Friday 7 December 2012

Dumpling

Dumpling



အားလုံးအဆင်သင့်ဖြစ်လျှင်သမအောင်ေ
ရာနယ်ပေးပါတယ်

အားလုံးသမသွားပါက dumpling wrappers
အရွက်၄၀စာ အထုတ်လေးများထုပ်ပါမယ်

တစ်ရွက်လျှင်ထမင်းစားဇွန်း တစ်ဇွန်းမရှိ
တစ်ရှိထဲ့ပေးပါမယ်

အလယ်မှခေါက်ကာအရွက်ထိပ်နှစ်ဖက်ကိုေ
ရစွတ်ကာနှစ်သက်တဲ့ပုံစံလေးများခေါက်ပေးပါ

ခေါက်ပြီးသားလေးများတစ်ခုနှင့်တစ်ခု
မကပ်အောင်ဂျုံမှုန့်နဲနဲဖြူးကာထဲ့ပေးထားပြီး
ဆယ်မိနစ်လောက်လေသလပ်ခံထားပါတယ်

ရေနွေးငွေ့နဲ့ပေါင်းရင်တော့ရှစ်မိနစ်လောက်
ပေါင်းရင်ရပါပြီ

မီးအနေတော်နှင့်အပူပေးထားတဲ့
ဆီပူပူမှာကြော်ရင်တော့နှစ်ဖက်လုံးရွှေဝါရောင်
သန်းလာလျှင်ရပါပြီ။

ဒီနေ့လုပ်စားဖြစ်တဲ့အစာလေးပါ သမီးလေးကဒီနေ့သူအားနေတယ် အိမ်မှာတစ်ခုခု လုပ်ချင်တယ် ဆိုပြီးပြောတာနဲ့ သူ့စိတ်တိုင်းကျ အစာတစ်ခုကိုရွေးပြီးလုပ်ပါတယ်။

အိုးသူကြီး မာမာ တစ်ယောက် နေမကောင်းလို့ ဘာမှမလုပ်ချင်တာနဲ့ အတော်ပါဘဲ ရေငတ်တုံးရေတွင်းထဲကျသွားပါတယ် ရတဲ့အခွင့်အရေးကို အပြည့်အဝယူပြီး အနားယူ လိုက်ပါတယ်။

သူ့စိတ်တိုင်းကြ သဘောရှိကလောဟိပါဘဲ ဒီနေ့တော့ လှီးဟယ်ချွတ်ဟယ် ဆေးဟယ်ကြောဟယ်နဲ့ တစ်ယောက်ထဲ မီးဖိုဆောင်ကို အပိုင်စားသွားခဲ့ပါတယ်။

စိတ်တိုင်းကျပြင်ဆင် ချက်ပြုပ်ကြော်လှော်ပြီးချိန်မှာတော့ အားပါးပါး တော်တော်လေးပင်ပန်းသွားသားဆိုပြီး ညီးတွားသံလေး ကြားလိုက်ရပါတယ်.

 နောက်ဆုံးစကားတစ်ခွန်းကတော့ သူချက်ပြုပ်ပြင်ဆင်ပေးတာကို အားရပါးရစားကြတာကိုမြင်တော့ သူ့ရင်ထဲမှာ ပီတိဖြစ်ရပါတယ်တဲ့ အမောလဲပြေရပါတယ်တဲ့လေ။

ကဲ သူ့လိုပီတိလေးနဲ့ အပျော်လေးရအောင် သူငယ်ချင်းတွေညီအစ်ကိုမောင်နှစ်မတွေကို လုပ်မကျွေးချင်ကြဘူးလား။ သမီးလေး ပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ

  1. ခပ်နုတ်နုတ် စင်းထားသော ကြက်သား - 200 g
  2. ခပ်နုတ်နုတ် စင်းကာဆားနှင့်နယ်ပြီး ဆယ်မိနစ်လောက်ထားပြီးမှ ရေဆေးထားသော zuchini အနေတော်တစ်လုံး
  3. ခပ်ကြမ်းကြမ်း လှီးထားသောမှို - လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာ
  4. ခပ်နုတ်နုတ်လှီးပြီး ဆားနှင့်နယ်ကာ ဆယ်မိနစ်လောက်ထားပြီးမှ ရေဆေးကာရေညှစ်ထားသော ဂေါ်ဖီ လက်ဖက်ရည်ပန်းကန် တစ်လုံးခွဲစာ
  5. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ
  6. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ဖြူ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ
  7. ခပ်နုတ်နုတ် လှီးထားသော ချင်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ
  8. အနေတတော် လှီးထားသော ကြက်သွန်မိတ် - သုံးပင်
  9. ဂျုံ - ထမင်းစားဇွန်း တစ်ဇွန်း
  10. အလုံးလိုက် ဖောက်ထဲ့ရန် ကြက်ဥ - တစ်လုံး
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ကြော်နည်းကိုတော့ ပုံတွေရဲ့အောက်မှာ ရေးပေးထားပါတယ်။

12 comments:

  1. အစ်မ သမီးလေးက အရမ်းလိမ္မာ အရမ်းတော်တာဘဲ.. အဲလို သမီးမျိုးလေး လိုချင်လိုက်တာ..
    သမီးလေးလုပ်တဲ့ Dumpling လေး အားပေးသွားပါတယ်.. ^_^

    ReplyDelete
    Replies
    1. ကျေးဇူးပါ ညီမလေးရေ

      Delete
  2. Dumpling လုပ်နည်းလေး မှတ်သွားတယ် မာမာရေ။
    စောစောစီးစီး ဖေ့ဘုတ်မှာ Like ခဲ့သေးတယ်း)
    နည်းပညာတစ်ခုတိုးလို့ ကျေးဇူးပါနော်...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ကျေးဇူးပါ တီတင့်ရေ

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  3. မမမာ သမီးလေးက အရမ်းတော်တာပဲ .. စားချင်စရာလေးတွေ ..
    သမီးလိမ္မာလေး ပိုင်ဆိုင်ထားတဲ့ မမမာရေ .. အားပေးသွားတယ်နော် :)

    ReplyDelete
    Replies
    1. ကျေးဇူးပါ zuzu ရေ
      စားပါအုံးနော်

      Delete
  4. မမမာ သမီးလေးက အရမ်းတော်တာပဲ
    လုပ်တတ်လိုက်တာ Dumpling လေးတွေက စားချင်စရာလေး အားပေးသွားပါတယ်..း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ကျေးဇူးပါ မိုးစက်ဝိုင်ရေ

      Delete
  5. သမီးလေးက လုပ်တတ်တယ်နော်
    မုန်.လုပ်နည်း ဟင်းချက်နည်းတွေ ဖတ်ရလို.ကျေးဇူးအမြဲတင်တယ်နော်
    ကွန်မန်.တော. အမြဲမရေးဖြစ်ပါဘူး
    ဟင်းချက်ဘလော.တွေ အမြဲသွားပြီး နည်းတွေယူရလို. ဝမ်းသာပါတယ်
    လုလု ထမင်းအိုး တီတီဆွိ မာမာ အိသက် Evy အစုံပဲ


    ReplyDelete
    Replies
    1. ကျေးဇူးပါဘဲနော်..ဝါသနာကိုစေတနာနဲ့မျှဝေပေးတဲ့နေရာလေးကိုလာလည်လို့ကျေးဇူးတင်ပါတယ်

      Delete
  6. မမမာ သမီးလေးကတော်လိုက်တာ ခေါက်ထားတာလေးတွေလှလိုက်တာ အတုယူသွားတယ် မမမာ

    ReplyDelete
    Replies
    1. ကျေးဇူးပါဘဲ စုရေ

      Delete