ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး အာတာလွတ်ဥ ပေါင်းနည်းနဲ့ ပြင်ဆင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- အာတာလွတ်ဥ
- ဆီစိမ်း
- ဆား
ပြင်ဆင်ပုံ
- အာတာလွတ်ဥများကို ရေဆေးပြီး ပေါင်းခံဇကာထဲမှာ ထည့်ပေးထားပါ
- ပေါင်းအိုး အောက်ခံအိုးထဲမှာ ပေါင်းခံခုံကို မြုပ်တဲ့အထိ ရေထည့်ပေးပါ
- ပြီးတာနဲ့ အာတာလွတ်ဥ ထည့်ထားသော ပေါင်းခံဇကာကို ပေါင်းခံခုံပေါ်မှာ တင်ပေးပါ
- ပေါင်းအိုးအဖုံးကို ခလုတ်ကျအောင် ပိတ်ပေးကာ steam ခလုတ်ကို နှိပ်ပေးပြီး ငါးမိနစ် ချိန်ပေးကာ ပေါင်းပေးပါ
- ပေါင်းထားတဲ့အချိန် ပြည့်တာနဲ့ အိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးကာ အိုးအဖုံးကို ဖွင့်ပေးပါ
- အာတာလွတ်ဥကို မထူမပါးလေးတွေ လှီးပေးကာ ဆားနှင့်ဆီစိမ်း ထည့်ပေးကာ နယ်ပေးပါ
- ပြီးတာနဲ့ အာတာလွတ်ဥ ဆီဆမ်းကို စားသုံးဖို့ ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment