ထမင်းကြော် |
မင်္ဂလာမနက်ခင်း အချိန်ခါလေးပါ ဒီနေ့တော့ မာမာကြက်ဥထမင်းလေး ကြော်ထားပါတယ် ထမင်းကြော်နှစ်သက်သူတွေအတွက်ပါ ထမင်းကြော်ဆို မာမာအရမ်းနှစ်သက်တဲ့အတွက် မကြာမကြာ ကြော်စားဖြစ်ခဲ့ပါတယ် ဘယ်လိုပုံစံနဲ့ဘဲကြော်ကြော် ဘယ်နေရာရောက်ရောက် ထမင်းကြော်ကို အရင်ဆုံးစားတတ်ပါတယ်။
ဒီနေ့လဲ စိတ်ထဲကစားချင်လာတာနဲ့ ချက်ချင်းကြော်လိုက်ပေမဲ့ စားလို့လဲ အရမ်းကောင်းခဲ့ပါတယ် ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်းတဲ့ မာမာကတော့ ဟင်းမပါဘဲနဲ့ကို အရမ်းမိန်လွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ။
လေးယောက်စာအတွက်ပါ
ထမင်းအရသာနယ်ရန်
- ထမင်း - ဟင်းပြင်ပန်းကန် နှစ်လုံးစာ
- ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
- ဆား - လက်ဖက်ရည်ဇွန်း တဝက်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
- ဆီ - လက်ဖက်ရည်ပန်းကန်လုံး တဝက်
- ပါးပါးလှီးထားသော ကြက်သွန်နီတလုံးကို ကြော်ပြီးဆယ်ထားပါ
- အနေတော် လှီးထားသော မုံလာဥနီတဥကို ကြော်ပြီးဆယ်ထားပါ
- ပဲစိမ်းသီး လက်ဖက်ရည်ပန်းကန် တလုံးစာကိုကြော်ပြီး ဆယ်ထားပါ
- ကြက်ဥနှစ်လုံးကို ခလောက်ပြီး ကြော်ပြီးဆယ်ထားပါ
- ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံနှင့်ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်းလေးပုံတပုံထဲ့ပေးပါ
- အားလုံးကြော်၍ ပိုသောဆီနှင့် ထမင်းကိုကြော်ပါမယ်
အရသာနယ်ထားသောထမင်းကိုဆားနှင့်ဟင်းချိုမှုန့်ထဲ့ပြီး
နှစ်မိနစ်လောက်ကြော်ပြီးမှ ကြက်ဥကြော် ကြက်သွန်နီကြော် မုံလာဥနီကြော်
ပဲစိမ်းသီးကြော်တို့ကို ထဲ့ပြီး ၂မိနစ်လောက်ကြော်ပေးပါ
အားလုံးအထက်အောက် သမအောင်မွှေပြီးမီးပိတ်နိုင်ပါပြီ
ကြက်ဥထမင်းကြော် မွှေးမွှေးလေးရပါပြီ
ပုံလေး ကြည့်လိုက်တာနဲ့ကို စားကောင်းမယ် ဆိုတာ သိပါတယ် အစ်မရေ..
ReplyDeleteထမင်းကြော်ကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ အစားအစာ တစ်ခုပါဘဲ.. ^_^
ဟုတ်ပါ့ ညီမလေးရေ..ဘယ်အချိန်ဘဲဖြစ်ဖြစ် စားရတာဝင်တယ်နော်
ReplyDeleteမမမာကြော်ထားတာ ကြည့်ပြီး စားချင်လို့ အဲဒီအတိုင်း ကြော်စားတယ်
ReplyDeleteစားကောင်းတယ် ကျေးဇူးပါ အမရေ
မိုးစက်ဝိုင်
စားကောင်းတယ်ပြောလို့ အရမ်းပျော်နေပါတယ် မိုးစက်ဝိုင်ရေ
Delete