ဒီနေ့တော့ ကြက်ဥ ဘဲဥတွေအစား ငုံးဥလေးတွေနဲ့ ချဉ်ရည်ဟင်း ချက်ဖြစ်ပါတယ် ချက်နည်းလေးကတော့ မကြာမကြာ ချက်ဖြစ်တဲ့ ကြက်ဥ ဘဲဥချဉ်ရည်ဟင်းတို့ ချက်တဲ့နည်း အတိုင်းဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ငုံးဥ - ငါးလုံး
- အာလူး - အလုံးနှစ်ဆယ်
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
- ချင်း - လက်တစ်ဆစ်
- မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
- ငုံးဥများကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာထားပါ
- အာလူးကို အခွံခွာပြီး လေးစိတ်စိတ်ကာ ရေဆေးထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
- ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
- ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
- ငရုတ်သီးနံ့မွှေးလာတာနဲ့အာလူးကိုထည့်ပေးပြီး ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးပြီး ဆီသတ်ပေးပါ
- ငံပြာရည်နံ့ သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
- ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ အာလူးနူးအောင် တည်ပေးပါ
- အာလူးနူးလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ဟင်းရည်အရသာ အနေတော် ရလာတာနဲ့ ငုံးဥများကို ထည့်ပေးကာ တည်ပေးပါ
- ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးပြီးတာနဲ့ ငုံးဥချဉ်ရည်ဟင်းကို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment