက်သားအရသာနယ်ရန်
  • အသားမြှောင်းလေးများရအောင်လှီးထားသောကြက်ရင်ပုံသား - 200g
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ  
အာလူးအရသာနယ်ရန်
  • အခွံခွာကာလေးစိတ် စိတ်ထားသောအာလူး - နှစ်လုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား -  လက်ဖက်ရည်ဇွန်း တဝက်
ငရုတ်သီးထောင်းရန်
  • ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ချင်း - လက်တဆစ်
  • ကြက်သွန်ဖြူ - သုံးမွှာ
  • ကြက်သွန်နီ - အနေတော်ဥ တလုံး
ချက်ရန်
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ကြက်သားဆီလည်ရေလည်ချက်ရန်ပြင်ထားပါတယ်

ဆီကိုမီးအနေတော်နှင့်အပူပေးပြီး ငရုတ်သီးကိုမွှေးလာတဲ့ထိ
ဆီသတ်ပေးပါ ပြီးမှ ကြက်သားကိုထဲ့ပြီး မာပြီးကျစ်လာတဲ့ထိ မွှေကာဆီသတ်ပေးပါ

ကြက်သားများမာသွားပါက ရေအနည်းငယ်ထဲ့ကာဆီပြန်တဲ့ထိ
ချက်ပေးပါ ပြီးမှအာလူး ရေနှင့် ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထဲ့ကာ
အာလူးနူးတဲ့ထိတည်ပေးပါ အာလူးနူးသွားပါက ရေမြုပ်အောင်ထပ်ထဲ့ပြီး သုံးမိနစ်လောက်ဆူအောင်တည်ပေးပြီးရင် ရပါပြီ

အရည်လေးဘဲသောက်သောက် ထမင်းလေးမှာဘဲ ဆမ်းစားစား
ကြက်သားအာလူး အရည်သောက် နာဂကာလသားချက်ဟင်းလေးရပါပြီ

6 comments:

  1. တစ်ခါမှ မစားဖူးတဲ့ နာဂ ကြက်သားဟင်းလေး စားသွားပါတယ်..
    ချက်နည်းလဲ မှတ်သွားပါတယ် အစ်မရေ.. ^_^

    မိုးသောက်ဖြူ

    ReplyDelete
    Replies
    1. ထမင်းအရမ်းမိန်တဲ့ဟင်းလေးပါ

      Delete
  2. ကြက်သားအာလူးအရည်သောက်
    နာဂကာလသားချက်ဟင်းလေး အားပေးသွားပါတယ်...
    ကြက်သားကို အာလူးရောတာ ကြိုက်တယ် မမမာ
    မိုးစက်ဝိုင်


    ReplyDelete
    Replies
    1. ကျေးဇူးပါ နော်

      Delete
  3. ချက်စားကြည့်မယ် မမမာ ဗိုက်တောင်ဆာတယ်

    ReplyDelete
    Replies
    1. ချက်စားကြည့်နော် စု
      ထမင်းမိန်တယ်

      Delete