Saturday 22 July 2023

ငါးကြီးချဉ် ဆီပြန်ဟင်း

 









မာမာ အရင်ရက်က ငါးကြီးချဉ် လုပ်နည်းလေး မျှဝေပေး ခဲ့ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ငါးကြီးချဉ် ဆီပြန်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက် ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငါးကြီးချဉ် - ခြောက်တုံး
  2. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ကြက်သွန်ဖြူ - သုံးမွှာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. မန်ကျည်းသီးမှည့် - အနည်းငယ်
  7. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ငါးကြီးချဉ်ထဲမှ ထမင်းများကို ဖယ်ပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို အခွံခွာကာ ရေဆေးပြီး ငရုတ်သီး လုံးခြမ်းကွဲနှင့် ရောထောင်းပေးပါ
  • မန်ကျညါးသီးမှည့်ကို ရေနှင့်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေစိမ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
  • ငရုတ်သီးနံ့ သင်းလာပါက ငါးကြီးချဉ်များနှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ရေမခမ်းခင် ရေစိမ်ထားသော မန်ကျည်းသီးမှည့်ရည်ကို ထည့်မွှေပေးပြီး ရေခမ်းတဲ့အထိ ဆက်တည်ပေးပါ
  • ရေမခမ်းခင် အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာတဲ့အထိ ပြင်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက မီးပိတ်ပေးပြီးပါက ငါးကြီးချဉ်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment